Ji NA's Views

Ji NA's Views ကျွန်မကို လူသိများဖို့မလိုဘူး ကျွန်မစာတွေလူဖတ်များဖို့ပဲလိုတယ် 🇲🇲Ji NA

06/08/2026

အရသာကောင်းတဲ့ Pleasanton မြို့က အိန္ဒိယဆိုင်လေးကိုတကူးတကသွားစားခဲ့ပါတယ်ရှင် သရက်သီးဖျော်ရည်အရမ်းသောက်လို့ကောင်းလို့သွားဖြစ်ရင်မှာသောက်ဖို့ပြောချင်ပါတယ်ရှင့်

💁🏼‍♀️🇺🇸‼️ကျားဖြန့်တို့ ဘာသာရေးမဲဆွယ်တာတို့ဆိုတာ မြန်မာမှာပဲရှိတယ်မထင်နဲ့နော် ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ အမေရိကားကြီးမှာ...
06/07/2026

💁🏼‍♀️🇺🇸‼️ကျားဖြန့်တို့ ဘာသာရေးမဲဆွယ်တာတို့ဆိုတာ မြန်မာမှာပဲရှိတယ်မထင်နဲ့နော် ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ အမေရိကားကြီးမှာလဲ ပေါမှပေါပဲ

💁🏼‍♀️ကျားဖြန့်ကိုတောင်မှ လိုင်းပေါ်တင်မက အိမ်ရှေ့ထိတံခါးခေါက်ပြီးကိုလာလိမ်တာ ကိုယ့်တစ်အိမ်ထဲမဟုတ်ဘူးနော် ကျွန်မက ကယ်လီဖိုးနီးယား အေးချမ်းတဲ့မြို့လေးတစ်မြို့ရဲ့အိမ်ယာဝင်းလေးထဲမှာနေတာ အဲ့မှာရှိသမျှအိမ်တွေကိုပါတစ်အိမ်တက် တစ်အိမ်ဆင်း ခပ်တည်တည်တံခါးလိုက်ခေါက်တာတော့ ဘယ်အချဉ်များမိမလဲလို့လေ ကျွန်မကလဲ စစရောက်ချင်းဆိုတော့ ပထမသူတို့အထာတွေကို တော့မသိဘူးပေါ့ရှင် ကံကောင်းတာလဲပါပါတယ်

💁🏼‍♀️ဒါပေမဲ့ကျွန်မက အွန်လိုင်းက လိမ်တာတွေ Scamတွေကိုတော့သိတယ် emailပို့တာတွေ ဖုန်းမတ်ဆေ့တွေပို့တာတွေပေါ့ ကျွန်မကြုံရတာအများစုကတော့ ဖုန်းကို မတ်ဆေ့ပို့တယ် ဒီနိုင်ငံမှာက လူအတော်များများက အလုပ်နဲ့ဆိုတော့အချိန်မအားတာများတယ် ဒီတော့ အွန်လိုင်းကပဲ မှာကြလေ့ရှိကြတာများတယ် သူတို့ကအဲ့အချက်ကိုသိပြီး random ဖုန်းနံပါတ်တွေကို ဒီလိုပို့တာ “ဟဲ့ နင်မှာထားတဲ့ပစ္စည်းက ရောက်ခါနီးပြီ လမ်းတစ်ဝက်မှာ ပို့ရတာကြာနေတယ် အဲ့ဒါဂိတ်ကပေးမဖြတ်ဘူးဘာညာတို့ ဒါမှမဟုတ် Delivery ခကို$2ပိုပေးရင် အိမ်အမြန်ရောက်ပါမယ် ငွေပေးဖို့အတွက် ဒီlinkထဲ ဝင်ပြီး ပေးချေပေးပါ” အဲ့လိုမျိုးအကြောင်ရိုက်တာ ဖုန်းအစိမ်းတွေနဲ့ ဘယ်Delivery Company ကမှအဲ့လိုမပို့ပါဘူး သတိထားရန်ပါ။

