Summer D. Scents

Call Directions

Summer D. Scents Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Summer D. Scents, Mawlamyaing, Kalaw.

VCA တွေပြန်ရောက်မယ်နော့။ အဝယ်နားထားပေမဲ့ ‌အရင်ဝယ်ထားတာတွေက ရောက်လာမစဲ တသဲသဲဖြစ်နေတာ။ သမီးလည်း ရောက်မှာဆိုတော့ မြောင်စရိတ...
02/11/2026

VCA တွေပြန်ရောက်မယ်နော့။ အဝယ်နားထားပေမဲ့ ‌အရင်ဝယ်ထားတာတွေက ရောက်လာမစဲ တသဲသဲဖြစ်နေတာ။

သမီးလည်း ရောက်မှာဆိုတော့ မြောင်စရိတ်၊ ရေမွှေးဖိုးနဲ့တင် ဒီလတစ်လလုံးကတော့ ထမင်းနဲ့ရေပဲဖြစ်တော့မယ်ထင်တယ်။ 😂

Van Cleef & Arpels ကို ရေမွှေးမသိရင်တောင် သူတို့ထုတ်တဲ့ jewelry lineတွေနဲ့တော့ရင်းနှီးကြမယ်ထင်တယ်။ Alhambra Collection လိုဟာမျိုးတွေပေါ့။ Four-leaf Clover လေးတွေလေ သိတယ်ဟုတ်။

သူ့ရဲ့ Extraordinaire Collection ထဲကကိုယ်စမ်းဖြစ်တာ လေးလုံးရှိပြီ။ အခုသုံးလုံးရယ် Neroli Amara ရယ်။ Neroli Amara ကပုလင်းလိုက်ထုတ်လိုက်လို့ family photo ထဲမှာမပါတော့ဘူး 😂။
စမ်းပြီးသမျှကောင်တွေအကုန်သဘောကျတယ်။ Neroli Amara သဘောအကျဆုံး။ California reverie လဲရှေ့ရက်ကမှ Review ရေးပေးထားတယ်။ Santal Blanc ဆိုရင်လဲ Sandalwood ကြိုက်တဲ့သူတွေသဘောကျကြမှာ ။ Sandalwood ကိုမှ သဖန်းသီးကရတဲ့ ခါးသက်သက်ဖြစ်တာလေးရယ် Creaminess လေးရယ်နဲ့ တကယ်မိုက်တယ်။ Bois d’ iris ကတော့စမ်းတုန်းပဲ။

တချို့က သူ့ကို ပုလင်းပုံစံကြည့်ပြီး လက်ရှောင်ကြတာများတယ်။ သူ့ပုလင်းပုံစံလေးတွေက minimalist ဆန်တယ်။ ရိုးရိုးရှင်းရှင်းပဲ။ Bottle Design ကြောင့်တော့လက်မရှောင်နဲ့ စမ်းကြည့်ကြ။ တစ်ခုမဟုတ်တစ်ခုတော့အကြိုက်တွေ့မှာရယ် ။ Trust me 😉

Le Labo တွေရောက်တာ ရက်ပိုင်းနောက်ကျပါမယ်။ ရန်ကုန်ကနေ ကိုယ့်ဆီကို သောကြာနေ့ကပို့ဖို့လုပ်ထားတယ်ဆိုပေမဲ့ MGL က လာမကောက်တာနဲ...
02/11/2026

Le Labo တွေရောက်တာ ရက်ပိုင်းနောက်ကျပါမယ်။
ရန်ကုန်ကနေ ကိုယ့်ဆီကို သောကြာနေ့ကပို့ဖို့လုပ်ထားတယ်ဆိုပေမဲ့ MGL က လာမကောက်တာနဲ့ စနေ၊ တနင်္ဂနွေပါ ခံသွားပြီး ဒီနေ့မှ ပို့ရတော့မှာမို့ပါ။ MGL က sat, sun နားတာမို့လေ။ အဲ့ဒါမို့ ယူတို့ကိုပြန်ပို့ရမဲ့ရက်လည်းနောက်ကျသွားပါမယ်နော်။

Royal နဲ့ဘာလို့မအပ်လဲဆိုတော့ ကြောက်လို့ပါ။
sample လေးတွေက သေးသေးလေးတွေကိုမှ အခု ၅၀ ဆိုတော့ ကွဲနိုင်ချေရှိလို့ မစွန့်စားရဲတာပါ။ 🥹

