Amara USA Supplements

Amara USA Supplements Vitamin/Supplements

02/09/2026

🔹L-Carnitine

အမဲသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကြက်သား နှင့် ငါး၊ ထောပတ်သီး၊ ဂျုံကြမ်း ပေါင်မုန့်၊ ကညွတ်၊ ထိုဖူးချဉ်၊ မြေပဲထောပတ် တွေကနေ ရနိုင်ပါတယ်၊ ခန္ဓာကိုယ်ကလည်း ထုတ်လုပ်ပါတယ်။

၁။ အာရုံကြောရောဂါ နှလုံးရောဂါတွေအတွက် အလွန်ကောင်းပါတယ်၊

၂။ အဆီမှ စွမ်းအင်သို့ ပြောင်းလဲပေးရန် ကူညီပေးပါတယ်၊

၃။ ကိုယ်အလေးချိန်လျော့ချရန် ပံ့ပိုးပေးပြီး အားကစားသမားများ ခန္ဓာကိုယ်တည်ဆောက်ခြင်း၌ တိုးမြှင့် ကောင်းမွန်စေပါတယ်၊

၄။ ဦးနှောက်နှင့် အာရုံကြောကိုပါ ထောက်ပံ့ပေးသည်၊ အယ်ဇိုင်းမား ရောဂါတွေမှာ အသုံးပြုကြပါတယ်။

✨Carnitine ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပါတယ်။

အရင်ကလည်းရေးပေးပြီးသားပါ။

အတိုကောက်အနေနဲ့ပြောရရင် ကလာပ်စည်းစွမ်းအင်ထုတ်လုပ်ရေး မှာအလွန်အရေးပါပါတယ်။

Long chain fatty acids အဆီ ( စွမ်းအင်တွေ အများဆုံးထုတ်နိုင်တဲ့လောက်စာ) ကို ကလာပ်စည်းထဲ ကို သယ်ယူ ပို့ဆောင်ပေးပြီး၊ ကလာပ်စည်းမှ ထွက်လာတဲ့ အညစ်အကြေးတွေ ကို ကလာပ်စည်း အပြင် ကို ပြန်သယ်ထုတ်သွားပေးတဲ့ ပရိုတင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ ဖြစ်ပါတယ်။

A number of compounds including L-carnitine, acetyl-L-carnitine, and propionyl-L-carnitine.
Acetyl L Carnitine က blood brain barrier ကို ဖြတ်နိုင်တာမို့ ဦးနှောက်နဲ့ အာရုံကြောရောဂါ သည် တွေ အတွက် ပိုသင့်တော်ပါတယ်။

သူက အသားဓာတ်မှာသာပါတာမို့ နှစ်ရှည်လများ သက်သတ်လွတ် စားသူများမှာ Carnitine ဓာတ် ချို့တဲ့ နေတတ်ပါတယ်။

တစ်နေ့လျှင် 500mg မှ 1000mg အထိ သောက်ကြပါသည်။

🔸အမေး အဖြေ ကဏ္ဍ-

မေး-
L Carnitine နဲ့ Acetyl L Carnitine ဘယ် လို ကွာ ခြား ပါ သ လဲ ?

ဖြေ-
Amino acid ချင်း တူ ပေ မဲ့ လို့ ကွာခြား ချက် ရှိ ပါ တယ်။ ခန္ဓာကိုယ် ပေါ် အကျိုး သက် ရောက် မှု နည်း နည်း ကွာ ပါ တယ်။

✨L Carnitine က ခန္ဓာကိုယ် ထဲ မှာ ရှိ တဲ့ အဆီ တွေ ကို ကလာပ်စည်း ထဲ ဝင် အောင် သယ်ယူ ပို့ ဆောင် ပြီး စွမ်း အင် အဖြစ် ကလာပ်စည်း က ပြောင်း ပြစ် လိုက် ပါ တယ်။
လေ့ကျင့်ခန်း လုပ် သူ တွေ၊ နှလုံးရောဂါ ရှင် တွေ အတွက် အလွန် သင့် တော် သည့် ဓာတ်စာ ဖြစ် ပါ တယ်။

✨Acetyl L Carnitine က processed form of L Carnitine ဖြစ် ပါ တယ်။

သူ က Acetyl group ရှိ တာ ကြောင့် blood brain barrier ကို ဖြတ် နိုင် စွမ်း ရှိ တာ မို့ ဦးနှောက်နဲ့ အာရုံကြော သမား တွေ အတွက် အလွန် ကောင်း ပါ တယ်။

ဦးနှောက် ရဲ့ အချက်ပေး ဖြစ်တဲ့ neurotransmitter ကို ထုတ် လုပ် ပေး နိုင် တဲ့ ဓာတ် acetylcholine ကို ထုတ် လုပ် ပေး နိုင် ရန် လည်း acetyl group ရှိ ပါ တယ်။

သူ က လဲ L Carnitine လို အဆီ ကို ကလာပ်စည်း ထဲ ရောက် အောင် ပို့ ပေး နိုင် ပြီး စွမ်းအင် တွေ ထွက် စေ ပါ တယ်။ ဒီနေရာ မှာ L Carnitine လောက် တော့ မစွမ်း ပါ။

အတိုချုံး ပြီး ပြော ရ မယ် ဆို ရင် တော့ ----

ဒီ ဓာတ်စာ တွေ ဟာ ဦးနှောက်နဲ့ အာရုံကြော တွေ ၊ နှလုံး နဲ့ သွေးကြော တွေ၊ ကြွက်သား တွေ အတွက် အလွန် ကောင်း ပါ တယ်။

တစ်ယောက် နဲ့ တစ်ယောက် လိုအပ် ချက် ခြင်း မတူ ကြ တာ မို့ ကိုယ် နဲ့ သင့် တော် မဲ့ compound ကို ရွေး ပြီး အသုံး ပြု နိုင် ပါ တယ်။
*လေးစားစွာဖြင့်-
To A Better Health

USA Supplements

02/09/2026

🌿ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်း၏
ကျန်းမာရေး ဟောပြောချက်ကို
ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်ရှင့်။
*လေးစားစွာဖြင့်-
To A Better Health(Dr.Daw Khin Nwe Win)

USA Supplements

02/09/2026

🔸ဆီးချိုရောဂါအကြောင်း သိကောင်းစရာ-

ဆရာမကြီး၏
ဆီးချိုရောဂါအကြောင်း သိကောင်းစရာမှ
ကူးယူမျှဝေပါသည်။

ဆီးချိုရောဂါအကြောင်း နားလည်ရအောင် ဗဟုသုတ ပေးနေခြင်းသာ
ဖြစ်ပါတယ်။ကိုယ့်ရောဂါအကြောင်းကိုယ်သေသေချာချာနားလည်မယ်
ဆိုရင် ရောဂါမှသက်သာလာဖို့ လမ်းများပါတယ်။အဓိကကြတာက အစား
အသောက် အနေအထိုင်ဖြစ်တာမို့၊ ရောဂါမှသက်သာလာနိုင်စေဖို့ဟာ
လူနာရှင်ပေါ်မှာ အများကြီးတည်နေပါတယ်။ဗဟုသုတလည်းရှိမယ်၊
ဆန္ဒလေးလည်းရှိမယ်၊ စိတ်လည်းဝင်စားမယ်၊ ဝီရိယလေးပါစိုက် လိုက်မယ်ဆိုရင်
ရောဂါကို အောင်မြင်နိုင်သူဖြစ်ဖို့လမ်းများပါတယ်။ အသက်ကြီးမှ
ဖြစ်လာတဲ့ဆီးချိုရောဂါ အကြောင်းသာ အဓိကထားပြီး တင်ပြသွားမှာဖြစ်ပါတယ်။

အင်္ဂလိပ်လိုဆိုရင် Type 2 Diabetes လို့ခေါ်ပါတယ်။

ခက်တာက အခုနောက်ပိုင်း ကမ္ဘာတဝှမ်းလုံးမှာ လူရွယ်ပိုင်း၊ လူငယ်
ပိုင်း၊ အချို့ဆယ်ကျော်သက်တွေမှာတောင်ဖြစ်နေကြပါတယ်။ ၂၁ရာစုမှာ
ဆီးချိုရောဂါဟာ သူ့ရဲ့နောက်ဆက်တွဲ ရောဂါများနဲ့အတူ ကမ္ဘာတဝှမ်း
လုံးမှာ အဖြစ်များလာတာကို တွေ့နေရပါတယ်။

တဖြေးဖြေးနဲ့ ပိုဆိုးလာတဲ့ နာတာရှည် ရောဂါတစ်မျိုးပါဘဲ။ Chronic
progressive disease. ဆီးချိုဖြစ်လာပြီဆိုရင် လူအများစု သိနေကြ
တာကတော့ ဒီရောဂါဟာ တသက်လုံးမပျောက်နိုင်တော့ဘဲထိန်းထားလို့သာ
ရနိုင်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ သို့ပါသော်လည်းသုတေသန အသစ်တွေ၊ရောဂါ အကြောင်း နားလည်မှု ရှိစေရန် ရှုထောင့်
အမျိုးမျိုးကနေ ပြန်လည် သုံးသပ်တဲ့အခါ ရောဂါမှ သက်သာလာရအောင်
ရိုးရိုး ရှင်းရှင်းလေးနဲ့ လုပ်နိုင်ချေ ရှိတယ်ဆိုတာ သိလာတာကြောင့် ရောဂါ
ခံစားနေကြတဲ့ သူတွေအတွက်ရယ်ရောဂါရဲ့နောက်ဆက်တွဲ
ပြဿနာတွေအတွက်ရယ်ပါ အလင်းတန်းကလေးတစ်ခု
ပေါ်ထွက်လာပါတယ်။ Guiding light ကလေးပါဘဲ။

သဘောပေါက် စေချင်တဲ့အချက်ကတော့ ဆီးချိုရောဂါဆိုတာ အစား
အသောက်အနေအထိုင်ကို အဓိကထားပြီး ပြုပြင်လိုက်နိုင်မယ်ဆိုရင်
ဒီရောဂါဖြစ်မလာအောင်လဲ လုပ်လို့ရတယ်၊ ရောဂါဖြစ်လာရင်လည်း
ပျောက်အောင်ကုသနိုင်ချေရှိတယ်ဆိုတာပါဘဲ။

✨ဆီးချိုရောဂါဆိုတာဘာပါလဲ...?