🙅🏻‍♀️အဲ့လိုပို့ခံရတဲ့လူက ပစ္စည်းမမှာထားရင်တော့ လူလိမ်မှန်းသိတာပေါ့ မှာထားရင်တော့ဟယ် ငါ့ပစ္စည်းပိတ်မိနေပြီ ဆိုပြီး လန့်ပြီး သူတို့linkကိုဝင် ကဒ်တွေထည့်ဘာညာလုပ်ရင် သေပြီပဲ။

💁🏼‍♀️နောက်တစ်ခုက လမ်းတံတားကြေး တောင်းတဲ့ပုံစံ အမေရိကန်မှာ လမ်းတံတားကြီးတွေ ဖြတ်ရင် တစ်ခါဖြတ်8$လောက်ပေးရတယ် အဲ့ဒါကိုကိုင်တွယ်တဲ့ Companyရှိတယ် သူတို့ဆီကိုယ့်ကားနံပါတ်စာရင်းသွင်းရတယ် ပြီးရင်သူတို့က ကဒ်လေးလို ကားDashboardပေါ်တင်လို့ရတဲ့ ဟာလေးထုတ်ပေးတယ် (ကိုယ့်နံပါတ်လေးပါတယ်ပေါ့လေ) သူတို့websiteကနေ ငွေဖြည့်ထား ကားပေါ်တင်ထား ဒါဆိုလမ်းဖြတ်ရင် အဲ့အရာလေးက အော်တို စကင်ဖတ်ပြီး ကိုယ့်ဆီကအော်တိုငွေနှုတ်တယ် တစ်ခါတစ်လေ ငွေလက်ကျန်နဲနေရင် အဲ့Companyက မတ်ဆေ့ပဲဖြစ်ဖြစ် emailပဲဖြစ်ဖြစ်ပို့တယ် အဲ့လိုပို့ရင် သူတို့ရဲ့ တရားဝင်websiteထဲက ကိုယ့်ရဲ့အကောင့်ကိုဝင် ပြီးမှငွေထည့် တစ်ချို့က ငွေလက်ကျံနဲတာနဲ့အော်တို ငွေဖြတ်ဖို့ဘဏ်အကောင့်နဲ့ချိတ်ထားတယ် အဲ့လိုကျအလုပ်မရှုပ်တော့ဘူးပေါ့။ တကူးတကသူတို့website ထဲဝင်ဖြည့်စရာလဲမလိုသလို websiteအတုတွေထဲလဲမှားဝင်စရာ မလိုတော့ဘူးပေါ့။

💁🏼‍♀️ဒါကိုလူလိမ်တွေက သိတာပေါ့။ ဖုန်းအစိမ်းတွေနဲ့နင့်ငွေလက်ကျံနဲနေပါပြီဆိုပြီး ပို့တာအဲ့သလိုတွေ။ ယောင်ပြီးသူတို့ပို့တာကို ဟိုCompanyကပို့တာဆိုပြီး ငွေဝင်ဖြည့်လိုက်လို့ကတော့သေပြီပဲ ပါသွားပြီ။ ခုခေတ်မှာ ငွေကအရေးမကြီး အချက်အလက်တွေကပိုအရေးကြီးတာကိုး ။

💁🏼‍♀️ဒီနိုင်ငံမှာတစ်ခုကောင်းတာက လူအတော်များများက bank ကဒ်အစစ်Debit ကဒ်ကိုတော်ရုံအဲ့လိုမျိုးနေရာတွေမှာမသုံးဘူး သီးသန့်ဥထားတာ ဘာလို့ဆိုအဲ့လိုသာလိမ်ခံရရင် ကိုယ့်ဘဏ်က ပိုက်ဆံပြောင်မှာလေ ဒီတော့Credit ကဒ် အကြွေးဝယ်ကဒ်ပဲသုံးကြတယ်

