14/05/2026
Tarot deck လေးတစ်ခု လွှင့်ပစ်လိုက်ရကြောင်း 💔
တစ်ခါမှ ဒါမျိုး မကြုံဖူးဘူး။
အဲ့ Tarot deck ( Tarot ထုပ်) လေးက စဝယ်တဲ့နေ့ကတဲက Shuffle လုပ် , Reading ဖတ်ရင်ကို လက်တွေညောင်းလာတာ။ လက်ချောင်းတွေက အားမရှိတော့ဘူး။ အဖြေကို ပါးစပ်က ပြန်ပြောတဲ့အချိန်မှာလဲ အာလေးလျှာလေးကြီးဖြစ်ပြီး မောသလိုလိုကြီးဖြစ်တာ။
နေသိပ်မကောင်းလို့ပဲ ကိုယ့်ဘာကိုယ်ထင်ပြီး အမှုမဲ့အမှတ်မဲ့ပဲ။
နောက်နေ့ In person reading တစ်ခုကိုလဲ သူ့ကို သုံးမယ်ဆိုပြီး ယူသွားဖတ်တော့ client ရှေ့မှာ အဲ့လိုကြီးပဲ ခံစားရတော့ client အစ်မကလဲ ပါလာတဲ့ တခြား Tarot ဘူးနဲ့ ဖတ်ပေးဖို့ ပြောတာနဲ့ တခြားဟာ ပြောင်းဖတ်လိုက်တော့ အဆင်ပြေသွားရော။
Tarot deck အသစ်လေးတွေ 6 ခုလောက်တပြိုင်နက် အဲ့တစ်ခေါက်က ဝယ်ဖြစ်တာဆိုတော့ ဘာရယ်မဟုတ် Energy လဲ ကူးအောင်ဆိုပြီး ခေါင်းအုံးနားမှာ ထားပြီး ညတိုင်းအိပ်တာ။
အဲ့တောက်လျှောက်နေမကောင်းတွေဖြစ်တာ။ ကိုယ်လဲ သူ့ကြောင့်ဆိုတာ မသိဘူး။ တစ်ခါမှလဲ မကြုံဖူးတော့ သံသယမဖြစ်မိဘူးပေါ့နော်။ ပြီးရင် သိပ်မယုံတာလဲ ပါတယ်။
တချို့က Tarot ကို သရဲမွေးပြီး ဖတ်တယ်တဲ့ , သူများပြောတာ ကြားဖူးတာပါ , ကျွန်တော်ကတော့ ကိုယ်တိုင်လဲ အဲ့လိုမဟုတ်ဘူး , ဒီခေတ်ကြီးမှာ အဲ့လိုလုပ်တဲ့သူ ရှိပါ့မလားလို့ မယုံဘူး။
ဒီလိုနဲ့ သူ့ကို အိပ်ယာထဲ ထားအိပ်တဲ့ တောက်လျှောက် ရောဂါလဲ ရှာမရဘဲ နေမကောင်းဘူး ၊ ခေါင်းမူးတယ် ၊ အိပ်ရာမထနိုင်ဘူး ၊ အားမရှိဘူးနဲ့ဖြစ်တာ။ ကြားထဲ ရာသီဥတုကလဲ အရမ်းပူတော့ Heat exhaustion ( အပူရှပ်) ရပြီး နေမကောင်းဖြစ်သွားသေးတယ်။ အဲ့ကနေ ပြန်ကောင်းလာသေးတယ်။
ဒါပေမယ့် မနက်တိုင်း အိပ်ယာကထတိုင်း ခေါင်းမူးတာ, နလန်မထူဘူး , အိပ်ယာက မထနိုင်ဘူး။ ငါ ဘာတွေ ဖြစ်နေတာလဲ မသိဘူးဆိုပြီး နှစ်ပတ်လောက်ကြာတယ်။