နှင်းဆီနံ့တွေကို စပြီး ကြိုက်တတ်လာအောင် Diptyque ရဲ့ Eau Rose EDT က အစပြုပေးလိုက်တယ်ဆိုပေမဲ့ ကိုယ်နဲ့အစောဆုံး ရင်းနှီးခဲ...
02/11/2026

နှင်းဆီနံ့တွေကို စပြီး ကြိုက်တတ်လာအောင် Diptyque ရဲ့ Eau Rose EDT က အစပြုပေးလိုက်တယ်ဆိုပေမဲ့ ကိုယ်နဲ့အစောဆုံး ရင်းနှီးခဲ့တဲ့ နှင်းဆီနံ့နှစ်ခုက Bvlgari ရဲ့ Rose Goldea နဲ့ ဒီ Rose N' Roses ပါ။ အဲ့မတိုင်ခင်က နှင်းဆီနံ့ရေမွှေးဆိုရင် ကိုယ်နဲ့ သက်ဆိုင်တယ်လို့ကို မတွေးဘူးရယ်။

Rose Goldea နဲ့ ဒီကောင်လေးကိုလည်း အခြားရေမွှေးတွေဝယ်ရင်း လမ်းကြုံလို့ miniature စမ်းတာ။ Spray Head မပါဘဲ တို့ပြီးစမ်းရတာမျိုးပေါ့။ အဲ့တုန်းက Rose Goldea က ကိုယ့်အတွက် တော်တော်လေးပျင်းစရာကောင်းနေခဲ့တယ်။ လုံးဝအသစ်လေးပဲရှိသေးတော့ သူ့ရဲ့ ငြိမ်လွန်း အေးလွန်း ယဉ်လွန်းတာကို အလှလို့သိပ်မြင်တတ်ဘူးပေါ့။ အဲ့တော့ ပိုဓာတ်ကျသွားတာက ဒီ Rose N' Roses ပဲ။ နောက်ကျ Full Size ပါဝယ်ဖြစ်သွားတယ်။ အခုပုလင်းက ဒုတိယမြောက် Full Size ပါ။ 🩷🌹

သူ့မှာ ပုံမှန်မြင်နေကျလို နှင်းဆီနံ့နုနုကို သစ်သီးရနံ့လေးနဲ့ပေါင်းထားတယ်ဆိုပေသိ ထူးခြားနေတာက Fresh Spicy ဖြစ်နေတာပဲ။ ခပ်ရှိန်းရှိန်းရှရှလေးနဲ့ bright & sparkling ဖြစ်တယ်။ အဲ့ဒါလေးကို တော်တော်စွဲလမ်းတာ။ အဲ့တုန်းကတော့ အနံ့တွေကို ဘယ်လိုဘယ်ဝါ‌ခွဲပြီးပြောရမယ်မသိတော့ ပရုတ်ဆီလူးပြီး ရေလောင်းထားသလို ရှိန်းတိန်းဖိန်းတိန်း အေးအေးလေးဖြစ်တာကိုပဲ သိတယ်။ ကြိုက်တယ်။ ခဏခဏဆွတ်ဖြစ်တယ်။
အဲ့အချိန် နောင်ချိုမှာ နေနေတာဆိုတော့ အခုကျ သူ့အ‌နံ့ရရင် နောင်ချိုပြန်ရောက်သွားသလိုပဲ။ ကိုယ့်အဖြစ်က မိုက်တယ်နော် ရေမွှေးနံ့နဲ့တင် ကမ္ဘာပတ်လို့ရတယ်။ xD