သွေးဖောက်စစ်ကြည့်ပြီးသကြားဓာတ်ကိုတိုင်းကြည့်တဲ့အခါ

1. နံနက် စောစော အစာမစားခင် တိုင်းကြည့်သည့် သွေးထဲရှိသကြား
ပမာဏဟာ126mg/dLနှင့်အထက်မှာရှိနေပြီဆိုရင် ဆီးချိုဖြစ် နေတယ်လို့ဆိုနိုင်ပါတယ်။

2. Hemoglobin A1c - 6.5% အထက်ဆိုရင် ဆီးချိုရောဂါလို့
သတ်မှတ်ပါတယ်။ 5.7% - 6.4% ဆိုရင် Prediabetesလို့ခေါ်တဲ့
ဆီးချိုဖြစ်ခါနီးအဆင့်ရယ်လို့သတ်မှတ်ထားပါတယ်။ 5.7%
အောက်မှာဆိုရင် ပုံမှန်ရယ်လို့သတ်မှတ်ပါတယ်။

3. အစာမစားခင် မဟုတ်ဘဲ ရှောင်တခင်သွေးဖောက်ကြည့်လိုက်လို့
သကြားဓာတ်ဟာ 200mg/dL ရှိနေပြီး ဆီးချိုရောဂါရဲ့ လက္ခဏာတွေ
ပါရှိနေမယ်ဆိုရင် ဆီးချိုရောဂါရှိ နေပြီလို့သတ်မှတ်နိုင်ပါတယ်။

✨ဆီးချိုရောဂါရဲ့နောက်ဆက်တွဲရောဂါတွေဆိုတာဘာတွေပါလဲ?

မျက်ကြည်လွှာ ပျက်စီးခြင်းမျက်လုံးကွယ်သွားနိုင်ခြင်းကျောက်ကပ်
ပျက်စီးခြင်း၊ နပ်ကြောတွေထုံကျင်ခြင်း၊ ပူခြင်း၊ နာခြင်း သွေး
ကြောတွေကျစ်လစ်ကုန်ခြင်း နှလုံးရောဂါလေဖြတ်ခြင်း
ကြွက်တက်ခြင်း၊ အနာမကျက်ခြင်း၊ ခြေထောက်ပုတ်ခြင်း၊ခြေဖြတ်ခံရခြင်း
သတိမေ့ပြီး လုပ်ရိုးလုပ်စဉ် အလုပ်တွေ မလုပ်နိုင်တော့ခြင်း၊ပြုလုပ်နေကျ
အပြုအမူတွေ ပြောင်းလဲသွားခြင်း ကင်ဆာရောဂါ ဖြစ်များခြင်း
အသည်းအဆီဖုံးခြင်း ပိုးမျိုးစုံဝင်တတ်ခြင်း bacteria,viral,
fungus အမျိုးသားတွေမှာ ပန်းသေတတ်ခြင်း အမျိုးသမီးတွေ
သားဥအိမ်မှာ ရေအိတ်ဖြစ်၊ ရာသီမမှန်၊ နှုတ်ခမ်းမွှေးပေါက် ၊ ကိုယ်
အလေးချိန်တက် ဆီးချိုရောဂါနဲ့ အတူနောက်ဆက်တွဲ ရောဂါတွေဟာ
တကိုယ်လုံးကို ဖျက်စီးနိုင်တာ မို့အရေးပေးအလေးထားပြီး ကုသကြရပါမယ်။

ကုတယ်ဆိုတာကလဲ အဓိက အကြောင်းရယ်၊ ပါဝင်ဖြည့်စွက်နေတဲ့ အကြောင်းတွေ အားလုံးကိုပါ ပြုပြင်ရမှာဖြစ်ပါတယ်။

✨ဆီးချိုဖြစ်ရခြင်း_အကြောင်းတွေဟာ_ဘာတွေပါလဲ?

အဓိကအကြောင်းကတော့ အင်္ဂလိပ်လိုInsulin resistanceပါဘဲ။
ဆေးပညာလောကမှ မဟုတ်သူများ အတွက်အတော်လေး နားလည်ဖို့
ခက်ပါလိမ့်မယ်။သို့ပါသော်လည်း နားလည်ဖို့ အရေးကြီးတာမို့ထပ်ပြီး
ရှင်းပြရမှာဖြစ်ပါတယ်။

အင်ဆူလင်ဆိုတာ မုန့်ချိုအိပ်က ထုတ်ပေးတဲ့ ဟော်မုန်းဓာတ်ဖြစ်ပါတယ်။
ကဆီဓာတ်၊ သကြား၊ ပရိုတင်း တွေစားတဲ့အခါထုတ်ပေးတဲ့ဟော်မုန်း
ဖြစ်ပါတယ်။

အင်ဆူလင်ရဲ့ အလုပ်ကသွေးထဲမှာရှိ နေတဲ့သကြားတွေကို ကလာပ်စည်း
အတွင်းသို့ တွန်းပို့ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ သူ့ရဲ့နောက်လုပ်ဆောင်
ချက် တစ်ခုကတော့ ကလာပ်စည်းထဲမှာပိုနေတဲ့ သကြားတွေကို
အဆီပြောင်းပစ်ရန် အချက်ပေးတဲ့ အလုပ်ဖြစ်ပါတယ်။ ကဆီဓာတ်၊
သကြားအစားများလာတဲ့အခါ ၊ တဖြေးဖြေးနဲ့ ကလာပ်စည်းထဲမှာလည်း
သကြားတွေများလာပါတယ်။ သိပ်များပြီးပြည့်လာတဲ့အခါ နောက်ထပ် သကြားတွေကို ကလာပ်စည်းကနေ ဆက်ပြီးလက်ခံဖို့ ငြင်းဆန်လာပါတယ်
အင်ဆူလင်တွန်းပို့တာကို လက်မခံနိုင်တော့တာပါ။ ဒါကိုဘဲ အင်ဆူလင်
ယဉ်ပါးခြင်းလို့ခေါ်ပါတယ်။ Insulin resistance.

ဒီအခါမှာ တွန်းအားပိုရှိရအောင်မုန့်ချိုအိပ်က အင်ဆူလင်တွေ
ပိုထုတ်ပါတယ်။သွေးထဲမှာအင်ဆူလင်တွေပိုများလာပြီ ဖြစ်ပါတယ်။

Hyperinsulinemia.အင်အားများများနဲ့ အတင်းတွန်းပို့တဲ့ အခါ
ကလာပ်စည်းထဲကို သကြားတွေထပ်ဝင်သွား ပြန်ပါတယ်။

ဒီတော့ကာ အတိုချုံး အားဖြင့်ပြန်ပြောရ မယ်ဆိုရင် ဆီးချို
လူနာရဲ့ သွေးထဲမှာ ဖြစ်နေတဲ့ပြောင်းလဲချက်တွေကတော့ ...

1.သွေးထဲမှာ သကြားတွေများနေမယ်။ hyperglycemia

2.သွေးထဲမှာ အင်ဆူလင်တွေ hyperinsulinemian ကလာပ်
စည်းကသွေးထဲက သကြားတွေ ကို ထပ်ပြီးအဝင်မခံနိုင်၊ လက်မ
ခံနိုင်တော့တာမို့ အပိုတွန်းအားလို တာကြောင့် မုန့်ချိုအိပ်က အင်ဆူလင်တိုးထုတ်ရလို့ပါ။

3.ကလာပ်စည်းတွေက သကြားတွေနဲ့ ပြည့်နေပြီမို့ အင်ဆူလင် တွန်းပို့တာကို
ငြင်းဆန်နေမယ် insulin resistance ဒီအချက်သုံးချက်ကို သဘောပေါက်
နားလည်ဖို့ အလွန်အရေးကြီးပါတယ်။

ရောဂါကို ပျောက်ကင်း သက်သာလာရအောင် ကုကြတော့ မယ်ဆိုရင်
ကိုယ့် ခန္ဓာကိုယ်အခြေအနေကို သိရ အောင်သွေးဖောက်ကြည့်နိုင်မယ်
ဆိုရင်ပိုကောင်းပါတယ်။

