Zen Yoga

Directions Contact the practice

Zen Yoga Do your Practice, All is coming. Dm us to online & offline Yoga training class for individual or group sessions. Everything comes to you in the right moment.

Be patient.

October လ တစ်လလုံး In-person အတန်းတွေခဏနားပါမယ်ရှင့် 🙏🥰Online Class လေ့ကျင့်ချင်တယ်ဆိုရင်Tues/ Thurs/Sat/Sun ~ 7:00am to...
04/10/2026

October လ တစ်လလုံး In-person အတန်းတွေ
ခဏနားပါမယ်ရှင့် 🙏🥰

Online Class လေ့ကျင့်ချင်တယ်ဆိုရင်

Tues/ Thurs/Sat/Sun ~ 7:00am to 8:00am မှာ ပါဝင်လေ့ကျင့်လို့ရပါတယ်။

Registration လုပ်ချင်တယ်ဆို

Viber Phone ~09-971961574 ကို

စုံစမ်းမေးမြန်းဆက်သွယ်လို့ရပါတယ်။

November မှာ In-person အတန်းတွေပြန်ဖွင့်ပါမယ်။ See you soon🥰

27/09/2026

✨Menopause (သွေးဆုံးခြင်း)နှင့်ယောဂကျင့်စဉ်✨

🌿 အမျိုးသမီးတိုင်း သိထားသင့်သည့်
အားအင်သစ်ဖြည့်တင်းနည်းများ 🌿

သွေးဆုံးခါနီး သို့မဟုတ် သွေးဆုံးပြီးစ အမျိုးသမီးများအတွက် ယောဂလေ့ကျင့်ခြင်း၏အကျိုးကျေးဇူးနှင့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

အမျိုးသမီးတစ်ယောက်၏ ဘဝတွင် Menopause (သွေးဆုံးခြင်း) ဆိုသည့် အချိန်အပိုင်းအခြားသည် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အပြောင်းအလဲကြီးတစ်ခုကို ဖြတ်သန်းရသည့် သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်တတ်သည့် Hot flashes (ရုတ်တရက် ပူရှိန်းဖြစ်ခြင်း)၊ အိပ်မပျော်ခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်းနှင့် စိတ်ခံစားချက် အတက်အကျမြန်ခြင်းတို့သည် ဒုက္ခပေးလေ့ရှိပါတယ်။ ဤအချိန်တွင် ယောဂလေ့ကျင့်ခြင်း (Yoga Practice) သည် ခန္ဓာကိုယ်၏ ဟန်ချက်ကိုပြန်လည်ထိန်းညှိပေးနိုင်သည့် အကောင်းဆုံး
သဘာဝဆေးတစ်ခွက် ဖြစ်ပါတယ်။

🌸 ၁။ ဟော်မုန်းနှင့် အာရုံကြောစနစ်ကို ဟန်ချက်ညီစေခြင်း
ယောဂ၏ Pranayama (အသက်ရှူလေ့ကျင့်ခန်း) နှင့် ငြိမ်သက်သော အာသနများသည် Parasympathetic Nervous System (အနားယူစနစ်) ကို လှုံ့ဆော်ပေးပါတယ်။

🍀Sheetali Pranayama က ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးပြီး Hot Flashes ကို ချက်ချင်း သက်သာစေပါတယ်။
🍀Nadi Shodhana က ဦးနှောက်နှင့် အာရုံကြောကို ငြိမ်သက်စေပြီး စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်
ခြင်းများကို ဟန်ချက်ညီစေပါတယ်။

🦴 ၂။ အရိုးအဆစ်နှင့် ကြွက်သားများ သန်မာစေခြင်း
သွေးဆုံးချိန်တွင် Estrogen ဟော်မုန်း လျော့နည်းသွားသည့်အတွက် အရိုးပါးရောဂါ (Osteoporosis) ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။

