White Rays - Divination

White Rays   -   Divination A Healer, Reader & Medium 🍀✨

13/06/2026

✨ Tarot ကတ်တွေထဲမှာ Death ဆိုတဲ့ကတ်ကို မြင်ရင် လန့်သွားတတ်ကြတယ်ဟုတ်?

🌿 ဒီနေ့တော့ Death ကတ်ရဲ့အဓိပ္ပာယ် Upright ရော၊ Reversed ရောကို သိမှတ်ထားသ‌လောက် ပြောပြမယ် 💖

🌟 Upright ကတ်အတည့်ထွက်လာရင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အပြောင်းအလဲတွေ လာတော့မယ်လို့ မှတ်လိုက်တော့။ Upright က Endings တွေကိုပြတာမို့ လမ်းဟောင်းတစ်ခု၊ သံသရာဟောင်းတစ်ခု ပြီးဆုံးသွားပြီဆိုတဲ့ သဘောပါ။

နောက်ပြီး Change & Transformation ကိုလည်း ပြပါတယ်။ ဘဝကို ပုံစံအသစ်နဲ့ တစ်ကျော့ပြန် ပြောင်းလဲတော့မယ်ဆိုတဲ့ သဘောပါ။

🌱 New Direction / New Beginning တွေ ဖြစ်လာ‌တော့မယ်။ မကောင်းတဲ့ အကျင့်ဟောင်းတွေ၊ Toxic ဖြစ်တဲ့ ဆက်ဆံရေးတွေကို စွန့်လွှတ်ပြီး လမ်းကြောင်းအသစ်၊ အစပျိုးမှုအသစ်ဆီကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရမယ့်အချိန်ပဲလို့ပြောချင်တာပါ။

အရာဟောင်းတွေ ပျက်စီးသွားမှ ပိုကောင်းတဲ့ အရာအသစ်တွေ ဝင်လာခွင့်ရမယ့် ပုံစံမျိုးကို ပြပါတယ်။

🛑 (Reversed)ကတ်လေး ဇောက်ထိုးထွက်လာရင်တော့ ကိုယ့်စိတ်က ဘာမဆို ဇွတ်ဖက်တွယ်ထားမိနေလို့ စိတ်ညစ်နေရတာ ဖြစ်နိုင်တယ်။

ဇောက်ထိုးဆိုတာကို ဒီနေရာမှာ အတည့်နဲ့ ပြောင်းပြန်လို့ မှတ်ကြည့်ပါ။ Reversed ကျတာက ကိုယ်က ပြောင်းလဲရမှာကို ငြင်းဆန်နေမိတာ၊ အသစ်တစ်ခုကို စမ်းသပ်ဖို့ ကြောက်စိတ်ဝင်တာ၊ ပြီးခဲ့တဲ့ အတိတ်က အရာတွေ၊ လူတွေကို မလွှတ်တမ်း ဆုပ်ကိုင်ထားမိတာမျိုးကိုပြတယ်။

🌟 တချို့တားရော့ဆရာတွေကတော့ Death card ကျလာတဲ့အခါ Death card ရဲ့နောက်ကကဒ်ကိုဆက်ကြည့်ပြီး အကျိူးအပြစ် နိမိတ်ကောက်လေ့ရှိကြပါတယ်။

Telegram Channel link 🖇️ 🔗
https://t.me/whiteraysdivination

Address

Mandalay
X3CF+C3QMANDALAY

Alerts

Be the first to know and let us send you an email when White Rays - Divination posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to White Rays - Divination:

Share