✨စစ်ကြည့်သင့်သောသွေးစစ်ချက်များမှာ-

1. Complete blood count သွေးနီဥ၊ သွေးဖြူဥ၊သွေးဥမွှား အခြေအနေ

2. Serun Chemistry သတ္ထုဓာတ်များ၊ကျောက်ကပ်အခြေအနေ အကြမ်းဖြင်း

3.Liver enzymes အသည်းအင်ဇိုင်းများ

4. Fasting Insulin နံနက် စောစော အစာမစားမီ အင်ဆူလင် ပမာဏ

5. Fasting blood sugar နံနက်စာ မစားမီ သွေးထဲမှာရှိနေတဲ့ သကြား ပမာဏ

3.Liver microlU/mL ပမာဏ

6.HbA1c

7. hs CRP ခန္ဓာကိုယ်ရောင် ကိုင်းခြင်း သင်္ကေတ တစ်ခုဖြစ်ပါတယ်။

8.Homocysteine ရောင်ကိုင်းခြင်း သင်္ကေတ

9. Triglycerides ဥပါဒ်ပေးတတ်သော အဆီတစ်မျိုး

10.VLDL ဥပါဒ်ပေးတတ်သော ကိုလက်စရော

11.BUN, Creatinine ကျောက်ကပ်အခြေအနေသိရန်

12. Creatinine clearance ကျောက်ကပ် စွမ်းဆောင်မှု
အနေအထား စစ်ဆေးခြင်း

13. Urinalysis ဆီးစစ်ကြည့်ခြင်း။ ပရိုတင်းဓာတ် ယိုစိမ့်မှု ရှိမရှိ၊ အခြား
ကျောက်ကပ်ပျက်စပြုသည့်သင်္ကေတများ

14. Ultrasound of abdomen for fatty liver.
ဗိုက်အာထရာဆောင်းရိုက်ပြီး အသည်းအဆီဖုံးအခြေအနေ

15. Uric acid 16.25 hydroxy vitamin D ပမာဏ

17. Free T3, FreeT4, TSH, TPO, Thyroglobulin, TSH receptor
antibody သိုင်းရွိုက်စစ် ဆေးခြင်း( ဆီးချို ရောဂါသည်တွေ အတွက်
အလွန် အရေးကြီးပါသည်)

18. Ophthalmology also examination မျက်စိစစ်ဆေးကြည့်ခြင်း

19. Vitamin B12 assay ဗီတာမင် ဘီ၁၂ စစ်ဆေးကြည့်ခြင်း

ဆီးချို ရောဂါဖြစ် မလာအောင်ရယ်၊ ရောဂါရှိနေပြီဆိုရင်လဲ ရောဂါမှ သက်သာလာ အောင်ရယ်၊ ဖြစ်နိုင်မယ်ဆိုရင် ရောဂါပျောက်ကင်းအောင်ရယ် ကြိုးစားကြရမှာဖြစ်ပါတယ်။
ကိုယ့်အခြေ အနေ သေသေချာချာ သိသွားရ အောင်သွေးစစ်ကြည့်လိုက်ပါ။

ခန္ဓာကိုယ် ရောင်ကိုင်းခြင်း အခြေအနေ ကျောက်ကပ်
အခြေ အနေ သတ္တုဓာတ်တွေရဲ့ အခြေအနေ ဥပါဒ်ပြုနိုင်သည့်
အဆီ ပမာဏသွေးထဲမှာ သကြားပမာဏ အင်ဆူလင်ပမာဏ

( အင်ဆူလင်များ နေရင်ကောင်းသော လက္ခဏာ မဟုတ်ပါ )

အသည်းအဆီဖုံးနေပြီလား ဆီးထဲမှာပရိုတင်းတွေ ယိုစပြုနေပြီလား
သိုင်းရွက် အခြေအနေ Vitamin Dအခြေအနေစသည်ဖြင့်ကိုယ့်
အခြေအနေ ကိုယ်သိသွားနိုင်ပါလိမ့်မယ်။

✨လိုက်နာသင့်သောနည်း_အဆင့်ဆင့်ကို_ဖော်ပြသွားပါမယ်။

1. -Vitamin D နည်းနေရင် D3 ကိုသောက်ပါ။ ဖြစ်နိုင်မယ်ဆိုရင်
အနည်းဆုံး 50mg/mlတင်လိုက်နိုင်ရင်ကောင်းပါတယ်။ အချို့ လူတွေမှာ မွေးရာပါvitamin D receptor problem ရှိနေပါတယ်။
ဆိုလိုချင်တာက သွေးထဲမှာပမာဏကောင်းပါသော်လည်း
vitamin D ဟာ ကလာပ်စည်းထဲမှာအလုပ်
မလုပ်နိုင်သူများ ဖြစ်ပါတယ်။ ဒါကြောင့်လဲ
ဗီတာမင်ဒီရဲ့ အကူဓာတ်များကိုပါ
မှီဝဲပေးနိုင်မယ်ဆိုရင်ပိုပြီး ထိရောက်နိုင်ပါတယ်။
အကူဓာတ်တွေကတော့

-Magnesium maleate/ citrate/glycinate
( oxide က ဝမ်းလျောတတ်ပါသည်။
သွေးထဲသို့ စုတ်ယူအားလဲမကောင်းပါ )

-Super K

-Omega3 EPA/ DHA

-Zinc

-Boron 3 mg
စသည်ဖြင့်ဖြစ်ပါတယ်။

Vitamin D ပမာဏ တက်လာတာနဲ့ အမျှသွေးထဲက သကြားပိုမို ထိန်းနိုင်
လာတာကိုတွေ့ရပါလိမ့်မယ်။

2 Thyroid စစ်ကြည့်လို့ Thyroid hormone လိုနေမယ်ဆိုရင်
ဖြည့်စွက်စာအနေဖြင့်သောက်ရင် ဆီးချိုထိန်းထားနိုင်မှုပိုထိရောက်
လာတာကို တွေ့ နိုင်ပါတယ်။ အဖြေတွေကို ကြည့်တဲ့အခါမှာတော့
နားလည်သူ ဆေးပညာလောကမှ အကြံတောင်းယူ သင့်ပါတယ်။

အဖြေတွေကို ဖတ်တဲ့အခါနားလည်ဖို့လိုပါတယ်။ တခါတရံသွေး
အဖြေနဲ့တောင် မလုံလောက်တာတွေရှိနေပါတယ်။ ကိုယ့်မှာဖြစ်နေတဲ့
လက္ခဏာတွေ၊ ခန္ဓာကိုယ် အပူချိန်၊ နှလုံးခုန်နှုံးကိုလည်းကြည့်ရပါတယ်။

Thyroid hormone ဟာ ကလာပ်စည်း အတွင်း ဇီဝဖြစ်စဉ် ကောင်းမွန်စွာဖြစ်နိုင်ရေး အတွက် အချက်ပြပေး သည့် ဟော်မုန်းဓာတ်ဖြစ်နေလို့ပါဘဲ။

Chemical messenger for metabolism.

3. အစား အသောက် အနေ အထိုင်ကိုပြုပြင်ကြရမှာ ဖြစ်ပါတယ်။
သင့်တော်သည့်အစား အသောက်ကို ရွေးချယ်ပြီး သင့်တော်သည့်
အချိန်တွေမှာစားသောက်သင့်တာဖြစ်ပါတယ်။ ကဆီဓာတ်၊ သကြား
စသည့် carbohydratesတွေကိုလျှော့နိုင် သမျှလျှော့ရင်
ကောင်းပါတယ်။

✨ဘာဖြစ်လို့လဲဆိုတော့ -

- သကြားဟာအူက နေစုတ်ယူပြီးသွေးထဲကနေ တဆင့် အသည်းထဲ ကို
တန်းရောက်သွားပါတယ်။ မုန့်ချိုအိပ်က အင်ဆူလင် ဟော်မုန်း တွေထုတ်ပါ
တော့တယ်။ အင်ဆူလင် ဟော်မုန်းဟာ သကြားတွေကို ကလာပ်စည်းထဲ ကို
တွန်းပို့ပါတယ်။ တဖြည်းဖြည်းနဲ့ အသည်း ကလာပ်စည်းထဲ မှာသကြားတွေ
စုပုံလာပါတယ်။ အသည်းထဲမှာပိုနေ တဲ့သကြားတွေကို ရှေးဦးစွာ သကြား
အစုအဝေး glycogen အနေနဲ့ သိမ်းဆည်းထားပါတယ်။

Glycogen တွေနဲ့ပြည့်လာတဲ့ အခါအပို သကြားတွေကို
အဆီအဖြစ်စတင်ပြောင်းပါတော့တယ်။ De novo lipogenesis.
အသည်း အဆီဖုံးတဲ့ ပြဿနာစတင်ပါပြီ။

ဆက်စားနေမယ်ဆိုရင် အသည်းမှာလဲ ထားစရာ နေရာမရှိတော့တာမို့
တကိုယ်လုံးသို့ပို့ ပေးပါတော့တယ်။ Triglycerides/ VLDL အနေနဲ့ဖြစ်ပါ
တယ်။ ကျောက်ကပ်ဆီပို့တဲ့ အခါကျောက်ကပ်လည်း အဆီဖုံးပါပြီ။

အဆီတွေနဲ့ပြည့်လာတဲ့ ကျောက်ကပ်ဟာလည်းလုပ်ရိုး လုပ်စဉ်အလုပ်တွေကို
ကောင်းကောင်း မလုပ်နိုင်တော့ပါ။ မုန့်ချိုအိပ်လဲ ထိုနည်းလည်းကောင်း
ဖြစ်ပါတယ်။ သွေးကြောတွေလဲ အဆီတွေနဲ့ ပိတ်ကုန်တတ်ပါတယ်။