Rose N' Roses မှာက နှင်းဆီ‌ကို Bergamot နဲ့ Mandarin Orange တို့လို citrus ‌fruit ပေါင်းထားတာမို့ အချိုဓာတ်လေးတာမျိုး အီတာမျိုးမရှိဘဲ လန်းဆန်းပါတယ်။ အဲ့ဒါကိုမှ အဖွင့်မှာ Fresh Spicy ဖြစ်ပြီး ဆယ့်ငါးမိနစ်‌ နာရီဝက်လောက်နေရော powdery ဖြစ်တဲ့ ချိုကြည်မြနှင်းဆီအဖြစ်ကို ရောက်ပါတယ်။ အဲ့ဒီနှင်းဆီက တော်တော်လှတာပါ။ လူကြီးဆန်လွန်းတာမဟုတ်သလို အရမ်းနုနုငယ်ငယ်ပုံစံမျိုးလည်းမဟုတ်ဘဲ လှတာ။ နောက်ပိုင်းမှာတော့ musky ဖြစ်တဲ့ နှင်းဆီရနံ့အဖြစ်နဲ့ အဆုံးသတ်သွားတယ်။

Projection ကောင်းတယ်။ Longevity လည်းမဆိုးဘူး။ 6/7 hours လောက်ဖြစ်မယ်။ နှင်းဆီကိုမှ ငြိမ်အေးလွန်းတာမျိုးမဟုတ်ဘဲ တောက်တောက်ပပ လင်းလင်းလက်လက်ရှိတဲ့ အနံ့မျိုးစမ်းချင်ရင် ဒါလေးစမ်းကြည့်ပါ။ Powdery ဖြစ်တာမို့ လုံးဝ airy ဖြစ်တဲ့ အနံ့တွေပဲ ကြိုက်ရင်တော့ သိပ်အဆင်မပြေလောက်ပါဘူးနော်။ 🩷

ဘယ်အချိန်မေးမေး Fleur De Peau EDP က ကိုယ်အကြိုက်ဆုံး Diptyque ရေမွှေးပဲ။ Diptyque မှာ သူ့အနံ့ထက် ပိုကောင်းတဲ့ရေမွှေးမရှိ...
01/11/2026

ဘယ်အချိန်မေးမေး Fleur De Peau EDP က ကိုယ်အကြိုက်ဆုံး Diptyque ရေမွှေးပဲ။ Diptyque မှာ သူ့အနံ့ထက် ပိုကောင်းတဲ့ရေမွှေးမရှိတော့တာမဟုတ်ဘဲ ကိုယ့်အတွက် အကြိုက်ဆုံးမရှိနိုင်တော့တာလို့ ပြောရမယ်ထင်တယ်။

အနံ့ရတာနဲ့ ကိုယ့်ကို စိတ်တည်ငြိမ်‌ရစေတဲ့အနံ့မျိုးပါ။ ပုံမှန်အားဖြင့် Aromatic ဖြစ်တဲ့အနံ့တွေမှာ ခံစားရတတ်တဲ့ soothing/ calming effect ကို ဒီရေမွှေးဆီမှာ ထူးထူးခြားခြားမြင်ရပါတယ်။

ကိုယ့် personality နဲ့လိုက်သလို ဆွတ်ထားချိန်မှာ တစ်သားတည်းကျနေပြီး တစ်ခုချင်းစီ ခွဲခြားလို့ မရနိုင်တော့တာကိုလည်း ကြိုက်တယ်။ ရေမွှေးတခြား လူတခြားဖြစ်မနေတော့တာမျိုးပေါ့။ 🖤

ဒုတိယအကြိုက်ဆုံးကတော့ Orpheon မဟုတ်တော့ဘူး။ ပြောင်းသွားပါပြီ။

Musk Therapy ကို 30ml ခွဲထုတ်ပေးရတဲ့အချိန် ရင်ဘတ်ထဲက နည်းနည်းတော့ အောင့်တယ်။  အစ်မ‌ဖြစ်သူက အကြွေးနဲ့သိမ်းတာဆိုတော့ ပိုလိ...
01/11/2026

Musk Therapy ကို 30ml ခွဲထုတ်ပေးရတဲ့အချိန် ရင်ဘတ်ထဲက နည်းနည်းတော့ အောင့်တယ်။ အစ်မ‌ဖြစ်သူက အကြွေးနဲ့သိမ်းတာဆိုတော့ ပိုလို့တောင်အောင့်တယ်။ 🥲😂

COD ပေးတာတွေ နားထားပါသေးတယ်နော်။ တကယ်အဆင်မပြေသေးလို့ပါ။ မယုံလို့မပေးတာမဟုတ်ဘဲ ငွေအရမ်းအောင်းနေလို့ မပေးတာပါ။ အကုန်လုံးကို ယုံပါတယ်ရှင်။ 🤍