✨ခန္ဓာကိုယ်အလေးချိန်ကို အသုံးပြုရသည့် Weight-bearing Asanas များ (ဥပမာ - Warrior Poses, Tree Pose) က အရိုး၏ သိပ်သည်းဆကို ထိန်းသိမ်းပေးပါတယ်။
✨အဆစ်အမြစ် တောင့်တင်းမှုများကို ပြေလျော့စေပြီး ပြောင်းလွယ်ပြင်လွယ်ရှိမှုကို တိုးတက်စေပါတယ်။

🌙 ၃။ နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး စိတ်ဖိစီးမှု လျှော့ချပေးခြင်း
🧎🏼‍♀️Bhramari Pranayama (ပျားအသံပြု အသက်ရှူနည်း) နှင့် Yoga Nidra (ယောဂီအိပ်စက်ခြင်း) တို့သည် Stress Hormone (Cortisol) ကို ကျဆင်းစေပြီး ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်စေရန် ကူညီပေးပါတယ်။

🧘‍♀️ မည်သို့သော ယောဂအမျိုးအစားများ လေ့ကျင့်သင့်သလဲဆိုရင်

၁။ Restorative / Yin Yogaခန္ဓာကိုယ်ကို ဖိအားမပေးဘဲ Props (အထောက်အကူပြု ဘလောက်၊ ခေါင်းအုံး) များသုံး၍ အနားယူစနစ်ကို လှုံ့ဆော်ခြင်း။

၂။ Gentle Hatha Flow ကြွက်သားအင်အားနှင့် အရိုးအဆစ်များကို ဖြည်းဖြည်းနှင့် ပုံမှန် အားဖြည့်ပေးခြင်း။

၃။ Cooling & Balancing Pranayama အသက်ရှူလေ့ကျင့်ခန်းများကို ပုံမှန် ထည့်သွင်းလေ့ကျင့်ပေးသင့်ပါတယ်။

💡 အထူးအကြံပေးချင်တာက

💝Menopause ဆိုတာ ဘဝရဲ့ နိဂုံးမဟုတ်ပါဘူး။ မိမိကိုယ်ကို ပိုမို ဂရုစိုက် စောင့်ရှောက်ရမည့် "ဒုတိယမြောက် နွေဦး" (Second Spring) ဖြစ်ပါတယ်။
ယောဂလေ့ကျင့်ပြီး ကျန်းမာခြင်းနဲ့အတူ
ဒီအပြောင်းအလဲကို အေးချမ်းစွာအတူတူဖြတ်သန်းလိုက်ကြရအောင်။

Zen Yoga With Shwe Zin Paing🙆🏼‍♀️


သူမ ယောဂသင်တန်းစတက်တုန်းကအချိန်ကိုသတိရမိတယ်၊  ခြေတစ်လှမ်းလှမ်းဖို့တောင်မနဲကြိုးစားခဲ့ရတဲ့အနေအထား ၊ တစ်ကိုယ်လုံးတင်းကြပ်န...
20/09/2026

သူမ ယောဂသင်တန်းစတက်တုန်းကအချိန်ကိုသတိရမိတယ်၊ ခြေတစ်လှမ်းလှမ်းဖို့တောင်မနဲကြိုးစားခဲ့ရတဲ့အနေအထား ၊ တစ်ကိုယ်လုံးတင်းကြပ်နေတော့ ပိုပင်ပန်းခက်ခဲခဲ့တယ် ချွေးတွေအပြည့်နဲ့ လေ့ကျင့်မှုတွေကိုမရပ်နားခဲ့ဘူး၊ အိမ်ထောင်ရှင်မိခင် လုပ်ငန်းခွင်ထဲကအမျိုးသမီးတစ်ယောက်ဆိုတော့ ကိုယ့်အတွက်အချိန်ကို ရအောင်ယူပြီး ဖြေးဖြေးမှန်မှန်နဲ့ ဇွဲရှိရှိနဲ့လေ့ကျင့်ခဲ့တယ်။ အခုတော့ပိုပြီးပေါ့ပါးလာတယ် သန်မာလာတယ် စိတ်တည်ငြိမ်ပြီး အသက်ရှူမှန်လာတဲ့အပြင် Ujjayiအသက်ရှူနည်းနဲ့ပါ လေရှူတတ်လာတယ်။ လေ့ကျင့်လို့ကောင်းတော့ ယောဂကိုပိုကြိုက်လာတယ်။ သင်ပေးတဲ့ကျမအနေနဲ့လဲ ဒီလိုလေးတွေမြင်ရတော့ ကျေနပ်ပြီးပျော်ရတယ် 🥰🥰🥰🤸‍♀️🤸🏼.

