Metanoia of Lu

Metanoia of Lu “မက်တနောယား အောဖ့် လု"

23/08/2026

သူတို့ရည်းစားရမယ်ဟောထား​ပြီး ဆရာပြောတဲ့အချိန်
အတွင်းရည်းစားမရရင် တားရော့ဆရာ တာဝန်ယူရမယ်ဆိုလို့

ဒီနေ့ကစပြီး ရည်းစားရမလား မကြည့်ပေးတော့ပါဘူးနော်😁

21/08/2026

ကိုယ်တွဲနေတဲ့သူ ဖောက်ပြန်မှာစိုးလို့ ကိုယ်ကအရင်ဖောက်ပြန်ပေးထားသူများ

1. Virgo
2. Libra
3.Cancer
4.Aries

21/08/2026

Libra အသိ ၁ ယောက်ရှိတယ် ဟိုနေ့ကမှ
သူ့ဘဲနဲ့သူပြတ်တာကို ဒီနေ့ story တင်ထားတာ

I just enjoy my single era for 5 years တဲ့😊

ကဲ ... Virgo season ရောက်လာပြန်ပြီ။ အသဲလည်းမာသလို ခေါင်းလည်း မာကြတဲ့ Virgo တွေ Happy Birthday ပါလို့ရှေ့မျက်နှာ နောက်ထား...
20/08/2026

ကဲ ... Virgo season ရောက်လာပြန်ပြီ။ အသဲလည်းမာသလို ခေါင်းလည်း မာကြတဲ့ Virgo တွေ Happy Birthday ပါလို့

ရှေ့မျက်နှာ နောက်ထားပြီး ဗာဂိုတွေအကြောင်းတင်ဖူးသမျှ ဘလိမ်းဖူးသမျှ စုစည်း တင်ပြလိုက်ပါတယ်😔

စတာပါ နောက်တာပါ

ချစ်သော
လု

အကောင်းဆုံး ကြယ် သီချင်းများ✨တယောက်ယောက်ကိုချစ်မိပြီး အဲ့လူက ကိုယ့်ဘဝထဲမှာတောက်ပမှုလေးအဖြစ် ကြယ်လေးတွေကို သတိရမိကြမှာပါက...
19/08/2026

အကောင်းဆုံး ကြယ် သီချင်းများ✨

တယောက်ယောက်ကိုချစ်မိပြီး အဲ့လူက ကိုယ့်ဘဝထဲမှာတောက်ပမှုလေးအဖြစ် ကြယ်လေးတွေကို သတိရမိကြမှာပါ

ကြယ်ဆိုတဲ့ဖြစ်တည်မှုက စကြာဝဠာထဲမှာ သေးငယ်တဲ့ ဒြပ်တွေဆိုပေမယ့် ကြယ်ဟာ လူသားတွေဘဝမှာတော့ ကဗျာဆန်တဲ့ ဖြစ်တည်မှုပါပဲ... ။

အောင်မြင်ပြီးတောက်ပလင်းလက်နေတဲ့ လူတွေကိုလည်း
Star … The star in born ဆိုပြီးပြောကြတယ်။
ချစ်သူ့မျက်ဝန်းထဲက တောက်ပစူးရှ အကြည့်တွေ
အကုန်လုံးဟာ ကြယ်တွေပါ။

Tarot ကဒ်တွေထဲမှာ ၁၇ ကဒ်မြောက် The Star ကဒ်က
မျှော်လင့်ချက်၊ အိပ်မက်၊ Healing နဲ့ ငြိမ်းချမ်းမှုတွေကို
ပြောပြပြီး ကြယ်ရဲ့ ပြိုးပြိုးပျက်ပျက်အလင်းဟာ
ဘဝကိုလမ်းပြပေးနိုင်တယ်ဆိုတဲ့ ကဒ်ဖြစ်ပါတယ်။

ကြယ်တွေဟာ အားလုံးဘဝထဲမှာ
တနည်းမဟုတ် တနည်းနဲ့
ကဗျာလို တိုးဝှေ့ဝင်ရောက်ခဲ့ဖူးကြပါလိမ့်မယ်။
ပျော်ရွှင်စရာ နာကျင်စရာအမှတ်တရတွေလည်း ရှိဖူးမှာပါ

ဒီနေ့မှာတော့ ကြယ် သီချင်းတွေထဲမှာ
အကောင်းဆုံး သီချင်းတွေကိုဖော်ပြပေးလိုက်ပါတယ်...
ကဗျာဆန်ဆန် နူးညံ့မှုတွေ
အမှတ်တရနဲ့ နှလုံးသားတွေ
ငယ်ရွယ်တဲ့အချစ်တွေနဲ့

