22/04/2026
လက်တလော ကျွန်မ ကြုံတွေ့ရတဲ့ Awakening လေးကို sharing လုပ်ပေးချင်လို့ပါ။ ဒါလေးက အချို့သူတွေအတွက် လိုအပ်တဲ့ message တစ်ခုလဲ ဖြစ်နိုင်ပါတယ်။
Unconditional love နဲ့ ပက်သက်တာပါ။ ကျွန်မတို့တွေ များသောအားဖြင့် spiritual connection, soulmate/twin flame journey လျှောက်တဲ့အခါမှာ Unconditional love နဲ့ ချစ်တတ်အောင် ကြိုးစားရမယ်ဆိုတာက အဓိက သော့ချက်ပါ။ ကျွန်မ Reading လေးတွေ နားထောင်ဖူးတဲ့ သူတွေ ၊ personal reading မေးဖူးတဲ့ သူတွေဆို သိကြပါတယ်။ Spiritual connection တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ဆုံတွေကြရတဲ့ အဓိက ရည်ရွယ်ချက် တစ်နည်းအားဖြင့် နောက်ဆုံးရလဒ်က နှစ်ယောက်ကို ပေါင်းဖက်ပေးဖို့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ soulတွေက 5D world, unconscious level, Spiritual world မှာ union ဖြစ်ပြီးသားပါ ၊ soul အချင်းချင်းက အမြဲတမ်း ချိတ်ဆက်ပြီး connect ဖြစ်နေမလို့ separation ဆိုတာ လူချင်းဝေးနေကြတာက illusion သပ်သပ်ပဲမလို့ပါ။ နှစ်ယောက်တွေ့ဆုံရတာက ကိုယ်ဆီသင်ယူရမယ့် သင်ခန်းစာတွေ သင်ယူဖို့ ၊ ဝဋ်ကြွေးတွေ ဆပ်ဖို့ ၊ ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို healing လုပ်ဖို့ ဆုံတွေ့ကြရတာပါ ဒါ့ကြောင့် တစ်ဖက်လူအပေါ်မှာ အတ္တ ၊ မာန ကင်းကင်းနဲ့ သူ့ကို မပိုင်ဆိုင်ရလဲ ချစ်တတ်ရမယ် ချစ်လို့ရတာကြောင့် unconditional love နဲ့ ချစ်နိုင်အောင် ကြိုးစားပါလို့ ကျွန်မ အမြဲပြောဖူးပါတယ်။
ဒီတစ်ခေါက် ကျွန်မရလိုက်တဲ့ Awakening လေးကကျတော့ ကိုယ့်ကိုကိုယ် unconditional love နဲ့ ချစ်တာပါ။ ဒီလို soul journey လျှောက်တဲ့အခါ healing တွေလုပ်ရ ၊ တစ်ဖက်လူကိုလဲ unconditional love နဲ့ ချစ်ပြီး နားလည်ပေး ခွင့်လွှတ်ပေးပြီး ကိုယ့် စိတ်အေးချမ်းရာ peaceful ဖြစ်တဲ့ နည်းနဲ့ နေနေပေမယ့် ကိုယ့်ကိုကိုယ် အပေါ်တော့ အရမ်းခက်ထန်လွန်းနေတာတွေ သတိမထားမိခဲ့ဘူး။ တစ်ခုခု အဆင်မပြေဖြစ်လာရင် healing လုပ်ရမယ် ၊ mediation လုပ်ရမယ် ၊ ဒါ ငါ့ရဲ့ control လုပ်ချင်တဲ့ စိတ်တွေ ၊ ဒါက မာနတွေ ဖျောက်ရမယ် ပြောင်းလဲရမယ်ဆိုပြီး ကိုယ့်ကိုကိုယ် မညှာမတာ ခိုင်းစေခဲ့မိပါတယ်။ ကျွန်မဆို ဟောတာပြောတာလဲရှိ spiritual ပိုင်းနဲ့ အမြဲ ချိတ်ဆက်နေတော့ ပိုဆိုးပါတယ် ၊ တစ်ခုခု negative ဝင်လာရင် ချက်ချင်းရှင်းထုတ်ပြီး positive ဖြစ်အောင် နေလိုက်တာများပါတယ်။
