Win Metta

Directions Website Contact the practice

Win Metta The Art Of Liberation. We are not selling the service. We are learning and practice the meditation togethr.

11/06/2026
11/06/2026

ဓမ္မပဒ ဂါထာ (၂၃၈) | ဓမ္မပဒကို လေ့လာခြင်း | ဝင်းမေတ္တာ
ဓမ္မပဒ ကို ပူဇော်နှလုံးသွင်း လေ့ကျင့်ကြပါစို့။

၁၈။ မလဝဂ်
၁-ဂေါဃာတကပုတ္တဝတ္ထု (ဂါထာ၂၃၈ )
(နွားသတ်သမား၏ သားကို အကြောင်းပြု၍ ဟောကြားသောဝတ္ထု)

ဂါထာ၂၃၈
သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ။
နိဒ္ဓန္တမလော အနင်္ဂဏော၊ န ပုန ဇာတိဇရံ ဥပေဟိသိ။
(ဥပါသကာ) သင်သည် မိမိ၏မှီရာကျွန်းနှင့်တူသော ကောင်းမှုကို ပြုလော့၊ လျင်စွာအားထုတ်၍ ပညာရှိသူ ဖြစ်လေလော့၊ အညစ်အကြေးကို ပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ တစ်ဖန်ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မရောက်ရတော့လတ္တံ့။

ဝတ္ထုနောက်ခံ —
မြတ်စွာဘုရားရှင်သည် အသက်အရွယ်ကြီးရင့်၍ သေခြင်းတရားနှင့် နီးကပ်နေသော ပုဂ္ဂိုလ်တစ်ဦးအား အကြောင်းပြု၍ ဤဂါထာတော်များကို ဟောကြားတော်မူခဲ့ပါသည်။
ဂါထာ (၂၃၅–၂၃၈) တို့သည် ဂေါဃာတကပုတ္တဝတ္ထုနှင့် ဆက်စပ်သော ဂါထာများဖြစ်သည်။
ဤဝတ္ထုတွင် သေခြင်းတရားနှင့် ရင်ဆိုင်နေရသူအား မြတ်စွာဘုရားရှင်က သံသရာခရီးအတွက် အားကိုးရာဖြစ်သော ကုသိုလ်တရားများကို အချိန်မီ ပြုစုအားထုတ်ရန် သတိပေးတော်မူသည်။

အသံထွက်ဖတ်နည်း
ဂေါဃာတကပုတ္တဝတ္ထု = ဂေါဃာတက ပုတ်တ ဝတ်ထု | သော ကရောဟိ ဒီပမတ္တနော = သော ကရောဟိ ဒီပ မတ်တနော | ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ = ခိတ်ပံ ဝါယမ ပန်ဒိတော ဘဝ | နိဒ္ဓန္တမလော အနင်္ဂဏော = နိတ်ဓန်တ မလော အနင်ဂဏော | န ပုန ဇာတိဇရံ ဥပေဟိသိ = န ပုန ဇာတိ ဇရံ ဥပေဟိသိ

ပါဠိနိဿယ (ပုဒ်အနက်)
သော တွံ၊ ထိုသင်သည်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ ကျွန်းကြီးနှင့်တူသော ကုသိုလ်ဟူသော မှီခိုရာကို။ ကရောဟိ၊ ပြုလော။ ခိပ္ပံ၊ လျင်စွာ။ ဝါယမ၊ လုံ့လပြုလော့။ ပဏ္ဍိတော၊ ပညာရှိသည်။ ဘဝ၊ ဖြစ်လော့။ ဧဝံ၊ ဤသို့ ပြုသည်ရှိသော်။ နိဒ္ဓန္တမလော၊ ထုတ်အပ်ပြီးသော ရာဂစသော အညစ်အကြေးရှိသည်ဖြစ်၍။ အနင်္ဂဏော၊ ကိလေသာညှိ မရှိသည်ဖြစ်၍။ အရိယဘူမိံ၊ အရိယာတို့၏ ဖြစ်ရာဖြစ်သော။ ဒိဗ္ဗံ၊ သုဒ္ဓါဝါသငါးဘုံသို့။ ဥပေဟိသိ၊ ရောက်ရလတ္တံ့။