နှလုံးသွေးကြော၊ ဦးနှောက် သွေးကြောစသည်ဖြင့် ဖြစ်ပါတယ်။ အသီး
သကြားဖြစ်တဲ့ fructose သကြားကိုလဲ ရှောင်သင့်ပါတယ်။
အချိုရည်ဗူးတွေ၊အချိုများတဲ့ အသီးတွေ၊ ပြုပြင်ပြီး
အစားအသောက်တွေ processed foods
အပါအဝင်ပေါ့။ ပြုပြင်ပြီး အစား အသောက်တွေလဲ ရှောင်သင့်ပါတယ်။

ဖြစ်နိုင်မယ်ဆိုရင်အိမ်မှာ လတ်လတ် ဆတ်ဆတ် ချက်စားစေချင်ပါတယ်။

ကဆီဓာတ် အစား အသား အနည်းငယ်နဲ့ အဆီစားရင် သင့်တော်မယ်လို့ထင်ပါတယ်။ ဟင်းသီးဟင်းရွက်ကိုသေသေချာချာရေဆေးပြီးမှစားပါ။

4. အချိန်ခြားပြီး စားသောက် ခြင်း intermittent fasting အတော်လေး
ထိရောက်တဲ့နည်းဖြစ်ပါတယ်။

အထူးသဖြင့် အသည်းအဆီဖုံး နေသူများ၊ကျောက်ကပ် အဆီဖုံး
နေသူများ မုန့်ချိုအိပ် အဆီဖုံး နေသူများ လိုက်နာကြည့်သင့်ပါတယ်။

အချိန်ခြားပြီး စားသောက်တဲ့နည်းတွေက အမျိုးမျိုးရှိပါတယ်။

အချို့ စိတ်ဓာတ် အင်အား စွမ်းနိုင်သူများကတော့ ၂၄ နာရီ၊ ၃၆ နာရီ
စသည်ဖြင့်ကျင့်သုံးသူတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဟာ
လုံးဝမတူ ကြတာမို့ ကိုယ်လိုက်နာနိုင်မဲ့နည်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

အစား အသောက်နဲ့ ပတ်သက်လာရင် လိုက်နာရတာ အခက်ဆုံးဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ အချိန် အတိုင်းအတာ တစ်ခု( အနည်းဆုံး ၁၂ နာရီမှ
၁၈ နာရီ အထိ ) မှာ မစားဘဲနေရင် ခန္ဓာကိုယ်က အဓိက သကြားဓာတ်
မရနိုင်တာမို့၊ ကလာပ်စည်းထဲမှာ သိုလှောင်ထားတဲ့ သကြား/ အဆီ
တွေကိုစတင် အသုံးချမှာဖြစ်ပြီး အသည်း ၊ ကျောက်ကပ်၊ မုန့်ချိုအိပ်မှာ
စုပုံနေတဲ့အဆီတွေဟာ တဖြေးဖြေး လောင်စာ အနေနဲ့ အသုံးချခံရပြီး
ပမာဏ လျော့ကျလာမှာဖြစ်ပါတယ်။ ကလာပ်စည်းထဲက အဆီတွေ
လျော့ကျလာတာနဲ့အမျှ၊ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ သူတို့
ဆိုင်ရာအလုပ်တွေကို ပြန်လုပ်နိုင်လာပါလိမ့်မယ်။ ဆီးချိုလဲ
ထိန်းနိုင်လာ၊ သွေးတိုးလဲ အထိုက်အလျောက်သက်သာလာ ၊ ခန္ဓာကိုယ်
အလေးချိန်လဲ တဖြေးဖြေးကျလာ၊ ဗိုက်ပူလာတာလဲ လျော့လာ၊
နေရထိုင်ရတာလဲ ပေါ့ပါးပြီးခေါင်းကြည့်နေတာလဲ သတိထား
လာပါလိမ့်မယ်။ ဇီဝဗေဒ ကျကျ ပြောရရင်ဖြင့် သွေးထဲမှ အင်ဆူလင်
ပမာဏ စတင်ကျဆင်းလာတာ ဖြစ်ပါတယ်။ အလွန် အရေးကြီးသည့် အချက်ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အင်ဆူလင်ရဲ့ အဓိကလုပ်ဆောင်ချက်နှစ်ချက်ဟာသွေးထဲရှိ
သကြားကို ကလာပ်စည်းထဲထည့်ပေးဖို့ရယ် ကလာပ်စည်းထဲမှာပိုနေတဲ့
သကြားတွေကိုအဆီပြောင်းပေး ဖို့ရယ်ဖြစ်နေလို့ပါဘဲ။

နောက်တစ်ချက်ကတော့အင်ဆူလင်ဟာခန္ဓာကိုယ်ရောင်ကိုင်း စေပါသေးတယ်။

ဆီးချိုရောဂါဆိုတာ နှစ်ရှည်လများဖြစ်နေတဲ့ နာတာရှည် ရောဂါမို့
အချိန်တိုအတွင်း သက်သာလာနိုင်မယ်တော့ မထင်ပါ။

အချိန်ယူပြီး စိတ်ရှည်ရှည်ထားကာ ဝီရိယအားစိုက်ပြီး
ကြိုးစားလိုက်မယ်ဆိုရင် ရနိုင်ပါလိမ့်မယ်။ နေလို့
ပိုကောင်းလာပြီးသွေး အဖြေတွေလဲကောင်း၊
ကျောက်ကပ် အခြေအနေလဲတိုးတက်လာနေရင် အားတက်လာပြီး
ဆက်လက်လုပ်နိုင်ဖို့ တွန်းအားတစ်ခုဖြစ်သွားပါလိမ့်မယ်။ အရေးအကြီးဆုံးက ကိုယ့်ရဲ့ ဘဝ မှာပုံမှန်အလုပ် တစ်ခု
အနေနဲ့ထည့်သွင်းပြီး ရေရှည်လုပ်သွားရမှာမို့ ကိုယ်လုပ်နိုင်တဲ့ အချိန်
အတိုင်းအတာနဲ့စပြီး လုပ်စေချင်ပါတယ်။ သူများလုပ်နိုင်တိုင်း ကိုယ့်အခြေ
အနေကို သုံးသပ်ပြီးမှသာ ကိုယ်ရေရှည်လိုက်နာနိုင်မဲ့နည်းကို
ရွေးချယ်တာကောင်းပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအနေနဲ့
အစာမစားဘဲနေရမှာအတော်လေးခက်တဲ့ အလုပ်ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ နေ့လည်စာကို နည်းနည်း နောက်ကျမှစားပြီး
ညစာကိုမစားဘဲ နေလိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်မယ်ဆိုရင်
၁၈ နာရီလောက်က အသာလေးရနိုင်ပါတယ်။မှန်မှန် လုပ်သွားနိုင်မယ်ဆိုရင်
သိသိသာသာ တဖြေးဖြေး တိုးတက်မှုကိုရလာနိုင်ပါတယ်။

အချို့ လူတွေက ၂၄ နာရီ၊ ၃၆ နာရီ၊ ၄၈ နာရီ မစားဘဲနေကြည့်သူ
တွေလဲရှိပါတယ်။ လူတိုင်းအတွက် လိုက်နာရန် ခက်ခဲပါလိမ့်မယ်။
ကျွန်မအမြင်ကတော့ ၁၈ နာရီ လောက်ဆိုတာ
လူအများစုလိုက်နာနိုင်တဲ့ နည်းဖြစ်
ပါတယ်။ တဖြေးဖြေးနဲ့တော့ရသွားမှာပါ။
ရောဂါအခြေအနေ ဘယ်လောက်
ဆိုးနေသလဲပေါ်မှာလဲ မူတည်နေပါသေးတယ်။

ဆေးထိုးဆေးသောက်နေကြတဲ့ဆီးချိုရောဂါသည်တွေကြတော့
မိမိတို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးဆေးကိုလိုတိုးပိုလျော့လုပ်သွားလို့ရနိုင်ပါတယ်။
အစာမစားတဲ့အချိန်မှာ သကြားဓာတ်ကျနိုင်တာမို့ မကြာခဏအိမ်မှာ သကြားကိုတိုင်းကြည့်နေဖို့လိုအပ်ပါတယ်။

ဆီးချိုလူနာတွေဟာ မိမိသကြားဓာတ်ကိုတိုင်း နေကျဖြစ်ပါတယ်။
သကြားဓာတ်ကျနေတဲ့အနေအထားကိုလဲသိသူများဖြစ်ပါတယ်။
လိုအပ်ရင်လဲပြန်စားပေးရမှာဖြစ်ပါတယ်။

တဖြေးဖြေးခြင်း အစား အသောက် စားတဲ့ပုံစံရယ်၊
အစားအသောက်ရွေးချယ်ပြီး စားတာရယ်နဲ့ ထိန်းသွားမယ်ဆိုရင်
ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီးချိုရောဂါဟာ အစားအသောက်
အနေထိုင်ကို အခြေခံပြီးဖြစ်လာတဲ့ ရောဂါဖြစ်နေလို့ပါ။