16/09/2026

ယောဂကိုစွဲစွဲမြဲမြဲလေ့ကျင့်ဖြစ်ဖို့အတွက်

"Motivation က သင်စတင်နိုင်အောင် ကူညီပေးပေမဲ့ Discipline ကတော့ သင့်ကို ပန်းတိုင်ရောက်အောင် ဆက်လျှောက်စေပါတယ်..." 🌿

ဒါကြောင့် စိတ်ပါ/မပါဆိုတဲ့ ခံစားချက်ကို မစောင့်ဘဲ "နေ့စဉ် ဖျာပေါ်ရောက်အောင် တက်မယ်" ဆိုတဲ့ ရိုးရှင်းတဲ့ Discipline လေးကိုပဲ အလေးထား တည်ဆောက်သွားဖို့ အကြံပြုချင်ပါတယ်🥰✨🤸🏼





06/09/2026
Kids Yoga  Movement 🥰🤸‍♀️🤸🏼
05/09/2026

Kids Yoga Movement 🥰🤸‍♀️🤸🏼

Watch, follow, and discover more trending content.

Time to practice Ashtanga Yoga Vinyasa 🍀🥰
04/09/2026

Time to practice Ashtanga Yoga Vinyasa 🍀🥰

Watch, follow, and discover more trending content.

02/09/2026

ကိုယ့်ကိုယ်အချိန်ပေးဖို့လိုတယ်နော် 🍀🍀🍀

29/08/2026

တစ်နေကုန် ရုံးထိုင် အလုပ်လုပ်ရလို့ ခါးတောင့်တာ၊ ပခုံးကိုင်းတာနဲ့ အကြောတက်တာတွေကို ခံစားနေရပါသလား?

Mat Pilates ဆိုတာ အလေးချိန်နဲ့ စက်ပစ္စည်းတွေ မလိုဘဲ မိမိခန္ဓာကိုယ် အလေးချိန် (Bodyweight) ကို အသုံးပြုပြီး

✅ ခန္ဓာကိုယ်ရဲ့ ဗဟိုချက် (Core Muscles) ကို အဓိက သန်မာစေတယ်

✅ ခါးနာ၊ ဂုတ်နာ၊ ပခုံးတောင့်တာတွေကို သက်သာစေတယ်

✅ Posture မှန်ကန်စေပြီး ခန္ဓာကိုယ် ကောက်ကြောင်းကို သွယ်လျ လှပစေတယ်

✅ Impact နည်းတာကြောင့် အဆစ်အမြစ် နာကျင်မှု မရှိဘဲ ဘေးကင်းစွာ လေ့ကျင့်နိုင်ပါတယ်။

ယောဂဖျာ (Mat) တစ်ချပ်နဲ့တင် ခန္ဓာကိုယ်ရဲ့ Flexibility, Balance နဲ့ Strength ကို တစ်ပြိုင်နက်
တည်း ရရှိစေမယ့် သင်တန်းလေးဖြစ်ပါတယ်။

🗓 Wednesday &Friday
⏰Morning 8:30am to 9:30am
📍 No.116, Sethmu 2Street, 8 Ward, South Okkalapa Township, Yangon.