🌿 လက်တွေ့ကျင့်စဥ်
၁။ ဇာတိနှင့် ဇရာ၏ ဒုက္ခဆင်းရဲကို အမြစ်ပြတ်ရှုမြင်ခြင်း — တစ်ဖန် ပဋိသန္ဓေနေရခြင်း (ဇာတိ) ရှိနေသရွေ့ အိုခြင်း (ဇရာ)၊ သေခြင်း (မရဏ) ဆင်းရဲတို့ မဆုံးနိုင်သည်ကို သတိသံဝေဂဖြင့် ဆင်ခြင်ရပါမည်။
၂။ အရဟတ္တမဂ်တည်းဟူသော ကျွန်းကို ရည်မှန်း၍ လုံ့လပြုခြင်း — သာမန်ကုသိုလ်အဆင့်၌ မရပ်တန့်ဘဲ ကိလေသာအကြွင်းမဲ့ ကင်းစင်ရာ ဝိပဿနာပညာ၊ အရဟတ္တမဂ်တရားကို မျက်မှောက်ပြုနိုင်ရန် မဆုတ်မနစ် ဝီရိယထားရှိရပါမည်။
၃။ ဘဝသံသရာချုပ်ငြိမ်းရေးကို ပန်းတိုင်ထားခြင်း — ဒုက္ခအပေါင်း၏ အဆုံးဖြစ်သော ဇာတိ၊ ဇရာ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဓာတ်ကို အာရုံပြုကာ နေ့စဉ် ကုသိုလ်အကျင့်တို့ကို ဖြည့်ဆည်းရပါမည်။
၄။ မိမိကိုယ်ကို အားကိုးရာဖြစ်အောင် ပြုလုပ်ခြင်း။ ။ သီလ၊ သမာဓိ၊ ပညာတို့ကို ဖြည့်ကျင့်၍ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးအတွက် မိမိ၏ အားကိုးရာကို တည်ဆောက်ရပါမည်။
၅။ အချိန်မဆွဲဘဲ အားထုတ်ခြင်း။ ။ အသက်အရွယ်နှင့် အချိန်ကို မစောင့်ဆိုင်းဘဲ ယနေ့မှစ၍ သတိ၊ ဝီရိယတို့ဖြင့် ကုသိုလ်တရားများကို အားထုတ်ရပါမည်။
၆။ ကိလေသာအညစ်အကြေးများကို ပယ်ရှားခြင်း။ ။ လောဘ၊ ဒေါသ၊ မောဟတို့ ဖြစ်ပေါ်လာသည့်အခါ သတိပညာဖြင့် သိမြင်ကာ သမထ၊ ဝိပဿနာဘာဝနာတို့ကို ပွားများ၍ ကိလေသာကုန်ခန်းရေးကို ဦးတည်အားထုတ်ရပါမည်။

ဒေသနာတော်၏အကျိုး

ဂါထာ ၂၃၇, ၂၃၈ ဤနှစ်ဂါထာတို့ဖြင့် အနာဂါမိမဂ်ကို ဟောတော်မူအပ်၏။ ဤအထက် နှစ်ဂါထာတို့၌ အရဟတ္တမဂ်ကို ဟောတော်မူအပ်၏။ ဤသို့ပင် ဟောတော်မူသော်လည်း ပြည့်ရှင်မင်းကြီးသည် မိမိ၏ ခံတွင်းအတိုင်းအရှည်ပမာဏဖြင့် ထမင်းလုတ်ဆုပ်၍ သားတော်အား ပေးကျွေးပါသော်လည်း ထိုမင်းသားငယ်သည် မိမိ၏ ခံတွင်းအတိုင်းအရှည်ပမာဏ တန်လောက်ရုံကိုသာ ယူနိုင်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားသည် အထက်မဂ်၏အစွမ်းဖြင့် တရားဟောကြားတော်မူသော်လည်း ဒါယကာသည် မိမိ၏အကြောင်း ဥပနိဿယ၏အစွမ်းဖြင့် အောက်,သောတာပတ္တဖိုလ်သို့ ရောက်၍ ဤနောက် အနုမောဒနာတရား၏အဆုံး၌ အနာဂါမိဖိုလ်သို့ ရောက်လေ၏။ ကြွင်းသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။)
နွားသတ်သမား၏သား ဝတ္ထုပြီး၏။

