30/08/2026
ရိုက်ထားတဲ့ ဓာတ်ပုံတွေ .. Save ထားတဲ့ video တွေနဲ့ တက်လာတဲ့ Notification တွေရဲ့ အပြင်ဘက်မှာ တကယ့် “လက်တွေ့ဘဝ”ဆိုတာရှိနေပါတယ်။ 📱✨
နေဝင်ဆည်းဆာကိုမြင်တဲ့အခါ ဖုန်းနဲ့ဘယ်လို အကောင်းဆုံးမှတ်တမ်းတင်မလဲလို့ စဥ်းစားနေမိပြီလား 🌇
သူငယ်ချင်း၊မိသားစုတွေနဲ့ ဆုံတဲ့အချိန်မှာ ဖုန်းသုံးနေမိပြီလား 🧑🧑🧒🧒
ကျွန်တော်တို့တွေဟာ Screen သေးသေးလေး တစ်ခုပေါ်မှာမြင်တွေ့နေရတဲ့ သတင်းတွေ၊ ဖျော်ဖြေမှုတွေ ၊ စကားသံတွေနဲ့ နစ်မွန်းရင်းနဲ့ တကယ်အရေးကြီး လှတဲ့ ”လက်တွေ့ဘဝ”ကို ဆုံးရှုံးနေကြရတာပါ။🥺
တကယ်တော့ကျွန်တော်တို့တတွေဟာ အလှဆုံးနေဝင်ဆည်းဆာ ဓာတ်ပုံက ရတဲ့ Like တစ်ခုထက် အပြင်မှာ ရရှိတဲ့ နေဝင်ဆည်းဆာအချိန်နဲ့ ဘေးနားမှာ အတူရှိနေတဲ့ချစ်ရတဲ့သူတွေကပိုပြီး အရေးပါတယ်ဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။🥺 ဒါ့ကြောင့် Screen အပြင်ဘက်က လက်တွေ့ဘဝကိုပြန်လည် ခံစားဖို့ အတွက်ဒီအချက်လေးတွေကိုလုပ်ဆောင်သင့်ပါတယ်✅
တစ်နေ့ကို အနည်းဆုံး (၁)နာရီ လောက် ဖုန်းကို အဝေးမှာထားပြီး Digital Detox လုပ်ကြည့်ပါ ⏳
လှပတဲ့မြင်ကွင်းတွေ၊ အခိုက်အတန့်တွေကို ခံစားတဲ့အချိန်မှာ နှလုံးသားထဲမှာ အရင်ဆုံး သိမ်းဆည်းမှတ်တမ်းတင်လိုက်ပါ🌇
ကိုယ့်ချစ်ရတဲ့သူတွေနဲ့ အတူရှိချိန်မှာ ဖုန်းမသုံးပဲ တန်ဖိုးရှိဖိုးရှိတဲ့ အမှတ်တရတွေကို ဖန်တီးပါ 🧑🧑🧒🧒✨
Screen ထဲက ကမ္ဘာကြီးက ဗဟုသုတတွေပေးကောင်းပေးနိုင်ပေမယ့် တကယ့် သက်ဝင်လှုပ်ရှားမှုနဲ့ အမှတ်တရတွေက Screen အပြင်ဘက်မှာရှိတာမလို့ ဒီ post လေးကို ဖတ်ပြီးတာနဲ့ ဖုန်းလေးကို ခဏပိတ်ပြီး လက်တွေ့ဘဝကိုပြန်ပြီး အသက်သွင်းလိုက်ကြရအောင်နော်..👀💙