✨အချိန်ကာလခြားပြီး_စားခြင်းအလေ့အကျင့်မှရနိုင်သော_အကျိုးများ

ခန္ဓာကိုယ် အလေးချိန် လျော့လာနိုင်တယ်အဆီကျလာမယ်
ဦးနှောက် ကြည်လင်စေတယ်၊ရောင်ကိုင်းခြင်း
မှသက်သာစေတယ် သွေးထဲမှာ သကြားဓာတ်ကျလာမယ် အင်ဆူလင်
ပမာဏကျလာပြီး ခန္ဓာကိုယ်ရဲ့ အင်ဆူလင် အပေါ် တုန့်ပြန်မှုပြန်ကောင်းလာမယ်( reduce insulinresistance)
စွမ်းအင်တွေတက်လာနိုင်တယ်

အသက်ရှည်နိုင်တယ်ဇရာကို နှေးစေမယ်၊ နုပျိုလာနိုင်တယ်။
ခန္ဓာကိုယ်ရောင်ကိုင်းခြင်းလျော့လာမယ်။ သွေးပေါင်ချိန် လျော့လာနိုင်ပါတယ်။

အသည်းအဆီဖုံးတာ ဖြေးဖြေးလျော့ကျ လာနိုင်တယ်။
သွေးကြောကျစ်လစ်မှုလည်းလျော့ပါးလာနိုင်ပါတယ်။
အချိန်အတိုင်းအတာနဲ့ ချိန်ဆပြီး စားခြင်းဟာ အပိုငွေကုန် ကြေးကျ
လည်းမရှိ လွယ်လဲ လွယ်ကူ၊ ကိုယ့်ဘာသာကိုယ်လဲလုပ်လို့ရ၊
ကျန်းမာရေး အတွက်လည်းကောင်း၊ဆီးချိုလည်းထိန်းနိုင်လာ၊
ဆီးချိုရဲ့ နောက်ဆက်တွဲ ရောဂါတွေကိုပါ ဖယ်ရှားနိုင်ဖို့လမ်းကောင်း ဖြစ်ပါတယ်။

အဓိက ကတော့ရသ တဏှာကို ထိန်းလိုက်တာ ဖြစ်ပါတယ်၊ အကျိုး
တွေက အတော်လေး များပေမဲ့ လက်တွေ့ အားဖြင့်လုပ်ဖို့တော့ စိတ်အလို
လိုက်ခြင်းကို ထိန်းနိုင်ဖို့လေ့ကျင့် ပေးရပါလိမ့်မယ်။ ဒီတော့ကာ အနည်းငယ်
ထပ်လောင်းပြီး ပြောပြချင် တာကတော့ ဆာနေတယ်ဆိုတာ အဓိက
စိတ်ကဖြစ်နေတာပါ။

ဥပမာ - ရုံးအလုပ် သမားတစ်ဦးဟာ အလုပ်တွေများပြီး အာရုံက အလုပ်တွေ
မှာဘဲနှစ်နေရတဲ့အခါ နေ့လည်စာလွတ်သွားတာတွေလည်း ကြားဘူးကြမှာပေါ့။ စားဖို့ သတိမရနေတဲ့ အခါမှာ မစားဖြစ်တော့ပါဘူး။ အောက်ဖော်ပြပါ အချက်များကို လိုက်နာကြည့်စေချင်ပါတယ်။

သကြားတုများသုံးခြင်းကို ရှောင်ပါ။ သကြားတုတွေဟာ ဗိုက်ဆာခြင်းကို
ပိုမိုအားပေးတတ် ပါတယ်။ ကိုယ်က အစာမစား ချိန်မှာ ဟင်းချက်ခြင်း၊
ဟင်းအနံ့ များရှူခြင်း၊ စားဖွယ်သောက်ဖွယ် များကို ကြည့်ခြင်းစသည်တို့ကို
ရှောင်ရှားသင့်ပါတယ်။ စိတ်ကို အစားအစာ ဆီမရောက် သွားရအောင် ကိုယ်
ဝါသနာပါရာ အလုပ်တစ်ခုခုကို လုပ်နေလိုက်ပါ။ ဆာတယ်ဆိုတာ ဆက်တိုက်
ဖြစ်နေတာ မဟုတ်ပါ။ ဆာလာလိုက်၊ ဆာတဲ့ စိတ်ပျောက်သွားလိုက်နဲ့ဖြစ်နေ
တာပါ။ သိပ်ဆာလာတာကို မခံနိုင်တော့ဘူးဆိုရင် ကော်ဖီကြမ်း၊ လက်ဖက်
ရည်ကြမ်းသောက်နိုင်ပါတယ်။ နောက်ဆုံးမရ တော့ဖူးဆိုရင် အရိုးပြုတ်ရည်
ကိုအဖတ်မပါဘဲ သောက်နိုင်ပါတယ်။

✨Fasting_မလုပ်သင့်သော_သူများမှာ -

- အစာရေစာ ချို့တဲ့ နေသူများ ကိုယ်ဝန်ဆောင် မိခင်များ ကလေး နို့တိုက်
နေသော မိခင်များ ၁၈နှစ်အောက် ကလေးများ ဖြစ်ပါတယ်။ အချို့လူတွေကြ
တော့ မိမိဆရာဝန်နှင့် တိုင်ပင်အကြံဥာဏ် တောင်းယူပြီး fasting
လုပ်ကြည့်နိုင်ပါတယ်။ Gout ရောဂါရှိသူများ ဓာတုဆေးမျိုးစုံ သောက်နေကြ
Type 1 and Type 2 d Diabetes (ဆီးချိုရောဂါသည်များ)

✨အစာအိမ်ရောဂါရှိသူများ_Fastingလုပ်နေစဉ်_သတိပြုသင့်သည့်အချက်များ

ည အိပ်ယာဝင်ခါနီး အစာမစားဖို့ပါဘဲ။ အနည်းဆုံး သုံးနာရီ လောက်တော့
ခြားသင့်ပါတယ်။ဖြစ်လာနိုင်တဲ့ပြဿနာ တွေကတော့ - ကလာပ်စည်း
စွမ်းအင်ထုတ်သည့် စက်ရုံများ Mitochondria များထိခိုက်တတ်ပါတယ်။
အိပ်ခါနီး မလိုအပ်တဲ့ သကြားဓာတ်တွေဝင်လာပြီးပိုနေတဲ့ သကြားတွေကို
အဆီအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

✨Fastingလုပ်နေစဉ်_သတိပြုရမည့်_အချက်များ --
နေမကောင်းတဲ့ ခံစားချက်ဖြစ်လာမယ်ဆိုရင် fasting လုပ်
နေတာ ချက်ချင်းရပ်လိုက်ရပါမယ်။ တစ်ဦးနဲ့ တစ်ဦးဟာ ခန္ဓာကိုယ်
တည်ဆောက်ပုံခြင်းကလည်း မတူ၊ ဇီဝဖြစ်စဉ်ကလဲ မတူ၊ ခံနိုင်ရည်ရှိခြင်းက
လဲမတူတာကြောင့် ကိုယ်က လုပ်နိုင်စွမ်းမရှိဖူးဆိုရင် အတင်းမလုပ်သင့်ပါ။
အကောင်းဆုံးက ကိုယ့်ခန္ဓာကိုယ်ကို နားထောင်တတ်အောင် လေ့ကျင့်ပေး
ပါ။ သကြားဓာတ် အလွန် အမင်းကျ သွားတဲ့ လက္ခဏာများကတော့
စိတ်ထွေ နေခြင်း ချွေးစီးတွေ ထွက်ခြင်း တုန်တုန်ရီရီ ဖြစ်လာခြင်း ဗိုက်
လဲဆာ၊ အားယုတ်လျော့လို့လဲ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် fasting ကို
ချက်ချင်းရပ် ပစ်လိုက်ပြီး တခုခုကို စားလိုက်ပါ။

✨Fastingလုပ်တော့မယ်ဆိုရင်_နားလည်ထားသင့်သောအချက်အလက်များ …

ကျွန်မ တို့ရဲ့ပတ်ဝန်းကျင်ဟာ အဆိပ်မျိုးစုံနဲ့ ခြံရံနေပါတယ်။
ဒီအဆိပ်တွေဟာ အဆီမှာပျော်ဝင်တာကြောင့် ခန္ဓာကိုယ်ကနေ
ပြန်ထုတ်ဖို့ အတော်လေးခက်လှပါတယ်။ အဆိပ်တွေဟာ အဆီတွေမှာ စုပုံနေတာ ဖြစ်ပါတယ်။

Fasting လုပ်တဲ့အခါမှာ သကြားတွေကုန် သွားရင်အဆီကိုစတင်
လောင်ကျွမ်း တာဖြစ်ပါတယ်။ အဆီထဲမှာစုပုံနေတဲ့အဆိပ်တွေပြန်ထွက်လာပါပြီ။

ခန္ဓာကိုယ်ကနေပြန်ထုတ်ပစ်ဖို့ဟာ အဆီမှာ ပျော်နိုင်တဲ့ သတ္တိကနေ
ရေမှာပျော်နိုင်အောင်ပြောင်းပစ်ရပါတယ်။ အခုလို ပြောင်းပစ်နိုင်ဖို့ဟာ
အာဟာရဓာတ် တွေချို့တဲ့နေလို့မဖြစ်နိုင်ပါ။ ရေများများသောက်ဖိုလိုပါတယ်။ ချွေးထွက်ဖို့လိုပါတယ်။ ဝမ်းမချုပ်ဖို့
လဲအရေးကြီးပါတယ်။( ဒီနေရာမှာ hypothyroid ဖြစ်နေသူများ အထူးသတိ
ပြုရပါမယ်။ ချွေးလဲ မထွက်၊ ဝမ်းလဲချုပ်နေတတ်ကြလို့ပါ)