ဝေနေယျသတ္တဝါအပေါင်း ငြိမ်းချမ်းကြပါစေ။

#ဓမ္မပဒ #ဓမ္မပဒဂါထာ၂၃၈ #မလဝဂ် #ဇာတိဇရာချုပ်ငြိမ်းခြင်း #အရဟတ္တမဂ် #နွားသတ်သမား၏သားဝတ္ထု #ဂေါဃာတကပုတ္တဝတ္ထု #ဝင်းမေတ္တာ

11/06/2026

သင်္ခါရလောကကိုသုညသဘောမြင်အောင်ရှုတတ်ပါစေ(၄၄) | တရားလက်တွေ့ ကျင့်ခြင်း၊ မေတ္တာနန္ဒဆရာတော်

၂၀၂၂ ခုနှစ် ပစိဖိတ်စံတော်ချိန် ဇန္နဝါရီလ (၈) ရက် တနင်္ဂနွေနေ့တွင် မေတ္တာနန္ဒဆရာတော်သင်ကြားပို့ချခဲ့သည့်
နံနက် ၀၈း၀၀ - ၀၉း၀၀ (ပစိဖိတ် စံတော်ချိန်)
နံနက်ခင်း အလုပ်ပေးတရားများ ကို
ပြန်လည်လေ့လာတရားရှုမှတ်ခြင်း (၃၁၈)
“ သင်္ခါရလောကကို သုညသဘောမြင်အောင် ရှုတတ်ပါစေ (၄၄ )”
(မ၊ ၃၊ ၁၄၇၊ စူဠသုညတသုတ်၊ သုညတဝဂ်၊ ဥပရိပဏ္ဏာသ)

ပြန်လေ့လာ ထုတ်လွှင့်သည့် နေ့။
သာသနာတော်နှစ် ၂၅၇၀ | ၂၀၂၆ ခုနှစ် နိုဝင်ဘာလ(၆) ရက်၊ သောြကြာနေ့
နံနက် ၀၈း၀၀ - ၀၉း၀၀ (ပစိဖိတ် စံတော်ချိန်) တွင် ဝင်းမေတ္တာမှ တည်းဖြတ်ပြန်လွှင့် လေ့လာ၀င်ယူလေ့ကျင့်ကြပါသည်။

အပတ်စဥ် သောကြာ စနေ တနင်္ဂနွေ နေ့တိုင်း ပစိဖိတ် စံတော်ချိန် နံနက် ၅း၀၀ - ညနေ ၈း၀၀ ထိ သီလယူ၊ ဘုရားဝတ်ပြု၊ တရားထိုင်၊ အဘိဓမ္မာ၊
နံနက်အလုပ်ပေးတရား၊ ညနေသဘောတရားရေးရာ နှင့်တကွ အမေးအဖြေကဏ္ဍများ ရှိပါသည်။

ဆရာတော်၏ သင်တန်းမှတ်စုများအားလုံး။ ။ https://winmetta.org/sayadaw-u-ghosita-class-notes/

ဝင်းမေတ္တာ Website: https://winmetta.org/

ဝင်းမေတ္တာ Facebook: https://www.facebook.com/winmetta

ဝင်းမေတ္တာ YouTube: https://www.youtube.com/c/WinMetta

ဝင်းမေတ္တာမှ ဓမ္မမိတ်ဆွေများ စုဝေးရာ Viber အဖွဲ့နှင့် ဆက်သွယ်ရန်။ https://winmetta.us18.list-manage.com/track/click?u=f19afbf994cc55621df3fff12&id=ca2563f3d3&e=7ad2efa4a8

မေတ္တာနန္ဒဝိဟာရကျောင်းတော် YouTube: https://www.youtube.com/c/Mettananda

မေတ္တာနန္ဒဝိဟာရကျောင်းတော် Facebook: https://www.facebook.com/Mettananda

အလင်းတန်း Website: https://www.alintann.org/

ပရိယတ် ပဋိပတ် ပဋိဝေဓ

11/06/2026

November 5, 2026, 7:00 to 8:00 pm (Pacific Time)

Learning Grammar by Reading - 152
Class info: https://winmetta.org/sayadaw-u-garudhamma-burmese-class/

Venerable Garudhamma from Kusalakari Monastery (Fremont, California, USA) teaches on Zoom every Thursday from 7 - 8 PM Pacific Time.