တစ်ရက်ကျတော့ ကျွန်မ လူကိုယ်တိုင်က အဆင်ပြေတယ် ၊ ဘယ်လောက်ပဲ trigger တွေ ဖြစ်နေပါစေ အတွေးနဲ့ ချင့်ချိန်နိုင်တယ် နားလည်ပေးနိုင်တယ် ဒါပေမယ့် ကျွန်မရဲ့ စိတ်ခံစားချက်တွေ emotion တွေက အဆင်ပြေမနေခဲ့ပါဘူး။ တောက်လျှောက် ထိန်းထားခဲ့တဲ့ ဒေါသတွေ ၊ မျက်ရည်တွေ ၊ နာကျင်မှုတွေ လှိုက်ပြီးထွက်လာတာပါ။ ဖြစ်ပျက်နေတဲ့ အဖြစ်ပျက်ရဲ့ အမှန်တရားကို ကျွန်မသိပေမယ့် အဲ့ဒီ အမှန်တရားက ကျွန်မရဲ့ စိတ်ဒဏ်ရာတွေကို သက်သာမှု မပေးဘူး ၊ နှစ်သိမ့်မှု မပေးဘူး။ လုံးဝကို control လုပ်လို့ မရခဲ့တာ ဒါတောင် ကျွန်မ meditation ပုံမှန် လုပ်တဲ့သူတစ်ယောက်ပါ။ အဲ့ဒီအချိန်မှာ ကျွန်မသိလိုက်ရတာက ငါ အဆင်မပြေဘူးပဲ ဆိုတာကိုပါ။
ဘယ်လောက်ပဲ အဲ့ဒါတွေက မှန်နေပြီး ကိုယ်က မှားနေပါစေ ကျွန်မ နာကျင်တာကလဲ အမှန်းတရားတစ်ခုပဲ ကျွန်မအဆင်မပြေတာလဲ အမှန်တရား တစ်ခုပဲလေ။ ဒါ့ကြောင့် ကျွန်မ ကိုယ့်ကိုကိုယ် လက်ခံလိုက်ပါတယ်။ ကိုယ့်ဘက်က မှားနေလဲ ကိုယ့်ဘက်ကိုပဲ ရပ်တည်လိုက်ပါတယ်။ ကျွန်မကိုယ်ကျွန်မ unconditional love နဲ့ ချစ်ပြီး ကိုယ့်ကိုကိုယ် ခွင့်လွှတ်လိုက်တယ်။ ဘယ်လောက်ပဲ သည်းခံပြီး တောင့်ခံနေရမယ့် အရာဖြစ်နေပါစေ ကျွန်မမှ အဆင်မပြေတာ အဲ့တော့ လွှတ်ချလိုက်ပါတယ် ၊ ငြင်းပယ်လိုက်ပါတယ်။ ကျွန်မကိုယ် ကျွန်မ ကာကွယ်ပေးလိုက်ပါတယ်။ ကျွန်မဟာ ကိုယ့်ကိုကိုယ် unconditional love နဲ့ ချစ်ဖို့ ထိုက်တန်တဲ့ သူတစ်ယောက်ဆိုတာကို သင်ခန်းစာရသွားစေပါတယ်။
အရင်ကတော့ ဒါဟာ မာန ၊ အတ္တ ၊ အတိတ်က စိတ်ဒဏ်ရာဆိုပြီး တွန်းအားတွေနဲ့ ရှေ့ဆက်ခဲ့တာပါ။ အခုတော့ သတ္တိမွေးပြီး အကြာက်တရားတွေလဲ လွှတ်ချလိုက်ပါတယ်။ ကျွန်မကတော့ faith ရှိပါတယ်။ အခု လွှတ်ချလိုက်တဲ့အရာတွေက ကျွန်မအတွက် မှန်ကန်ရင် ၊ ကိုက်ညီရင် တစ်နေ့ကျ ကျွန်မဆီရောက်လာမှာပါ။ ကျွန်မဘက်က healing လုပ်စရာ fixed လုပ်စရာမလိုဘဲ ကျွန်မကိုလဲ Universe က unconditional love နဲ့ ချစ်ပြီး ၊ တစ်ဖက်ကအရာတွေလူတွေကလဲ unconditional love နဲ့ ကျွန်မကို ချစ်ပေးပြီး နားလည်ပေးကြပါလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
စာလေးဖတ်ပြီးသွားပြီဆိုတော့ သင်ရော ကိုယ့်ကိုကိုယ် unconditional love နဲ့ ချစ်နေနိုင်ပြီလား?
(စာလေး ကူယူဖော်ပြခြင်း သည်းခံပါ)
တားရော့မေးချင်ရင် အောက်က linkကနေတစ်ဆင့် စုံစမ်းလို့ရပါတယ်။
Telegram/Viber - 09798985316
https://www.facebook.com/share/p/1FzSdB6avL/