အိမ်မပြန်နိုင်ခဲ့တဲ့ကြယ်တွေအတွက်
ပြန်မဆုံနိုင်မယ့်ကြယ်တွေအတွက်
ဒီပို့စ်လေးဟာ အမှတ်တရ ဖြစ်ပါစေလို့

ချစ်သော
Lu

Scorpio ချင်းတူရင်တောင် Nov Scorpio တွေအတင်းပိုတုပ်တယ်ဆိုတာ မျိုးမျိုးခိုင်နဲ့ နန္ဒာလှိုင်ကသက်သေပဲ၂ ယောက်လုံးက Nov 2/ No...
14/08/2026

Scorpio ချင်းတူရင်တောင် Nov Scorpio တွေအတင်းပိုတုပ်တယ်ဆိုတာ မျိုးမျိုးခိုင်နဲ့ နန္ဒာလှိုင်ကသက်သေပဲ

၂ ယောက်လုံးက Nov 2/ Nov 10🦂🤣

6 months Love Story✨💓ဒီနေ့မှာတော့ ၆လအတွင်း အခုကနေ ၂၀၂၇ နှစ်ဆန်းပိုင်း အတွင်း အချစ်ရေးရာ အဖြာဖြာကြည့်ပေးထားပါတယ်၊အချစ်ရေး...
13/08/2026

6 months Love Story✨💓

ဒီနေ့မှာတော့ ၆လအတွင်း အခုကနေ ၂၀၂၇ နှစ်ဆန်းပိုင်း အတွင်း အချစ်ရေးရာ အဖြာဖြာကြည့်ပေးထားပါတယ်၊
အချစ်ရေးမှာ သူများကိုချစ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ်အရင်ချစ်ဖို့ လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပြီးတန်ဖိုးထားမှ အချစ်ရေးမှာ ပိုပျော်ရွှင်ရတတ်တာပါ၊

အချစ်ပန်းတွေအများကြီးပွင့်လန်းပါစေ
တယောက်လက်ကိုတယောက်တွဲပြီး အဆုံးစမရှိ ချစ်နိုင်ပါစေလို့

ချစ်သော
လု

Libra core
10/08/2026

Libra core

၂၀၂၆ မှာ တွဲအကြည့်သင့်ဆုံး ရာသ်ီခွင် (၅) ခုကဲ ၂၀၂၆ မှာ ၅လပဲကျန်တော့တယ် ... ဒီ ၅လအတွင်းဘယ်ရာသီခွင်တွေကို ဒိတ်ကြည့်လို့ကော...
06/08/2026

၂၀၂၆ မှာ တွဲအကြည့်သင့်ဆုံး ရာသ်ီခွင် (၅) ခု

ကဲ ၂၀၂၆ မှာ ၅လပဲကျန်တော့တယ် ... ဒီ ၅လအတွင်း
ဘယ်ရာသီခွင်တွေကို ဒိတ်ကြည့်လို့ကောင်းလဲ
တွဲလို့အဆင်ပြေနိုင်လဲ
၂၀၂၆ အတွင်း အစစအရာရာကောင်းပြီး တောက်ပနေတဲ့ ရာသီခွင် ၅ခုကိုဖော်ပြပေးလိုက်ပါတယ်

ဟာသပို့စ်လေးမို့ ပျော်ရွှင်ရယ်မောနိုင်ပါစေ

ချစ်သော
လု

ကိုယ်တို့ဘဝနောက်ဆုံးမြင်နိုင်မယ့်မြင်ကွင်းက ဘာဖြစ်မလဲ စိတ်ကူးယဉ်ဖူးလား - Mr. planktonချစ်ခြင်းမေတ္တာဆိုတာ မြင့်ရာကနေ နိမ...
05/08/2026

ကိုယ်တို့ဘဝနောက်ဆုံးမြင်နိုင်မယ့်မြင်ကွင်းက ဘာဖြစ်မလဲ စိတ်ကူးယဉ်ဖူးလား - Mr. plankton

ချစ်ခြင်းမေတ္တာဆိုတာ မြင့်ရာကနေ နိမ့်ရာကိုစီးဆင်းတာ၊ ရှိတဲ့သူကနေ မရှိတဲ့သူကိုပေးရတာမျိုးမဟုတ်ဘဲ အချစ်မခံရသူအချင်းချင်းကလည်း အချစ်တွေအများကြီးပေးနိုင်တယ်၊ နွေးထွေးမခံဖူးသူလည်း နွေးထွေးပေးနိုင်တာပဲဆိုတာကို ဇာတ်ကောင်တွေအများကြီးကနေမြင်ရတဲ့ ရုပ်ရှင်ဟာ Mr. Plankton ပါပဲ။