Watch past Burmese language lessons: https://youtube.com/playlist?list=PLYEMM8dR7XnYSMDHsFE_QPysHYFeuc4Lt

Kusalakari Monastery Website: https://kusalakari.org

Kusalakari Monastery YouTube: https://www.youtube.com/

Win Metta Website: https://winmetta.org/

Win Metta Facebook: https://www.facebook.com/winmetta

Win Metta YouTube: https://www.youtube.com/c/WinMetta

Win Metta Viber Community: https://winmetta.us18.list-manage.com/track/click?u=f19afbf994cc55621df3fff12&id=ca2563f3d3&e=7ad2efa4a8

Alintann Website: https://www.alintann.org/

Pariyatti + Paṭipatti + Paṭivedha

11/05/2026

ဖားအောက်တောရဆရာတော်ကြီး | မဟာသတိပဋ္ဌာနသုတ် (၉၉) | ဝင်းမေတ္တာဓမ္မရုပ်သံ

ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏ ဟောကြားသော
မဟာသတိပဋ္ဌာနသုတ် (၉၆)
၏သာသနာတော်နှစ် ၂၅၇၀ | ၂၀၂၆ ခုနှစ် နိုဝင်ဘာ(၅) ရက် ကြာသပတေးနေ့
နံနက် ၀၅း၀၀ - ၀၆း၃၀ (ပစိဖိတ်စံတော်ချိန်)
ည ၀၇း၃၀ - ၀၉း၀၀ (မြန်မာစံတော်ချိန်)

အပတ်စဥ် ကြာသပတေးနေ့တိုင်း နံနက် ၅း၀၀ - ၀၆း၃၀ (ပစိဖိတ် စံတော်ချိန်)| ည ၀၇း၃၀ - ၀၉း၀၀ (မြန်မာစံတော်ချိန်) အသီးသီးတို့တွင် ရုပ်သံလွှင့်သည်။

သင်တန်းဗီဒီယိုများအားလုံးကို ဤYouTube Playlist၌ အချိန်မရွေး လေ့လာနိုင်ပါသည်။ https://www.youtube.com/playlist?list=PLYEMM8dR7XnZCqzn4_MLOib9e9U3ZMub2

မူလ တရားတော်များစုဝေးရာ Dhammadownload စာမျက်နှာ: https://www.dhammadownload.com/PaAuk-Sayadaw-mp3.htm

ဖားအောက်တောရ Website: https://www.paaukforestmonastery.org/

ဖားအောက်တောရ Facebook: https://www.facebook.com/profile.php?id=100064682349897

ဝင်းမေတ္တာ Website: https://winmetta.org/

ဝင်းမေတ္တာ Facebook: https://www.facebook.com/winmetta

ဝင်းမေတ္တာ YouTube: https://www.youtube.com/c/WinMetta

ဝင်းမေတ္တာမှ ဓမ္မမိတ်ဆွေများ စုဝေးရာ Viber အဖွဲ့နှင့် ဆက်သွယ်ရန်။ https://winmetta.us18.list-manage.com/track/click?u=f19afbf994cc55621df3fff12&id=ca2563f3d3&e=7ad2efa4a8

