Osiris & Starseed Healing Divinations

Call Directions Website Contact the practice

Osiris & Starseed Healing Divinations This Page is to Promote Spiritual Wellbeing, Act of Service & Personal Wellbeing.
(1)

Astrologer, Energy Reader, Psychic Intuitive, Shamanic Reiki Healer/Teacher
(Divination Tools Practitioner)

Telegram Channel
https://t.me/+NmEWlVE_ye8yOTh

Youtube
https://www.youtube.com/

31/10/2026

လောကကြီးရဲ့ Frequency တွေကို Counterbalance လုပ် ပြီး Energy Frequency ညှိပေးရမယ့် Healer တွေဆိုတာ
မိမိကိုယ်တိုင်ဆီကနေ ကောင်းသော စွမ်းအင်လှိုင်းတွေ ထုတ်ပေးနိုင်ဖို့ အရင် ကြိုးစားကြရတာပါ။

ကိုယ့်ရဲ့ Energy တိုင်းဟာ Universe ဆီမှာ စုမိနေတာ၊
တလောကလုံးက ထုတ်နေသော Energy တိုင်းကလည်း Universe ဆီ ရောက်တာပါပဲ။

လောကကြီးထဲက Negative Frequency တွေ အပူလှိုင်းတွေကို ပြန်လည်မျှတစေဖို့ ကိုယ့်ဆီက အအေးလှိုင်းကို ထုတ်ပေးရတာ Healers တွေရဲ့ အလုပ်ပါ။

ကိုယ့်ဆီက ကောင်းသော Frequency ကို လောကကြီးဆီ ပို့ပေးရုံသာမက
ကိုယ့်ရဲ့စကားနဲ့ ကိုယ့်ရဲ့ အပြုအမူကြောင့် သူတပါးရဲ့စိတ်မှာ Energy အနိမ့်လှိုင်းတွေ မဖြစ်ပေါ်စေရန် ကြိုးစားရမယ်။

ဒါကြောင့် Healer ဖြစ်ဖို့ဆိုတာ သီလ ဆိုတဲ့ ကိုယ်ချင်းစာတရားကို ကာယကံ ဝဇီကံနဲ့ မကျူးလွန်တာ သာမက
မနောကံကလည်း Energy ဖြစ်ပေါ်စေသောကြောင့် စိတ်ကိုပါ သန့်ရှင်းစွာနေရ စောင့်စည်းရပါတယ်။

Soul အထိ သန့်နေမှ Healer ဖြစ်နိုင်မယ်။

အနည်းဆုံးတော့ Healing ပေးချိန် Soul က အလွန်သန့်စင်နေရမယ်။
ဒါပေမယ့် Healing ပေးချိန်မှ ထကျင့်ကြံလို့ မရတာတော့ အားလုံးသိတဲ့အတိုင်းပါပဲ။

ကျမ အတန်းတွေ မှာ Spiritual Ethic တွေ အမြဲ သင်ပါတယ်။
ကိုယ့်ရဲ့ Image ကို ကိုယ်စောင့်ရှောက်ရပါမယ်။
ဘယ် ပညာရပ်ပဲ ဖြစ်စေ
မိမိကိုယ်ကို ထိုပညာရှင်အဖြစ်အမည်တပ်လိုက်ပြီဆိုရင် ပညာရပ်ကို ပြန်စောင့်ရှောက်ရလိမ့်မယ်။

Healer လို့ အမည် တပ်လိုက်ရင် ကိုယ့်ရဲ့ Image ဟာ
Healer ဆိုတာ ဒါပါလားလို့ ဖြစ်စေသည်အထိ ကြိုးစားနေထိုင်ပေးရပါမယ်။