မင်းသမီး ဂျယ်မီ။ အမေ တယောက်ဖြစ်ဖို့ အိပ်မက်ရှိတဲ့ ဂျယ်မီဟာ မိဘမဲ့ကျောင်းမှာရှိစဉ်က မွေးစားမိဘတွေ ရွေးချယ်ခံရအောင် အမျိုးမျိုးကြိုးစားခဲ့ပေမယ့် လွဲခဲ့ရလို့ အမေမရှိရင်တောင် အမေဖြစ်အောင်တော့လုပ်မယ်ဆိုတဲ့ ကောင်မလေးနဲ့

မင်းသား ဟယ်ဂျို... (ချယ်ဆွန်းဟော့) အဖေက ပုံမှန်ကလေးယူမရလို့ အဖေ့ သုတ်ပိုးခဲထားရာကနေ သုတ်ပိုးနံပါတ်မှားပြီး မွေးလာတဲ့ ကလေး။ မွေးဖွားမလာသင့်တဲ့ ကလေးတဲ့။ အထက်တန်းပြီးတဲ့နှစ်မှာပဲ အဲ့ကလေးဟာ ကိုယ့်ခြေထောက်နဲ့ကိုယ် လမ်းဘေးကို ထွက်လာခဲ့တယ်။ အဲ့ကနေမှ ဘုံဆုနဲ့တွေ့တယ်။

ဘုံဆုနေရာမှာသရုပ်ဆောင်တဲ့ Lee El က ပိုက်ဆံရှိ အပျိုကြီး သူဌေးမပေါ့... လမ်းဘေးမှာပဲ မင်းသားကိုတွေ့ပြီး အစားနဲ့အရင်မျှားပြီးမှ ကောက်မွေးစားလိုက်တာ ... စစချင်းတော့ ဘုံဆုက စားစော်ကြီးထင်နေခဲ့တယ်။ ဘယ်ဟုတ်မလဲ... ဘုံဆုက ဟယ်ဂျို့ကို မောင်လေးတယောက်လိုထက် သားတယောက်လိုချစ်ခဲ့တာ ကိုယ်မွေးထုတ်ထားတဲ့ကလေးလိုမျိုး ပျိုးထောင်ပေးတာလေ။ My Libreation Notes ထဲမှာထက် ပိုပြီးတည်ငြိမ်တဲ့ ဘုံဆုက ဘဝမှာ အမြဲအမှတ်ရနေမယ့်ဇာတ်ကောင်... စကား ၁ ခွန်းပဲပြောရရင် အစ်မကြီးဘုံဆု $ ရမ်းမိုက်တဲ့ မိန်းမကြီးပါကွာ...လို့တကယ်

နောက် ၁ ယောက်က မင်းသမီးနဲ့ခင်ပွန်းလောင်းဖြစ်ခဲ့တဲ့ အိုဟွန်း... သူဌေးသား လူပေါ်ကြော့။ mama boy…မင်းသမီးဂျယ်အီက သူ့အချစ်ဦးနဲ့ ဘဝအတွက်အချစ်ဆုံးဖြစ်ခဲ့တာ ... မင်္ဂလာပွဲထဲကနေ ရုတ်တရက် သတို့သမီးပျောက်သွားခဲ့ပေမယ့်လည်း အိုဟွန်းဆိုတဲ့ ငထုံလေးက မင်းသမီးကို ကမ္ဘာဆုံးထိ အမေကိုအာခံပြီးချစ်ခဲ့တာ...။ အချစ်ကို သူကောင်းကောင်းမသိပေမယ့် တစ်ယောက်ကိုတစ်ယောက် လိုက်ရှာတယ်ဆိုတာတော့ သူသိပြီးတော့ သူ့ကောင်မလေးပေးခဲ့တဲ့ တွေ့အောင်ရှာပါ့မယ်ဆိုတဲ့ကတိကိုတည်သွားသူကြီး...