Bleu Noir လိုင်းထဲ ဘယ်တစ်ခုကို အကြိုက်ဆုံးလဲ။ စမ်းဖူးသူတွေရှိရင် ဖြေပေးကြပါဦး။ 💙‌ကိုယ်ကတော့ တစ်ခုချင်းသေချာမစမ်းရသေးပေမဲ...
31/10/2026

Bleu Noir လိုင်းထဲ ဘယ်တစ်ခုကို အကြိုက်ဆုံးလဲ။ စမ်းဖူးသူတွေရှိရင် ဖြေပေးကြပါဦး။ 💙
‌ကိုယ်ကတော့ တစ်ခုချင်းသေချာမစမ်းရသေးပေမဲ့ EDP ကိုအကြိုက်ဆုံးပါ။ ပြီးရင် EDT ကြိုက်တယ်၊ ပြီးမှ EDT Extreme, Parfum ပါ။

EDP> EDT> EDT Extreme> Parfum ပေါ့။ ဒီနေရာမှာ အကြိုက်ဆုံးဆိုတာက အကောင်းဆုံးလို့ ဆိုလိုတာမဟုတ်နော်။

အထာအကျဆုံးကတော့ Parfum ပဲ။ Mature ဖြစ်တယ် Rich ဖြစ်ပါတယ်။ Bleu Noir DNA ထဲဝင်တယ်ဆိုပေမဲ့ ချိူရီနွေးထွေးပြီးအခြားကောင်တွေနဲ့ တော်တော်လေးကွဲထွက်တယ်။ Woody ထင်းတယ်။

EDP ကတော့ Clean ဖြစ်တယ် သန့်တယ်ဆိုပေသိ နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုး။ တော်တော်လေးညက်တယ်။

EDT မှာတော့ Fresh Spicy ဖြစ်တယ်။ Unisex အဆင်ပြေတယ်။ သန့်တယ်၊ ခေါင်းကြည်စေတယ်။ EDT Extreme ကတော့ EDT ကိုမှ ပိုပြီး refreshing ဖြစ်တာမျိုးပဲ။ vibe တူတယ်။

ဒီကောင်တွေကို အခုလို အားလုံးအတူတစ်ခါတည်း review ရေးတာထက် ခွဲရေးတာက ပိုအဆင်ပြေမယ်ထင်လို့ အရှည်ရေးတဲ့အခါကျရင် နှစ်ခု နှစ်ခုစီခွဲရေးပေးပါ့မယ်။ အဲ့ဒါမှ ကိုယ်လည်းသေချာအာရုံစိုက်လို့ရမှာရယ်။ မဟုတ်ရင် အနံ့သုံးခုကခပ်ဆင်ဆင်ဆိုတော့ လည်ထွက်နေမှာ။

ရေမွှေး review အတွက်လေ ဘယ်လိုပဲအနံ့တွေစမ်းပြီး ရေးထားထား customer တစ်ယောက်ယောက်က  သေသေချာချာ ထပ်လာမေးရင် တိကျအောင် အပြေး...
31/10/2026

ရေမွှေး review အတွက်လေ ဘယ်လိုပဲအနံ့တွေစမ်းပြီး ရေးထားထား customer တစ်ယောက်ယောက်က သေသေချာချာ ထပ်လာမေးရင် တိကျအောင် အပြေးသွားဆွတ်ပြီး လက်ရှိခံစားချက်ကို ပြန်ပြောပေးပါတယ်။ ယူတို့အတွက် ပိုအဆင်ပြေအောင်လို့ပါ။ အဲ့ဒါမို့ တစ်ခါတလေ ကိုယ့်ရဲ့ SOTD တွေက သုံးလေးမျိုးဖြစ်နေတာရယ်။

အဲ့လို ညွှန်းပေးလို့ အဆင်ပြေတယ်လို့ သိရတဲ့အခါ ဝမ်းသာရ၊ သိပ်မပြေဘူး ပြန်ကြားရတဲ့အခါ အားနာရပါပဲ။ များသောအားဖြင့် အဆင်ပြေတယ်ဆိုလို့ တော်ပါသေးတယ်။