အဲ့ဒါနဲ့ နဲနဲနေကောင်းအားရှိလာတာနဲ့ အဲ့ Tarot deck ကို သိပ်မသင်္ကာတာနဲ့ ပြန်ကိုင် ၊ ပြန်ဖတ်ကြည့်တာ လက်တွေက အားပျော့ပြီး အာလေးလျှာလေးသလို မောသလိုကြီး ပြန်ဖြစ်လာတာ။ အဲ့ဒါနဲ့ ပြန်တွေးကြည့်တာ သူ့ကိုင်တိုင်း နေမကောင်းဖြစ်တာ , ပြီးရင် ညတောင် အတူအိပ်ယာထဲ ထားအိပ်လိုက်သေး 😂
မကြောက်မလန့် 😂
❤️ အဲ့ဒါနဲ့ ငါနေမကောင်းတာ ဒီကောင်နဲ့သက်ဆိုင်နေသလားမသိဘူးဆိုပြီး အဲ့ကဒ်ကိုပဲ ပြန်မေးကြည့်တာ။
He said “ YES ” 😎😈
ဒဲ့ကြီးကို မလိမ်ဘဲဖြေတာ ဟုတ်တယ် ငါရှိတယ်တဲ့။
သူများတွေရဲ့ he/ she said YES တစ်မျိုး ၊ ငါကျ တစ်မျိုး 😂
ဟုတ်တယ်တဲ့ , သူ ရှိနေပါတယ်တဲ့
Demon energy တစ်ခု ရှိနေတာ ၊ မကောင်းဆိုးဝါး တစ်ကောင် ရှိနေတာ။
“ သူ ဒီထဲမှာ ခိုနေတယ် , နေရာရနေတယ်ပေါ့။ အချိန်တစ်ခုကြာပြီလို့ ဆိုပါတယ်။
သူထွက်သွားမှ သုံးချင်လဲသုံး , ဆက်သုံးချင်လဲသုံး , မင်းသဘောပဲ” လို့ဖြေတယ်။
💙 ကျွန်တော့မှာ လက်ရှိ Tarot + Oracle ထုပ်ပေါင်း 80 လောက်ရှိပါတယ်။ Authentic , 1st copy, 2nd copy , size အမျိုးမျိုးပေါ့နော်။
ကျွန်တော် Tarot & Oracle reader လုပ်လာတာ နှစ်နှစ်ခွဲနီးနီးရှိပြီ။ တစ်ခါမှ ဒါမျိုး မကြုံဖူးဘူး။
ကျွန်တော့ရဲ့ Tarot ဆရာကိုမေးတော့ ဆရာက energy Cleansing လုပ်ပြီး ပြန်သုံးခိုင်းတယ်။ AI ကိုလဲ မေးတယ်။
သူများကို လက်ဆောင်ပေးမလား ? Cleansing လုပ်ပြီး ပြန်သုံးမလား ? လွှင့်ပစ်မလား ? ဆိုတဲ့ ရွေးချယ်စရာ သုံးခုပေါ့။
သူများပေးရအောင်လဲ သူများ ဒုက္ခရောက်မှာစိုးတာ , ပစ်ရအောင်လဲ အသစ်ကြီးဆိုတော့ နှမြောတာ , ပြီးရင် သူ့ဘာသူ ထွက်သွားရင်လဲ ထွက်သွားမလားပေါ့။
ဘာလုပ်ရမယ်မှန်း မသိသေးတာနဲ့ သူ့ကို အိပ်ယာထဲက ဖယ်ပြီး အိပ်ယာဘေး ခြေရင်းမှာ ထားလိုက်တယ်။ သီးသန့်ဖယ်ထားလိုက်ပြီး ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ။ ဆယ်ရက်လောက်ရှိပြီ ၊ သူ့ကို ဘာမှမလုပ်ဖြစ်ဘူး။