နောက်ဆုံးက အိုဟွန်းအမေပါပဲ... သူဌေးအိမ်ချွေးမဖြစ်ခဲ့တဲ့ အိုဟွန်းအမေကပဲ အဲ့သူဌေးဆွေမျိုးတော်အသိုင်းအဝိုင်းတခုလုံးလဲပြိုခဲ့ချိန်မှာ သူတယောက်အားနဲ့ ပြန်ပြီးစီးပွားရေးအဆင်ပြေအောင်ကြိုးစားခဲ့ပေမယ့် သူ့သားကတော့ သူ့အမေဆီက အကောင်းမြင်တာမခံရတာ၊ သူ့အမေက နောက်ကနေအမြဲစိတ်ပူနေတာကိုနေရခက်တာ၊ သူ့သားယူချင်တဲ့ မိန်းမကိုသဘောမတူချင်ပေမယ့် သူ့သားကိုချစ်လို့ လက်ခံခဲ့တာ၊ သူ့သားက အဲ့မိန်းမကြောင့် ကမ္ဘာပျက်လုဖြစ်ချိန်တွေမှာ အိုဟွန်းအမေ ဟာ နာကျည်းလွန်းလို့ သူ့သားမွေးကတည်းကမသောက်တဲ့ စီးကရက်ကိုပြန်သောက်ရတဲ့အထိပါပဲ။ အမေဆိုတာ ဒါပါလား... ဘယ်လိုအချိန်မျိုးဖြစ်ဖြစ် အမေကနောက်မှာရှိနေတယ်ဆိုတဲ့ စိတ်လုံခြုံမှုဆိုတာဒါပါလားဆိုတာကို အိုဟွန်းနဲ့ သူ့အမေကြားကနေ မြင်ရတယ်။

ဟယ်ဂျိုနဲ့ ဂျယ်မီဟာ အမြဲအမှတ်ရနေမယ့် main character တွေဖြစ်သွားခဲ့ပြီဆိုတာ ပထမဆုံး ၁ ခါကြည့်ပြီးကတည်းကသိလိုက်တာ... အချစ်ဆိုတာကို ကောင်းကောင်းမရခဲ့ဖူးတဲ့လူ၂ ယောက်က တကယ်ပဲ အဲ့လောက်ထိချစ်နိုင်ပါလား အဲ့လိုမျိုးရော ဒီလောကမှာရှိရဲ့လားပေါ့။ ၁ ယောက်ကို ၁ ယောက်က သေမတတ်မုန်းနေရင်တောင် အချင်းချင်းလက်ကိုမဖြုတ်မယ့်ချစ်ခြင်းမေတ္တာမျိုးနဲ့

တကယ် Mr. Plankton ကဘဝမှာ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ထဲမှာပါတယ်..။ ဒါရိုက်တာ ရယ် Cinematographer ရယ် ချီးကျူးထိုက်တယ် ... ကိုရီးယား တကားမှာ ဒီလို လှလှပပ ပန်းချီကားလို အရုပ်တွေ ရှူခင်းတွေ color grading တွေရိုက်ပြနိုင်တာ...

ဟယ်ဂျို့ဘဝက တကယ်တော့ ကံဆိုးတယ်ထင်တာ ဟယ်ဂျို့မှာ သူ့ချစ်သူ ဂျယ်မီ၊ သူ့ကိုအမေလိုချစ်ပေးခဲ့တဲ့ ဘုံဆု၊ သူ့သူငယ်ချင်း ဂီဟို၊ တချိန်ကရန်သူပေမယ့် အစ်ကိုဖြစ်ခဲ့တဲ့ အိုဟွန်းနဲ့ ဘယ်အချိန်ပြန်လာမှာလဲစောင့်နေခဲ့တဲ့ သူ့အဖေ...(အဖေအရင်းမဟုတ်ပေမယ့်)
ဒါပေမယ့် ဂျယ်မီမှာ .... ဂျယ်မီ့မှာ ဟယ်ဂျိုပဲရှိခဲ့တာ... မိဘမဲ့ ဂျယ်မီ့တဘဝလုံးယှဉ်ကြည့်ရင် ဟယ်ဂျိုပဲလေသူ့ဘဝတခုလုံးက။

ဟယ်ဂျို့လိုမျိုး
ကိုယ်တို့ဘဝမှာရော ကိုယ်တို့သေဆုံးတဲ့အချိန်မှာ
ကိုယ်တို့နောက်ဆုံး မြင်ခွင့်ရမယ့်မြင်ကွင်းကို
ဘယ်လိုစိတ်ကူးယဉ်ခဲ့ဖူးလဲ....
ကောင်းကင်ပြာကြီးလား...
ကြယ်တွေအများကြီးအောက်မှာလား...
တောင်တန်းတွေထက်မှာလား...
ဒါမှမဟုတ် ဆေးရုံမျက်နှာကျက်တခုပဲလား...

ဒါပေမယ့် ဟယ်ဂျို့အတွက်ကတော့...

Address

Mandalay

Alerts

Be the first to know and let us send you an email when Metanoia of Lu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Metanoia of Lu:

Shortcuts

Share