ပုံကတော့ ပူလို့အိမ်ရှေ့ထွက်ထိုင်နေရင်း ခေါင်မိုးပေါ်လာနားတဲ့ ငှက်က တော်တော်လှတာမို့ ဓာတ်ပုံထရိုက်တာ။ သို့ပေသိ မောင်မင်းကြီးသားက ကျောကြီးပေးထားလို့ အခုရုပ်ထွက်ပဲဖြစ်သွားတယ်။ ဆောရီး။ 🫪

တအားနာမည်ကြီးတဲ့ Narciso Rodriguez ရေမွှေးတွေကို စမ်းကြည့်ချင်တယ် ဘယ်ကစပြီး စမ်းရမလဲမသိဘူးဆိုရင် Pure Musc က အရင်စကြည့်။...
31/10/2026

တအားနာမည်ကြီးတဲ့ Narciso Rodriguez ရေမွှေးတွေကို စမ်းကြည့်ချင်တယ် ဘယ်ကစပြီး စမ်းရမလဲမသိဘူးဆိုရင် Pure Musc က အရင်စကြည့်။ သူ့ရဲ့ musk က အခြားကောင်တွေထက် ညှီတယ်လို့ ခံစားရနိုင်ချေနည်းတယ်။ Clean သိပ်ဖြစ်လွန်းလို့ ဘယ်အချိန် ဘယ်နေရာ ဘယ်လိုရာသီဥတုမဆို ဆွတ်လို့အဆင်ပြေတယ်။ သူနဲ့အဆင်ပြေတယ်ဆိုရင်တော့ NR ရဲ့ အကောင်းဆုံးရေမွှေးတွေဖြစ်တဲ့ For Her EDT, EDP ကိုစမ်း။ အကယ်၍ Pure Musc နဲ့မပြေရင်တော့ ဟိုနှစ်ခုနဲ့ပါ အဆင်ပြေချေ နည်းပါတယ်။

For Her EDT အနက်ရောင်တော့ ပန်းရောင်ထက်စာရင် Light & Airy ဖြစ်တယ်။ ချိုတဲ့အနံ့လုံးဝမပါဘူး။ Comfy ဖြစ်တဲ့ Musk ငြိမ့်ငြိမ့်လေးကိုပဲ ကြည်ကြည်ရှင်းရှင်းမြင်ရမှာပါ။ Pure Musc နဲ့အိုကေတယ်ဆို ဒါလေးနဲ့ တစ်ဆင့်ထပ်တက်ကြည့်။

ပန်းရောင် EDP ပုလင်းမှာတော့ မက်မွန်သီးရဲ့ ချိုလွလွအနံ့ရယ် ၊နှင်းဆီနံ့နုနုလေးရယ်ပေါင်းထားလို့ ရှူရှိုက်ရတာပိုပြီး အရသာရှိတဲ့ အနံ့လေးဖြစ်သွားပါတယ်။ အချိုတအားမများဘူး။ အီတာမရှိဘူး။ ပြေပြေဖျော့ဖျော့လေးပဲ။ ဒါပေမဲ့ အချိုလုံးဝမကြိုက်ရင်တော့ သူ့လက်ရှောင်ပြီး EDT ပဲစမ်းပါ။

ဒီသုံးခုက ကိုယ့်အတွက် စမ်းဖူးတဲ့ Narciso ထဲ အကောင်းဆုံးသုံးခုလို့ ခံစားရတဲ့ ရနံ့တွေပါ။ နှင်းဆီနံ့ကြိုက်သူများအတွက်တော့ Musc Noir Rose ကိုပါ ထပ်ပေါင်းပေးချင်တယ်။ အခြားမစမ်းရင်တောင် အဲ့ကောင်တွေကိုတော့ စမ်းစေချင်လို့ ညွှန်းမိတဲ့ ရနံ့တွေပေါ့။

ဆိုတော့ Musky Scent တွေနဲ့ပတ်သက်ပြီး လုံးဝ Entry Level ပဲဆိုရင် Pure Musc, Musc Noir တို့ကိုပဲ အရင်စမ်းပါ။ OG လိုင်းက သိပ်ကောင်းတယ်ဆိုပေမဲ့ လူတိုင်းအတွက်မဟုတ်ပါဘူးလို့။ နော်။