အလင်းတန်း Website: https://www.alintann.org/

ပရိယတ် ပဋိပတ် ပဋိဝေဓ

11/05/2026

ဝိသုဒ္ဓိမဂ္ဂေါ ကို လေ့လာခြင်း| ဝင်းမေတ္တာ

စင်ကြယ်ခြင်း၏အကြောင်း။ နိဗ္ဗာန်သို့ ရောက်ကြောင်း ခရီး။

နိဒါနာဒိကထာ
၁။ သီလေ ပတိဋ္ဌာယ နရော သပညော, စိတ္တံ ပညဉ္စ ဘာဝယံ၊အာတာပီ နိပကော ဘိက္ခု, သော ဣမံ ဝိဇဋယေ ဇဋန္တိ။ (သံ။ နိ။ ၁။၂၃)၊
၁။ “ပညာရှိသော လူသည် သီလ၌တည်၍ ပူပန်စေမှု (လုံ့လ)ရှိလျက် စိတ်ကို ရင့်ကျက်သည် (ဆင်ခြင်ဉာဏ်ရှိသည်) ဖြစ်၍ စိတ်ကို ၎င်း, ပညာကို၎င်း, ပွါးစေသော်၊ ထိုသို့သောရဟန်းသည် ဤအရှုပ်အထွေးကို ဖြေရှင်းနိုင်ပေ၏။

11/05/2026

From Ānāpānassati to Vipassanā insight meditation|Buddha’s Meditation-19 (Week 29| Day 29)

Everyone is welcome.
No previous meditation experience is required.
From Ānāpānassati to Vipassanā insight meditation|Buddha’s Meditation (19)
Key to Meditation Practice
Ātāpī • Sampajāno • Satimā
Diligent Effort • Clear Comprehension • Mindfulness
Meditation is not a practice to be rushed or to skip steps.
Learn step by step • Practice step by step • Develop understanding step by step.
It is a gradual and systematic training that leads to deeper understanding and insight.

Week 29, Day 29 November 29,2026)
From Ānāpānassati
To Vipassanā insight meditation-19
Language : English ands Burmese
📅 Every Wednesday
🕡 6:30 PM – 8:00 PM (Pacific Time)
🕡 Every Thursday
8:00 AM – 09:30 AM (Myanmar)


💻 Online via Zoom
🌐 https://winmetta.org
Languages: English & Burmese
Taught by:
Venerable U Kundadhana Sayadaw
Hosted by WIN METTA Institute
Education for Mindful Living and Inner Freedom
သင်မှသိ • သိမှကျင့် • ကျင့်မှပယ် • ပယ်မှဆိုက်
-------------------------

🌿 Event Reminder — Buddha’s Meditation 🌿📅 Today — Wednesday, November 4, 2026🙏 You are warmly invited to join our weekly...
11/04/2026

🌿 Event Reminder — Buddha’s Meditation 🌿

📅 Today — Wednesday, November 4, 2026

🙏 You are warmly invited to join our weekly meditation teaching.

🪷 Buddha’s Meditation

From Ānāpānassati to Vipassanā Insight Meditation (19)

A Systematic Course in Samatha and Insight Meditation

🌿 This Week’s Meditation Code

စိတ်ကို တည်ငြိမ်အောင် လေ့ကျင့်ပါ • ဖြစ်ပေါ်နေသော သဘောတရားကို သတိဖြင့် သိပါ • အနိစ္စသဘောကို ပညာဖြင့် ရှုမြင်ပါ။

Cultivate Mental Stillness • Know Present Phenomena with Mindfulness • Contemplate Impermanence with Wisdom.

💡 This Week’s Reflection

စိတ်တည်ငြိမ်ခြင်းနှင့် သဘောတရားကို အမှန်အတိုင်း သိမြင်ခြင်းတို့သည် မည်သို့ ကွာခြားသနည်း။

What is the difference between a calm mind and a mind that sees reality as it truly is?

🪷 A Thought for Practice

စိတ်တည်ငြိမ်ခြင်းသည် သမာဓိ၏ အကျိုးတစ်ရပ်ဖြစ်ပြီး၊ ဖြစ်ပေါ်ပျက်စီးနေသော ရုပ်နာမ်သဘောတရားတို့ကို အမှန်အတိုင်း သိမြင်ခြင်းသည် ဝိပဿနာပညာ၏ လုပ်ငန်းဖြစ်ပါသည်။

Calmness supports concentration, while insight wisdom develops through understanding the true nature of arising and passing away.