ကိုယ့်ကို မြင်လိုက်တာ ကိုယ့်စကားကို ကြားလိုက်တာ ကိုယ့်အပြုအမူကိုတွေ့လိုက်တာနဲ့
သူတပါးရဲ့စိတ်မှာ Energy အနိမ့်လှိုင်းတွေ မဖြစ်ပေါ်စေရပါဘူး။
ဒါက မလွယ်မှန်းသိပေမယ့် လုပ်ကိုလုပ်နေရမယ့် အရာပါပဲ။
တချို့သောကိစ္စတွေမှာ ရုတ်တရက်မို့ Energy ထိန်းရခက်တာတွေ ရှိသွားလည်း ကိုယ့်ကိုကိုယ် ပြန်ပြင်ကိုပြင်ရပါမယ်။
သေချာ စဉ်းစားရန် အချိန်ရသော ကိစ္စတွေမှာတော့
ကိုယ့် Energy ကို ကိုယ်ရှင်းပြီးမှ မှန်ကန်သောလုပ်ရပ်ကို ဖြစ်ပေါ်စေရမယ်။

အခုဆိုရင် သင်တန်းသားတွေ အတော်များလာတယ်။
Reiki ကို ထိတွေ့ကြည့်တယ်။
နှစ်သက်ကြတယ်။
Reiki ဟာ အလွန် ချစ်ပေးတတ်တယ်။
Symbol တွေက အစ မင်းမှာ 5 Principles နဲ့ ကိုယ်ချင်းစာ ဂရုဏာရှိရင် လိုသလိုသာသုံးနော် လို့ ပြောပေးနေသလို ကိုယ့်ကို အချစ်ခံရတယ်။
သူတပါးကို Healing မပေးခင် ကိုယ်က အရင် Reiki Energy ရဲ့ ချစ်ပေးခြင်းကို လက်ခံနေရတာပါ။
သို့သော် လေးနက်သော ကျင့်စဉ်ဆိုတာ မမေ့ဖို့တော့လိုပါတယ်။

Healer လို့ မိမိကိုယ်ကို အမည်ပေးမယ်ဆိုရင်လေ
ကိုယ့်ရဲ့ Image ကို သေချာလေး ဂရုစိုက်ပါနော်။
ဒါဟာ ရှေးရိုးစွဲ Conservative ဖြစ်တာမဟုတ်ပါဘူး။
လိုကိုလိုအပ်လို့ပါ။

Spiritual Ethic တွေကို သေချာ စောင့်ထိန်းပါ။

ကိုယ့်ကြောင့် သူတပါးတို့ရဲ့ Energy ဟာ Frequency အနိမ့်တွေ မဖြစ်သွားပါစေနဲ့။

ပါဠိလိုပြောရရင် ကိုယ့်ကြောင့် သူတပါးတို့ရဲ့ သဏ္ဍာန်မှာ
လောဘ၊ ဒေါသ၊ မောဟ၊ တဏှာရာဂ တွေ မဖြစ်ပါစေနဲ့။
ဒေါသထဲမှာ ဝမ်းနည်းခြင်းလို သိမ်ငယ်ခြင်းလို ဒေါသအနုစားတွေလည်းပါဝင်ပါတယ်။
ဒါတွေဟာ Energy အနိမ့်လှိူင်းတွေ ဖြစ်သောကြောင့် ကိုယ့်ကြောင့် သူတပါးတို့ဆီမှာ မဖြစ်ပါစေနဲ့ ။
ကိုယ့်ဆီကလည်း မဖြစ်ပေါ်စေရန် Shadow ရှင်းနေသင့်တယ်။ သတိကပ်ပြီး လိုအပ်သောကျင့်စဉ်များ အစဉ်မပြတ်ကျင့်ကြံနေသင့်ပါတယ်ရှင်။

Reiki Healer အဖြစ် မိမိကိုယ်ကို သတ်မှတ်ပြီဆိုရင် ဒီအချက်လေးတွေ သတိပြုပါနော်။

ပုံမှာ Energy ပါပါတယ်။
Shadow Work လုပ်ချိန် သုံးနိုင်ပါတယ်ရှင်။

Namaste 🙏

31/10/2026

Shamanic Healers တွေမှာ Spirit Animals/ Animal Spirits တွေကတဆင့် သဘာဝ language တွေ တခု သို့မဟုတ် တခုထက်ပိုပြီး တတ်မြောက်ပိုင်ဆိုင်ထားတတ်ပါတယ်။