✨ Quality ကို အဓိကထားမှာ ဖြစ်လို့ အတန်းတိုင်းအတွက် သင်တန်းသား ဦးရေ အကန့်အသတ်ပဲ လက်ခံသွားမှာပါနော်။

📩 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Messenger မှတစ်ဆင့်ဖြစ်စေ၊
📞 (09-971961574) သို့ ဖြစ်စေ တိုက်ရိုက် ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ပါပြီ။



September လမှာ အထူးအတန်းသစ်အနေဖြင့် 🤸‍♀️Mat Pilates ကို  🍀Wednesday & Friday ~ 8:30am to 9:30am အတန်းသစ်စတင်သင်ကြားပေးမှ...
28/08/2026

September လမှာ အထူးအတန်းသစ်အနေဖြင့်
🤸‍♀️Mat Pilates ကို

🍀Wednesday & Friday ~ 8:30am to 9:30am

အတန်းသစ်စတင်သင်ကြားပေးမှာဖြစ်ပါတယ်။

Mat Pilates ဆိုတာ Yoga Mat ပေါ်မှာ ခန္ဓာကိုယ်အလေးချိန် (Bodyweight) ကို အဓိကအသုံးပြုပြီး ပြုလုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း အမျိုးအစား ဖြစ်ပါတယ်။

ဂျာမန်လူမျိုး Joseph Pilates က ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ဟန်ချက်ညီမှုနှင့် ပြန်လည်သန်စွမ်းလာစေရန် ရည်ရွယ်၍ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး စက်ပစ္စည်းကြီးများ မလိုပဲအခြေခံ Mat ဖျာတစ်ချပ်ရှိရုံဖြင့် လေ့ကျင့်နိုင်ပါတယ်။

Mat Pilates က ဒဏ်ရာရရှိမှု Low-impact နည်းပါးပြီး ဘေးကင်းသည့်အတွက် အသက်အရွယ်မရွေး၊ ကျန်းမာရေးအခြေအနေ အမျိုးမျိုးရှိသူများ လေ့ကျင့်ရန် သင့်တော်ပါတယ်။

Mat Pilates ကို လေ့ကျင့်သင့်သူတွေကတော့

✨ခါးနာ/ကျောနာ ဝေဒနာရှိသူများ

✨ရုံးထိုင်အလုပ်လုပ်သူများ

✨လေ့ကျင့်ခန်း စတင်လုပ်ဆောင်ချင်သူများ

✨အလေးမခြင်း သို့မဟုတ် ပြင်းထန်သည့် လေ့ကျင့်ခန်းများ မလုပ်မီ အခြေခံ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ကြွက်သား ထိန်းချုပ်မှုကို တည်ဆောက်ချင်သူများ

✨အားကစားသမားများ

✨အဆစ်အမြစ် နာကျင်လွယ်သူများ

✨မီးဖွားပြီးစ မိခင်များ

✨စိတ်ဖိစီးမှု လျှော့ချချင်သူများ ဖြစ်ပါတယ်။

Mat Pilates ကကြွက်သားများ၏ ကြံ့ခိုင်မှု (Strength)၊ ထိန်းချုပ်နိုင်မှု (Control) နှင့် Core Endurance ကို ပိုမိုဇောင်းပေး လေ့ကျင့်ရတာဖြစ်လို့
ခန္ဓာကိုယ် ဗဟိုချက်သန်မာရေး(Core)ကို ဦးတည်သည့် ခေတ်သစ် အားကစားနှင့် ကြွက်သား လေ့ကျင့်စဉ်တစ်ခု ဖြစ်ပါသည်။

ခန္ဓာကိုယ် ပိုမိုသန်မာစေပြီး posture ကောင်းမွန်စေရန်အတွက် အလွန်ကောင်းမွန်သောကြောင့်
ယခုခေတ်မှာ Yoga နဲ့ Mat Pilates နှစ်ခုလုံးကို ပေါင်းစပ်လေ့ကျင့်ခြင်းများလည်း ရှိကြပါတယ်။

သင်တန်းအသေးစိတ်ကို မေးမြန်းချင်ရင်

Ma Shwe Zin Paing 📲09-971961574(Viber)ကိုဆက်သွယ်လို့ရပါတယ်။





Address

No. 116, Sethmu 2 Street, 8 Ward, South Okkalapa Twonship
Yangon
11091

Opening Hours

Tuesday 07:00 - 08:00
Thursday 07:00 - 08:00
Friday 07:00 - 08:00
Saturday 07:00 - 18:30
Sunday 07:00 - 18:30

Website

Alerts

Be the first to know and let us send you an email when Zen Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Zen Yoga:

Shortcuts

Share

Category