🪪အကြွေးဝယ်ကဒ်ဆိုတော့ အဲ့လိုလိမ်ခံရပြီဆိုတာနဲ့ ဟိုကောင်တွေထုတ်သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ကိုယ်က လိမ်ခံရတာသိပြီဆိုတာနဲ့ ကိုယ့်ကဒ်ကို ဖုန်းထဲကနေဝင်ပိတ်လို့ရတယ် ပြီးတော့ လူလိမ်တွေသုံးခဲ့သွားပြီဆိုရင် Card Companyကိုအကြောင်းကြားရတယ် ဖုန်းဆက်ပြီး ဒါဆိုကိုယ့်ပိုက်ဆံမဆုံးရှူံးဘူး ကဒ်Companyကပြန်ဖြေရှင်းပေးတယ်

🇺🇸အမေရိကားလဲ အထင်မကြီးလေနဲ့ လူလိမ်တွေ ကျားဖြန့်တွေရှိတာပဲ ဟိုလိုကျားဖြန့်အမည်ခံသာမဟုတ်တယ် သူတို့နည်းနဲ့သူတို့တော့ ဖြန့်နေကြတာပါပဲ ကိုယ်ကအလိမ်မခံထိအောင်သတိထား လူမျိုးစုံ စရိုက်စုံတယ်ရှင့်။ ကိုယ်မလည်ရင်ကိုယ်ခံသွားရမယ်။

💁🏼‍♀️အိမ်ထိလာလိမ်ခံရတာနဲ့ဘာသာရေးမဲဆွယ်ခံရတာကို နောက်တစ်ပုဒ် ရေးပြပေးမယ် စောင့်ကြည့်ပေးဦးနော်။

#အမေရိကန်ကျားဖြန့်များ #အမေရိကား

#အမေရိကန်ကျားဖြန့်များ #အမေရိကား

06/05/2026

🔐🔑အမေရိကန်မှာ သော့ကိုကိုယ့်စိတ်ကြိုက်ကူးလို့ရတဲ့စက်တွေ Shopping Centerတွေမှာထားပေးထားတာ သဘောကျမိတယ် 🇺🇸

#ဆန်ဖရန်ဘေးဧရိယာ

06/04/2026

🇺🇸💗ဆန်ဖရန်စစ်စကိုရဲ့ နံမည်ကြီး နေရာတစ်ခု ဖြစ်တဲ့ဒီဆိပ်ခံတံတား Pier 39လေးကိုခေါ်သွားပါမယ်ရှင် ဆန်ဖရန်ကလူတွေကတော့ခနခနရောက်နေကြနေရာတစ်ခု 🇺🇸

ကဲလိုက်ကြည့်ပေးဦးနော်
အခြားstate ကလူတွေကောရောက်ဖူးကြလားရှင် ???

#ဆန်ဖရန်ဘေး #ဆိပ်ခံတံတား

06/03/2026

ပြတိုက် အိမ်ကြီးထဲက အခန်းငယ်လေး
🇺🇸California ရဲ့ နံမည်အကြီးဆုံးပန်းခြံကြီးတစ်ခု ထဲမှာရှိတဲ့အိမ်ကြီးတစ်ခုပဲဖြစ်ပါတယ် ရောက်ဖူးတဲ့သူတွေအဲ့ပန်းခြံကြီးကိုသိပါလိမ့်မယ်ရှင်

အဲ့ပန်းခြံအကြောင်းVideoသီးသန့်နောက်မှတစ်ပုဒ်တင်ပေးပါဦးမယ်ရှင်

05/31/2026

ကြိုက်လွန်းလို့ ခနခနသွားစားဖြစ်တဲ့ Daly Cityက HotPotဆိုင်လေး တစ်ခါတင်ထားဖူးပါသေးတယ် 🙈💗🇺🇸ဒီဆိုင်လေးအကြောင်းသိချင်ရင်ဒီlinkကနေဝင်ကြည့်နော်
👇🏻👇🏻👇🏻

https://fb.watch/Hrl42qPn2H/?mibextid=wwXIfr

Address

Benicia, CA

Website

Alerts

Be the first to know and let us send you an email when Ji NA's Views posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ji NA's Views:

Share