✨ကုသနည်းအောင်မြင်စေရန်_အနှစ်ချုပ်ကို_နားလည်ရမှာကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

1. ဆီးချိုရောဂါ ဆိုတာ သွေးထဲမှာ သကြားဓာတ်တွေ ရှိသင့်ရှိထိုက်တဲ့
ပမာဏထက်များနေတာဖြစ်ပါတယ်။

2. ပိုပြီး သဘောပေါက်ရမှာက သွေးထဲတွင် သာမက သကြားတွေရယ်၊
သကြားကနေ ပြောင်းသွားတဲ့ အဆီတွေရယ်ဟာ ကလာပ်စည်းတွေထဲမှာစုပုံ
နေတာဖြစ်ပါတယ်။

3. ဒီတော့ကာ အပြင်ကနေပြီး အစားအသောက် အနေနဲ့ သကြားတွေကို
လျော့နိုင်သမျှလျော့ရပါမယ်။ ဆိုလိုချင်တာကတော့ သကြားကို ဖြတ်ကိုဖြတ်
ရပါမယ်။ ကဆီဓာတ် မှန်သမျှ အစွမ်းကုန် လျော့ချရပါမယ်။

4. အပြင်က သကြားတွေ ထပ်မထည့်တော့ဘူးဆိုတာ တစ်ခုတည်းနဲ့တော့
ကိစ္စ။မပြီးနိုင်သေးပါ။

5. ကလာပ်စည်းထဲမှာ စုပုံနေတဲ့ သကြားတွေရယ် အဆီတွေရယ် ကို
လောင်စာ အနေနဲ့ အသုံးပြုလိုက်ဖို့လို အပ်ပါတယ်။ အချိန်အကန့် အသတ်
ခြားပြီး အစာစားခြင်းဆိုတဲ့ Fasting ပါဘဲ။ မစားတော့ဘူးဆိုရင် ခန္ဓာကိုယ်
ကနေ့စဉ် အသုံးချဖို့ အတွက် စွမ်းအင်လိုတာမို့ သကြားဓာတ် မရနိုင်တော့
ဘူးဆိုရင် ကလာပ်စည်းထဲမှာ စုပုံနေတဲ့ အပိုသကြားစု တွေရယ်၊ အဆီတွေ
ရယ်ကိုလောင်စာအဖြစ်စတင်အသုံးချရပါတော့မယ်။

6.နောက်တစ်နည်းကတော့ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းပါဘဲ။

7. နောက်အရေးကြီး တဲ့အချက်ကတော့ အစာရွေးစားတဲ့ အခါမှာ အင်ဆူလင်
အတက်နိုင်ဆုံး အစာကိုရွေးချယ်သင့်ပါတယ်။ အဆီဖြစ်ပါတယ်။ သဘာဝ
အားဖြင့် အင်ဆူလင် ပမာဏကိုချ ပေးခြင်းဖြစ်ပါတယ်။

✨ဆီးချို_ရောဂါပျောက်ကင်းအောင်
ကြိုးစားကြတဲ့အခါ_အောက်ပါအချက်များကို_သတိပြုသင့်ပါတယ်။

-သကြားဓာတ်ပါတဲ့ အစားအစာမှန် သမျှကို လျှော့ချ ပြီးသကြားတွေထပ်
မထည့်ဖို့ဖြစ်ပါတယ်။အထူးရှောင်ရမဲ့ သကြားကတော့ အသီးသကြားဖြစ်
သည့် Fructose sugar ဖြစ်ပါတယ်။ Fructose ပါတဲ့အစား သောက်တွေက
တော့ အချိုရည်ဗူးများ၊ သစ်သီးများ၊ အချိုပွဲမုန့်များ၊ သကြားလုံး၊ ပေါင်မုန့်၊
ခေါက်ဆွဲ၊ သစ်သီးသစ်ရွက်များ ( အနည်းဆုံး ပမာဏ ) ဖြစ်ပါတယ်။ ပြုပြင်
ပြီးအစား အစာတွေမှာလည်း fructose သကြားတွေပါနိုင်တယ်ဆိုတဲ့ အချက်ကိုလဲမမေ့လိုက်စေချင်ပါ။

2. ဂျုံ၊ (ပေါင်မုန့်၊ ပါစတာ၊ ကိတ်မုန့် မျိုးစုံ ခေါက်ဆွဲ) ပြောင်းဖူး၊ ထမင်း၊
အာလူးတို့ကိုလည်းလျှော့စားသင့်ပါတယ်၊ဒီအစားအသောက်
တွေဟာ အင်ဆူလင်တက်လာစေပါတယ်။ စက်ရုံတွေက ထုတ်တဲ့ အများစားဖို့seed oils တွေဟာ Omega 6 အဆီများနေပါတယ်။
ခန္ဓာကိုယ် ရောင်ကိုင်း စေတတ်ပါတယ်။
အထူးသဖြင့် ဒီဆီတွေကို အပူပြင်းပြင်း မတိုက်သင့်ပါ။အပူတိုက်သည့်အခါဥပါဒ်ပေး တတ်တဲ့ဓာတ်
aldehydes တွေထွက်လာတတ်ပါ တယ်။

3. ကိုယ့်ဖာသာ ကိုယ်အိမ်မှာ သဘာဝအစားအစာများကို ချက်စားပါ။ အဓိက
တော့အင်ဆူလင် ပမာဏ မတက်လာအောင်ရယ် Hyperinsulinemia
အင်ဆူလင် ယဉ်ပါးမှုမရှိ အောင်ရယ် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ Insulin
resistance

4. လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။လမ်းလျှောက်ပါ။

5. စိတ်ဖိစီးမှုလျော့နိုင်သမျှလျော့ပါစေ။

✨Fastingလုပ်သည့်အခါသတိပြုရမည့်အချက်

The dawn phenomena လို့ခေါ်တဲ့အချက် ပါဘဲ။ သူကဘာလဲဆိုတော့
မနက် စောစော အချိန်မှာသွေးထဲမှာ သကြားတွေများ လာတတ်တာပါ။
အစာမစားဘဲ နေလိုက်တဲ့ ကာလမှာ ကလာပ်စည်းထဲမှာ စုပုံနေ တဲ့သကြား
တွေဟာ အသုံးချဖို့ အတွက် သွေးထဲကိုပြန်ရောက်လာခြင်းသာ ဖြစ်ပါတယ်။
ကိုယ်က အပြင်က သကြားတွေ မစားထားတာ သေချာရင် ကြောက်စရာမလို
ပါ။ ကလာပ်စည်းထဲက ပြန်ထွက်လာတာဆိုတာ နားလည်ရင်တော် ပါပြီ။
အရင်ကတော့ ကလာပ်စည်းထဲမှာ စုပုံနေတဲ့ သကြားတွေကို မမြင်နိုင်ပါ။

အခုတော့ ကလာပ်စည်းထဲက သွေးထဲကို ပြန်ထွက်လာပြီဆိုတော့
ကလာပ်စည်းထဲမှာ ဘယ်လောက်တောင် စုပုံနေတယ်ဆိုတာ မှန်းဆ ကြည့်
နိုင်ပါတယ်။ ဒီလိုနဲ့ တဖြေးဖြေး ကလာပ်စည်းထဲက သကြားတွေ၊ အဆီတွေ
လျော့လိုက်လာပါလိမ့်မယ်။ ဆီးချိုရောဂါသည် တွေမှာခန္ဓာကိုယ်
ရောင်ကိုင်းတဲ့ဓာတ်တွေ များနေ တတ်ပါတယ်။

✨ဆီးချိုရောဂါသက်သာလာရေး_အနှစ်ချုပ်ကတော့

1. ကဆီဓာတ်ကိုလျော့နိုင် သမျှလျော့၊ သကြားမျိုးစုံကိုဖြတ်၊Reduce carbohydrates. Eliminate sugars.

2. အချိန် အပိုင်း အခြားနဲ့ စား၊ intermittent fasting. ၁၆-၁၈ နာရီလောက်မစားဘဲ ကြိုးစားကြည့်(ညနေစာ ဖြတ်နိုင်ရင်ဖြစ်နိုင်ပါတယ်)။

3. Thyroidကိုစစ်ကြည့်ပါ။လိုအပ်ရင်ဖြည့်ပေးလိုက်ပါ။

4. Vitamin D3 စစ် ကြည့် ပါ။ နည်းနေရင်ဖြည့် ပေး ပါ။

5. ဗီတာမင်နှင့် ဖြည့်စွက်စာများမှီဝဲကြည့်နိုင်ပါတယ်။

6.လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

7.စိတ်ဖိစီးမှုများလျှော့ချနိုင်ပါစေ။

8.ခန္ဓာကိုယ်မှ အဆိပ်များထုတ်ပစ်နိုင်ရန် အသည်းကိုပံ့ပိုးပေးပါ။
မိတ်ဆွေ တို့ကိုသဘောပေါက်စေချင်တာက ရောဂါမှ သက်သာလာစေရန်ရယ်၊ နောက်ဆက်တွဲ ရောဂါတွေ နှိပ်စက်ခြင်း မခံရအောင်ရယ်၊ စားနေကြ
အစား အသောက်တွေ အစားတစ်မျိုး ပြောင်းပြီးစားဖို့ အကြံပေးနေခြင်းသာဖြစ်ပါတယ်။ ညစာမစားဘဲ ရှောင်လိုက်ခြင်းဖြင့် အလုပ်ရှုပ်လဲ သက်သာ၊
ငွေကုန် ကြေးကျလဲ သက်သာနေရထိုင်ရတာလဲ ပေါ့ပါး၊ ခေါင်းလဲ ကြည်။
ခန္ဓာကိုယ်လေးချိန်လဲကျ၊ ပူနေတဲ့ဗိုက်လဲချပ်၊ ဆီးချိုလဲကျ၊ အသည်းအဆီဖုံးတာလဲလျော့စသည်ဖြင့် အကျိုးတွေ များများရနိုင်တာမို့ အကြံပေး ထောက်ပြခြင်းသာ ဖြစ်ပါတယ်။