━━━━━━━━━━━━━━━━

📖 Class Information

🙏 Taught by: Venerable Kundadhāna Sayadaw

📅 Wednesday, November 4, 2026

📘 Week 29 • Day 29

🕡 Time:

🇺🇸 Pacific Time: 6:30–8:00 PM (PST)
🇲🇲 Myanmar Time: 9:00–10:30 AM (Thursday, November 5)

💻 Join via Zoom

Meeting ID: 835 1514 9210
Passcode: metta

🌐 Languages: Burmese & English

🌿 All levels are welcome — from beginners to experienced meditators.

May our practice develop mindfulness, concentration, and wisdom, leading toward inner peace and liberation.

🙏 Win Metta
Education for Mindful Living and Inner Freedom

11/02/2026

ထာဝရငြိမ်းချမ်းရေးသို့ (၆၁)-စုဒ္ဒသာကာရ-၁၄-မျိုးသောအခြင်းအရာအားဖြင့်စိတ်ကိုဆုံးမခြင်း|REV| ဦးကုမာရ
တည်းဖြတ်ပြန်လွှင့်-သာာသနာတော်နှစ် ၂၅၇၀ | ၂၀၂၆ ခုနှစ် နိုဝင်ဘာလ (၁)ရက် တနင်္ဂနွေနေ့

၂၀၂၃ ခုနှစ် အောက်တိုဘာလ(၈) ။ပစိဖိတ်စံတော်ချိန် ၆း၃၀ - ၈;၀၀ နာရီတွင်ဘဒ္ဒန္တကုမာရာဘိဝံသ (ဖားအောက်) မှသင်ကြားပို့ချသည့်
“ဈာန်,မဂ်,ဖိုလ်တား အန္တရာယ်များပယ်ရှားရေးနှင့် ယောနိသောမနသိကာရ”
တရားတော်ကို တည်းဖြတ်၍ ဝင်းမေတ္တာသင်တန်းတွင် ပြန်လွှင့်လေ့လာသည်။

ဆရာတော် ဦးကုမာရ၏ မူလ ဗီဒီယိုများကို လေ့လာလိုပါက Dhamma teachings by U Kumarabhivamsa YouTube channel ကို သွားရောက်လေ့လာလို့ရပါသည်။
https://www.youtube.com/-UKMRBVS

မြန်မာစံတော်ချိန် တနင်္လာနေ့တိုင်း နံနက် ၈း၀၀ - ၉း၃၀၊ စင်ကာပူစံတော်ချိန် တနင်္လာနေ့တိုင်း နံနက် ၉း၃၀ - ၁၁း၀၀ တို့တွင်ဆွေးနွေးဟောပြောပို့ချပါသည်။

သင်တန်းမှတ်စုများကို အောက်ပါလင့်များတွင် အချိန်မရွေး ရယူနိုင်ပါသည်။

၁။ https://winmetta.org/sayadaw-kumarabhivamsa-class-notes/

၂။ https://winmetta.org/pa-auk-tawya-sayadaw-bhaddanta-acia/ ဖားအောက်တောရ Website: https://www.paaukforestmonastery.org/

ဖားအောက်တောရ Facebook: https://www.facebook.com/profile.php?id=100064682349897

ဆရာတော်၏ ဦးကုမာရ၏ page https://www.facebook.com/kumarabhivamsa.fb

ဝင်းမေတ္တာ Website: https://winmetta.org/ ဝင်းမေတ္တာ Facebook: https://www.facebook.com/winmetta

ဝင်းမေတ္တာ YouTube: https://www.youtube.com/c/WinMetta

ဝင်းမေတ္တာမှ ဓမ္မမိတ်ဆွေများ စုဝေးရာ Viber အဖွဲ့နှင့် ဆက်သွယ်ရန်။ https://winmetta.us18.list-manage.com/track/click?u=f19afbf994cc55621df3fff12&id=ca2563f3d3&e=7ad2efa4a8

အလင်းတန်း Website: https://www.alintann.org/

ပရိယတ် ပဋိပတ် ပဋိဝေဓ

Address

Daly City, CA

Opening Hours

Friday 9am - 5pm
Saturday 9am - 10am
6pm - 7pm
Sunday 9am - 5pm
6pm - 8pm

Alerts

Be the first to know and let us send you an email when Win Metta posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Win Metta:

Shortcuts

Share


Other Meditation Centers in Daly City

Show All