Valaya Exclusif နဲ့ Delina La Rosée ကလွဲပြီး ကျန်တာရပါဦးမယ်နော်။ အသစ်တွေရောက်မှာမို့ထုတ်ရပေမဲ့ ငွေဈေးတွေအတက်ကြမ်းနေတာနဲ့...
31/10/2026

Valaya Exclusif နဲ့ Delina La Rosée ကလွဲပြီး ကျန်တာရပါဦးမယ်နော်။
အသစ်တွေရောက်မှာမို့ထုတ်ရပေမဲ့ ငွေဈေးတွေအတက်ကြမ်းနေတာနဲ့ ထုတ်ရတာတောင် နှမြောတယ်။ 🥲

ပန်းနံ့‌တွေ သစ်သီးနံ့တွေမဟုတ်ဘဲ ရေချိုးပြီးကာစသူလို ဒီအတိုင်း ရှင်းသန့်‌နေတဲ့အနံ့မျိုး စမ်းချင်ရင် ဒါလေးစမ်းကြည့်။ Woody...
30/10/2026

ပန်းနံ့‌တွေ သစ်သီးနံ့တွေမဟုတ်ဘဲ ရေချိုးပြီးကာစသူလို ဒီအတိုင်း ရှင်းသန့်‌နေတဲ့အနံ့မျိုး စမ်းချင်ရင် ဒါလေးစမ်းကြည့်။ Woody Aromatic ဖြစ်တဲ့ အနံ့တွေကြိုက်တတ်ရင် ပိုအဆင်ပြေတယ်။ 🩶

သူ woody ဖြစ်တာက သနပ်ခါးတွေ၊ နံ့သာဖြူတွေ၊ တောင်သံကြီးနံ့တွေမဟုတ်ဘဲ တကယ်သစ်နံ့အေးအေးပဲ။ စိမ်းတာကလည်း မခံသာအောင် ရက်ရက်စက်စက်စိမ်းတာမဟုတ်ဘူး။ အေးချမ်းပြီး soothing ဖြစ်တယ်ဆိုရုံလေး။ ပြီးတော့ earthy ဖြစ်တယ်။ စိမ်းလန်းအေးချမ်းပြီး သဘာဝနဲ့ နီးစပ်တဲ့အနံ့မျိုး။ ရေမွှေးနံ့ထောင်းလမောင်း ထနေတာမျိုးမရှိဘူး။

For Men ဆိုပေသိ masculine သိပ်မဖြစ်တဲ့အနံ့မို့ မိန်းကလေးဆွတ်လို့လည်း ရတယ်။ ကိုယ်တော့ တော်တော်ဆွတ်ဖြစ်တယ်။ ဒီနေ့ဆို တစ်နေကုန် Ex Nihilo ရဲ့ Speed Legends နဲ့ ဒီကောင်ပဲဆွတ်တာ။ ပူတော့ ဒီလိုအနံ့တွေပဲဆွတ်ချင်တော့တယ်။

ပျံ့လွင့်အားနဲ့ အနံ့စွဲတာကတော့ အသင့်အတင့်ပဲ။ အကောင်းကြီးမဟုတ်ဘူး။ weak တဲ့အထဲတောင်ပါတယ်။ ဒါပေမဲ့ ဆွတ်တိုင်း တအားစိတ်အေးချမ်းရလို့ ကြိုက်တယ်။

ဒါနဲ့ သမီးလေးရောက်တော့မှာမို့ ဒီနေ့တစ်နေကုန် အိမ်ရှင်း ရေမွှေးတွေ နေရာချလုပ်နေတာနဲ့ တစ်နေကုန်ပျောက်ချက်သား ကောင်းနေတာရယ်။ ပုလင်းတွေအကုန် စင်ပေါ်ကနေချပြီး အောက်မှာပဲ ထားတော့တယ်။ သမီး post ကိုလည်း တအား viral ဖြစ်သွားလို့ ဖျက်လိုက်တာပါ။ ရေမွှေး page ဆိုတော့ အထင်မှားကြမှာ စိုးတာလည်း ပါတယ်။ နာမည်တော့ ရွေးပြီးပါပြီ မြန်မာအမည် မြဂွမ်းပုံ ဘိုလို Iris ပါ။ 😂🤍

Address

Mawlamyaing
Kalaw

Telephone

+959253062303

Website

Alerts

Be the first to know and let us send you an email when Summer D. Scents posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby clinics