ဗဟုသုတပေး အနေနဲ့သာဖြစ်တာမို့ ၊ ဆီးချိုရောဂါ အကြောင်းကိုနားလည်စေချင်တာ အဓိက ဖြစ်
ပါတယ်။ လိုက်နာကြည့်ချင်တယ်ဆိုရင်လဲ မိမိသဘောအတိုင်းပါ။ မိမိ
ဆရာဝန်နဲ့ အကြံဥာဏ် ယူပြီး ဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့ အစား အသောက်ကို ဆင်ခြင်ပြီးလိုက်နာ ကြည့်ချင်ရင်ရအောင်လို့ ရည်ရွယ်ပြီး ထောက်ပြပေးနေတာဖြစ်ပါတယ်။ ဆီးချိုရောဂါကို သေသေချာချာ နားလည်ပြီး ရောဂါကို
အောင်နိုင်သူများဖြစ်ကြပါစေ။
*လေးစားစွာဖြင့်-
To A Better Health & original writer

USA Supplements

02/09/2026

🍃Methylcobalamin (Vitamin B-12)

ဗိုက်တာမင် B12 က စွမ်းအင်ပမာဏ နှင့် မှတ်ဉာဏ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ ဗိုက်တာမင် B12 ချို့တဲ့လျှင် နာတာရှည်ပင်ပန်းနွမ်းနယ်မှုဖြစ်နိုင်တဲ့အပြင် စိတ်ဓာတ်ကျခြင်း၊ စိတ်ပျက်ခြင်းတွေပါဖြစ်တတ်ပါတယ်။

အစားအစာကို စွမ်းအင်အဖြစ်ပြောင်းလဲပေးပါတယ်။ စွမ်းအင်ပမာဏကိုမြင့်စေခြင်း၊ ဆာလောင်မှုကို ထိန်းချုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကျစေပါတယ်။

ဦးနှောက်အတွင်း သတင်းအချက်အလက်ပို့ဆောင်ပေးခြင်းအတွက် B12 လိုအပ်ပါတယ်။ သောကများခြင်း နှင့် စိတ်ဓာတ်ကျခြင်းကို လျော့နည်းစေပါတယ်။

အာရုံစိုက်မှုလည်းကောင်းလာစေပါတယ်။
အေဇိုင်းမားရောဂါ နှင့် သတိမေ့ရောဂါဖြစ်ပွားနှုန်း လျော့ကျစေပါတယ်။ ဗိုက်တာမင် B12 ချို့တဲ့မှုက အာရုံကြောဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်များဖြစ်စေပါတယ်။

အစာခြေအင်ဇိုင်းထုတ်လုပ်မှုကို ကူညီပေးပြီး အစာကြေစေတယ်။ သွေးတွင်း homocysteine ပမာဏကိုလျော့ချပေးပြီး နှလုံးရောဂါဖြစ်ပွားနှုန်းမှ လျော့နည်းစေပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်း နှင့် သွေးပေါင်တက်ခြင်းတွေကို ထိန်းသိမ်းပေးပါတယ်။

သွေးအားနည်းရောဂါကိုလည်း ပျောက်ကင်းစေပါတယ်။ ဆံပင်ကျိုးကျေခြင်းကို လျော့နည်းစေတယ်။ လက်သည်း၊ လက်သည်းကိုလည်း သန်စွမ်းစေတယ်။

ကျန်းမာသော ဇီဝဖြစ်စဉ်ကို ဖြစ်စေတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်တာမင် B12 ကို folate နှင့် တိုက်လျှင် neural tube defects အပါအဝင်မွေးရာပါချို့ယွင်းချက်ဖြစ်ပေါ်ခြင်းကို လျော့နည်းစေတယ်။

သုသေတနတွေအရ ဗိုက်တာမင် B12 က သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နှင့် အူမကြီးကင်ဆာများဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တယ်ရေးပါတယ်။

အသက်ကြီးသူများ , သတ်သတ်လွတ်လွတ်စားသူများ , ဆေးလိပ်သောက်သူများ , အရက်သောက်သူများ နှင့် သွေးအားနည်းသူအချို့ ဗိုက်တာမင် B12 သောက်သင့်တယ်ရေးပါတယ်။

🌱ကျန်းမာရေး ဗဟုသုတကဏ္ဍ-

ဗိုက်တာမင် B12 ကို ညအိပ်ယာဝင်ချိန် မသောက်သင့်ပါ။

ဗိုက်တာမင် B12 က စွမ်းအင်ကို တိုးတက်များပြားလာစေပြီး ပို၍နိုးကြားတက်ကြွစေသဖြင့် တစ်ချို့သောလူတွေမှာ အိပ်ရခက်တယ်ပြောပါတယ်။ အိပ်ချိန်ကို အနှောက်အယှက်ပေးနိုင်ပါတယ်။ ဒီလိုအကျိုးသက်ရောက်မှုက လူတိုင်းမဖြစ်ပါ။ လူတစ်ချို့မှာဖြစ်တတ်ပါတယ်။

ဗိုက်တာမင် B12 နေ့လယ်စာ စားချိန်ဝန်းကျင် နှင့် မနက်စောစော သောက်သင့်ပါတယ်။ မနက်ပိုင်း သောက်သင့်တဲ့ဆေးတွေက ဗိုက်တာမင် ( B, C D ) ဖြစ်ပါတယ်။ ဗိုက်တာမင် ( B, C , D ) က တစ်နေ့တာ ကလာပ်စည်း စွမ်းအင်ကို တိုးတက်လာစေပြီး ခုခံစွမ်းအားကို မြင့်တက်စေပါတယ်။ မနက်စာအစာ မရှိချိန်သောက်ပါ။ သံဓာတ်ပါတဲ့ဆေးတွေကိုလည်း မနက်ပိုင်းသောက်ရပါတယ်။ သံဓာတ်ပါတဲ့အားဆေးတွေကိုတော့ မနက်စာစားပြီးမှ သောက်ပါမှ ပျို့ချင်အန်ချင်စိတ်သက်သာပြီး ကောင်းစွာစုပ်ယူနိုင်တယ်။
*လေးစားစွာဖြင့်-
-ဒေါက်တာဖြိုးမောင်မောင်

02/09/2026

✨ရေသောက်နည်းလျှင်ဘာဖြစ်မလဲ-

ရေသောက်နည်းလျှင် ရေဓာတ်ပြည့်ဝမှု မရှိခြင်း ဖြစ်မယ်။

ရေဓာတ်ပြည့်ဝမှု မရှိခြင်း ဖြစ်လျှင် ကျန်းမာရေး ထိခိုက်မယ်။

ဘယ်လိုထိခိုက်မလဲ ကြည့်ရအောင်။

ရေဓာတ်ပြည့်ဝမှု မရှိခြင်း၏ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

ရေဓါတ်ခန်းခြောက်ခြင်း (Dehydration) -
ရေဓာတ်လုံလောက်စွာ မသောက်သုံးခြင်းသည် ရေဓာတ်ခန်းခြောက်ခြင်း (dehydration) ကို ဖြစ်ပေါ်စေပြီး ၎င်းသည် ခန္ဓာကိုယ်စနစ်တိုင်းနီးပါးကို ထိခိုက်စေနိုင်သည်။ ရေဓာတ်ခန်းခြောက်မှုကြောင့် အနည်းငယ်သာ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ခေါင်းကိုက်ခြင်းကဲ့သို့သော ပြဿနာများမှသည် ပြင်းထန်သော ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းနှင့် အခြားပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများအထိ ဖြစ်စေနိုင်သည်။ ရေဓာတ်ခန်းခြောက်မှုသည် ရေတိုဖြစ်စေ၊ ရေရှည်ဖြစ်စေ ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နှစ်မျိုးလုံးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။

ရေတိုသက်ရောက်မှုများ (Short-term effects) -
သင့်ခန္ဓာကိုယ် ရေဓာတ်၏ ၁-၂% ခန့် ဆုံးရှုံးရုံမျှရှိသော အပျော့စား ရေဓာတ်ခန်းခြောက်မှုမျိုးသည်ပင် သိသာထင်ရှားသော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်။

-ပင်ပန်းနွမ်းနယ်ခြင်းနှင့် စွမ်းအင်နည်းပါးခြင်း (Fatigue and low energy) -
ရေဓာတ်နည်းပါးခြင်းက သင့်ကို ပင်ပန်းနွမ်းနယ်ပြီး လေးလံထိုင်းမှိုင်းစေနိုင်သည်။ ရေဓာတ်ခန်းခြောက်သောအခါ သွေးပမာဏ နည်းသွားပြီး သွေးလှည့်ပတ်ရန် နှလုံးက ပိုမိုလုပ်ဆောင်ရသောကြောင့် ဖြစ်သည်။

-ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်း (Headaches and dizziness)-
အပျော့စား ရေဓာတ်ခန်းခြောက်ခြင်းသည် ခေါင်းကိုက်ခြင်း၏ အဖြစ်များသော အကြောင်းရင်းတစ်ခုဖြစ်သည်။ သင်သည် မူးဝေခြင်း၊ ခေါင်းထဲ ပေါ့ပါးသလို ခံစားရခြင်း သို့မဟုတ် ရှုပ်ထွေးခြင်းတို့ကိုလည်း ခံစားရနိုင်သည်။

-ပါးစပ်ခြောက်ခြင်းနှင့် အသက်ရှူနံ့ဆိုးခြင်း (Dry mouth and bad breath)-
တံတွေးမရှိခြင်းက ပါးစပ်ခြောက်သွေ့၍ စေးကပ်စေပြီး ဘက်တီးရီးယားများ ကြီးထွားစေကာ အသက်ရှူနံ့ဆိုးခြင်းကို ဖြစ်စေနိုင်သည်။

-စိတ်ပိုင်းဆိုင်ရာ ကြည်လင်မှု လျော့နည်းခြင်း (Reduced mental clarity)-
အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်နှင့် စိတ်ခံစားမှုကဲ့သို့သော သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်များသည် ဆိုးရွားစွာ ထိခိုက်နိုင်ပြီး၊ "ဦးနှောက်မှုန်ဝါးခြင်း" (brain fog)၊ စိတ်တိုလွယ်ခြင်းနှင့် အာရုံစိုက်ရန် ခက်ခဲခြင်းတို့ကို ဖြစ်စေနိုင်သည်။

-ဝမ်းချုပ်ခြင်း (Constipation)-
သင် ရေဓာတ်ခန်းခြောက်ပါက အူမကြီးက မစင်မှ ရေကို ဆွဲထုတ်လိုက်သောကြောင့် မစင်ကို ပိုမိုမာကျောစေပြီး စွန့်ထုတ်ရန် ခက်ခဲစေသည်။

-ဆီးအရောင် ရင့်လာခြင်း (Darker urine)-
ဆီးအရောင်သည် ရေဓာတ်ပြည့်ဝမှုရှိမရှိကို ဖော်ပြသော အဓိက အညွှန်းကိန်းတစ်ခုဖြစ်သည်။ ရေဓာတ်နည်းလေ၊ သင့်ဆီးက ပိုမိုရင့်ပြီး ပိုမိုပြစ်လေ ဖြစ်သည်။

-အားကစားစွမ်းရည် ကျဆင်းခြင်း (Poor athletic performance)-
အပျော့စား ရေဓာတ်ခန်းခြောက်မှုသည် ခွန်အား၊ ခံနိုင်ရည်နှင့် အလုံးစုံ ကိုယ်လက်လှုပ်ရှားမှု စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်သည်။

ရေရှည်ပြင်းထန်သော ပြဿနာများ (Long-term and severe problems)-
ရေရှည် ရေဓာတ်ခန်းခြောက်မှုသည် ပိုမိုပြင်းထန်ပြီး ဆက်တိုက်ဖြစ်နေမည့် ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

-ကျောက်ကပ်ပြဿနာများ (Kidney problems)-
စွန့်ပစ်ပစ္စည်းများနှင့် အက်ဆစ်များ စုပုံလာနိုင်သောကြောင့် ရေရှည် ရေဓာတ်ခန်းခြောက်မှုသည် ကျောက်ကပ်ကျောက်တည်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) အတွက် အဓိက အန္တရာယ်ဖြစ်စေသည့်အချက်ဖြစ်သည်။ ပြင်းထန်သော အခြေအနေများတွင် ကျောက်ကပ်ပျက်စီးခြင်းနှင့် အလုပ်မလုပ်နိုင်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

-နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ (Cardiovascular issues)-
ရေဓာတ်ခန်းခြောက်သောအခါ သင့်သွေးသည် ပိုမိုပြစ်လာပြီး နှလုံးခုန်နှုန်းနှင့် သွေးဖိအားကို မြင့်တက်စေကာ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။

-အရေပြားပြဿနာများ (Skin problems)-
အရေပြားသည် ခန္ဓာကိုယ်၏ အကြီးဆုံးအင်္ဂါဖြစ်ပြီး ကောင်းမွန်စွာ လုပ်ဆောင်ရန် ရေလိုအပ်သည်။ ရေရှည် ရေဓာတ်ခန်းခြောက်မှုသည် အရေပြားခြောက်သွေ့ခြင်း၊ အဖတ်လန်ခြင်း၊ ပျော့ပျောင်းမှု လျော့နည်းခြင်းနှင့် အိုမင်းရင့်ရော်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

-ကြွက်သားပျက်စီးခြင်း (Muscle damage)-
ရေဓာတ်ခန်းခြောက်မှုကြောင့် လျှပ်လိုက်ရည်များ မမျှတမှုသည် ကြွက်တက်ခြင်းနှင့် အားနည်းခြင်းကို ပိုမို မကြာခဏနှင့် ပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်သည်။

-အူလမ်းကြောင်း ပျက်စီးခြင်း (Intestinal failure)-
နာတာရှည် ရေဓာတ်ခန်းခြောက်မှုသည် အစာခြေစနစ်ဆိုင်ရာ ပြဿနာများကို အထောက်အကူပြုနိုင်ပြီး အဆိုးဆုံး အခြေအနေများတွင် အူလမ်းကြောင်း အလုပ်မလုပ်နိုင်ခြင်းကို ဖြစ်စေနိုင်သည်။

-အပူလျှပ်နိုင်ခြေ မြင့်တက်ခြင်း (Increased risk of heatstroke)-
ရေဓာတ်ခန်းခြောက်မှုသည် ချွေးထွက်ခြင်းမှတစ်ဆင့် ခန္ဓာကိုယ်၏ အပူချိန်ထိန်းညှိနိုင်စွမ်းကို ထိခိုက်စေပြီး အပူနှင့်သက်ဆိုင်သော ဖျားနာမှုများ ဖြစ်နိုင်ခြေကို မြင့်တက်စေသည်။

-ရှော့ခ်ရခြင်းနှင့် အတက်ရောဂါ (Shock and seizures)-
ပြင်းထန်ပြီး မကုသသော ရေဓာတ်ခန်းခြောက်မှုသည် သွေးပမာဏနည်းသော ရှော့ခ် (hypovolemic shock)၊ လျှပ်လိုက်ရည် မမျှတမှုများကြောင့် အတက်ရောဂါနှင့် ဦးနှောက်ရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်သည်။

ရေဓာတ်ပြည့်ဝအောင် နေထိုင်နည်း (How to stay hydrated)

-မှန်မှန်ကန်ကန်သောက်သုံးပါ (Drink consistently)-
ရေဆာရန် မစောင့်ဘဲ ပုံမှန်ရေသောက်ပါ။ ရေဆာခြင်းသည် သင် အပျော့စား ရေဓာတ်ခန်းခြောက်နေပြီဖြစ်ကြောင်း၏ လက္ခဏာဖြစ်သည်။

-ဆီးအရောင်ကို စောင့်ကြည့်ပါ (Watch urine color)-
ဖျော့တော့ပြီး ကြည်လင်သော ဆီးအရောင်သည် သင့်လျော်သော ရေဓာတ်ပြည့်ဝမှုကို ညွှန်ပြသော အကောင်းဆုံး အညွှန်းကိန်းတစ်ခုဖြစ်သည်။

-ပမာဏကို ချိန်ညှိပါ (Adjust intake)-
လေ့ကျင့်ခန်းလုပ်သည့်အခါ၊ ပူပြင်းသော ရာသီဥတုတွင် သို့မဟုတ် ဖျားနာနေသည့်အခါ သင်သည် ပိုမိုများပြားသော အရည်ပမာဏ လိုအပ်နိုင်သည်။

နေ့စဉ် အရည်ပမာဏ သောက်သုံးရန် အကြံပြုချက်များ-

အမေရိကန် အမျိုးသား သိပ္ပံ၊ အင်ဂျင်နီယာနှင့် ဆေးပညာ အကယ်ဒမီများ (The U.S. National Academies of Sciences, Engineering, and Medicine) မှ သမမျှတသော ရာသီဥတုရှိသည့် ဒေသများတွင် နေထိုင်သော ကျန်းမာသော အရွယ်ရောက်သူများအတွက် ပေးအပ်ထားသည့် စုစုပေါင်း နေ့စဉ် အရည်ပမာဏ သောက်သုံးရန် ပျမ်းမျှ လမ်းညွှန်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

အမျိုးသားများ- တစ်နေ့လျှင် ခန့်မှန်းခြေအားဖြင့် ၁၅.၅ ခွက် (၃.၇ လီတာ) နှင့်

အမျိုးသမီးများ- တစ်နေ့လျှင် ခန့်မှန်းခြေအားဖြင့် ၁၁.၅ ခွက် (၂.၇ လီတာ) ဖြစ်သည်။
လေးစားစွာဖြင့်-
-Dr. Myint Thein @ 14 October 2025

Address

Mingalar Taung Nyunt
Yangon

Telephone

+959955972120

Website

Alerts

Be the first to know and let us send you an email when Amara USA Supplements posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Amara USA Supplements:

Shortcuts

Share