💙 မနေ့ညကကျ ကျွန်တော် ကျောက်ဆည်ဘက်ကို အလုပ်ကိစ္စနဲ့ ရွာတွေဘက်ရော ၊ ဆင်ခေါင်းတောင်ဘက်ရော ခရီးတွေ သွားဖြစ်တော့ ... ညကျ မောပြီး အိပ်မယ်လုပ်တော့။
အသံလေးတွေ ကြားတာ၊ လမ်းဖြတ်လျှောက်သံလိုလို ပစ္စည်းပြုတ်ကျသံလိုလို၊ လေတိုးသံလိုလိုပေါ့။
ကျွန်တော်က သရဲ အရမ်း မကြောက်တတ်ဘူးဗျ , ဆရာဝန်မဖြစ်ခင်ကလဲ မကြောက်ဘူး , တစ်ယောက်ထဲလဲ သွားရဲလာရဲနေရဲတယ်။ ( သင်္ချိုင်းကုန်းမှာ အိပ်ရဲလောက်တဲ့ထိ သတ္တိမကောင်းပေမယ့် အကြမ်းဖျင်းအားဖြင့် သိပ်မကြောက်တတ်ဘူးလို့ ပြောလို့ရတယ် )
Tarot reader ဖြစ်လာတော့လဲ ကျွန်တော်က သေပြီးနောက်ဘဝတွေ ဘာတွေဖတ်တဲ့အခါ message လာပေးတာမျိုးတွေ ကြုံဖူးတော့ မကြောက်တတ်ဘူးပေါ့နော်။
ဒါပေမယ့် မနေ့ညကကျ ကြောက်တယ်ဗျ 😁
အဲ့ဒါနဲ့ အိပ်ယာထဲမယ် ဘုန်းကြီးပရိတ်တို့ ၂၄ ပစ္စည်းတို့ You tube ကနေ ဖွင့်တာပေါ့နော်။
❤️ အဲ့ သူတို့က ခပ်တိုးတိုးနဲ့ ဘုန်းကြီးနဲ့အတူ လိုက်ရွတ်သဗျ။ လေသံလေးတွေ ကြားနေရတာ။
အဲ့ချိန်မှာ ကျွန်တော်သိလိုက်တာ တကောင်ထဲမဟုတ်တော့ဘူး။ ခရီးသွားထားတော့ လမ်းပေါ်ကနေ ကပ်ငြိပါလာတာဘာညာလဲ အပိုပါလာပုံရပါတယ်။
ကြိုးစားအိပ်ကြည့်ရင်းနဲ့ မရတာနဲ့ အဲ့ Tarot deck ကို ကျွန်တော် အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်ရတယ်။
အဲ့ကျမှ အိပ်လို့ရသွားတာ အရပ်ကတို့ရေ 😅
ပြောပြတာပါ
ကျွန်တော်လဲ ခုမှ ကြုံဖူးလို့
နောက်ဆိုရင် Tarot deck အသစ်ရောက်ရင် Energy cleansing လုပ်ရမယ်လို့ မှတ်သွားတာပေါ့။
ကျွန်တော်က မကြောက်မရွံ့သူများ used လေးတွေလဲ လေး, ငါး ထုပ်လောက် ဝယ်ဖူးတယ်ဗျ 😬😬
ရှေ့မှာ တစ်ခါမှ မကြုံဖူးဘူး
ခုတော့ ကြုံဖူးသွားပြီပေါ့နော်
❤️ ပုံထဲမှာတော့ ကျွန်တော် လွှင့်ပစ်လိုက်တဲ့ Tarot deck နဲ့ , He said “ YES ” ရဲ့ ဖြေပုံလေးတွေပါ။
အမှတ်တရဆိုလဲဟုတ် , Experience sharing ဆိုလဲ ဟုတ်တယ်ဗျာ
ကဲ ကြုံဖူးတာတွေ ပြောပြကြပါဦး
ကျွန်တော်က မကြာခဏသရဲ အခြောက်ခံရဖူးတယ်။ နောက်ကျ experience sharing လုပ်ကြတာပေါ့။