30/10/2026

ဒီကမ္ဘာမြေကြီးပေါ်မှာ ငါနေတယ်လို့ ခံစားလို့မဖြစ်နိုင်ပါဘူး။
ဒီကမ္ဘာမြေကြီးပေါ် ငါရောက်တာဘယ်လောက်‌တောင်ရှိပြီလဲလို့ ခံစားကြည့်တတ်ရမှာဖြစ်ပါတယ်။
နောက်မှဆက်ရေးပေးတော့မယ်။
တာ့တာ။

Collective Healing ထပ်လုပ်ထားပါတယ်နော်။ Energy အချိတ်အဆက်ရှိသူတွေHealing ရပါမယ်။ Transformation process မှာအထောက်အကူဖြစ်...
30/10/2026

Collective Healing ထပ်လုပ်ထားပါတယ်နော်။ Energy အချိတ်အဆက်ရှိသူတွေHealing ရပါမယ်။ Transformation process မှာအထောက်အကူဖြစ်ပါမယ်ဗျ။

ဘာမှစာထွေထွေထူးထူးရေးစရာမလိုဝူးဆိုတာသိလောက်ပါပြီ 😄ကမ္ဘာပတ်သလိုဖစ်တာမျက်စေ့လည်လို့။ Halloween ကို ကျေးဇူးတင်တယ်။ ဘာကြောင့...
28/10/2026

ဘာမှစာထွေထွေထူးထူးရေးစရာမလိုဝူးဆိုတာသိလောက်ပါပြီ 😄
ကမ္ဘာပတ်သလိုဖစ်တာမျက်စေ့လည်လို့။ Halloween ကို ကျေးဇူးတင်တယ်။ ဘာကြောင့်လဲ?
မသိနေဝူး.......

Multicultural ယဉ်ကျေးမှုပေါင်းစုံ၊ အသိုင်းအဝိုင်းပေါင်းစုံနဲ့အလုပ်လုပ်ခဲ့ရတဲ့သူပါ။
Spiritual ဖြစ်တဲ့သူတွေလည်း Multicultural ဖြစ်ရင်ပိုကောင်းမှာ။

Halloween အမှီ လိုက်လာတာ။ 👻အဝေးကြည့်ကြည့် အနီးကြည့်ကြည့် ကြည့်လိုကောင်းလို့အရမ်းကြိုက်တယ်။
28/10/2026

Halloween အမှီ လိုက်လာတာ။ 👻
အဝေးကြည့်ကြည့် အနီးကြည့်ကြည့် ကြည့်လိုကောင်းလို့အရမ်းကြိုက်တယ်။

Cleansing ပြန်လိုလို့ပြန်Share လိုက်ပါတယ်။
27/10/2026

Cleansing ပြန်လိုလို့ပြန်Share လိုက်ပါတယ်။

26/10/2026

🌿🌺 READING FESTIVAL _Week 1 🌼🌿

အားလုံးပဲ မင်္ဂလာပါရှင့် 💙

Vinayak Healing မှာ စနေနေ့တိုင်း ၃ ပတ်ကြာ ပြုလုပ်မယ့် Tarot & Oracle Reading Festival လေးရဲ့
Week 1_စနေနေ့ October 31, 2026 နေ့အတွက် အစီအစဉ် နှင့် Readers များ ကြေငြာပါရစေ။

Tarot & Oracle Reading ကို စိတ်ဝင်စားသူများ၊ ကိုယ့်ရဲ့ Inner Journey ကို စူးစမ်းလိုသူများအတွက် Free Online Reading Festival လေးဖြစ်ပြီး
Vinayak Healing ရဲ့ Reiki Healers များလည်းဖြစ်ကြတဲ့ Tarot & Oracle Readers များက
Collective Energy Reading နဲ့ တစ်ဦးချင်းစီအတွက် 1 on 1 Reading များကို အခမဲ့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

🗓️ Date — 31 October 2026 (စနေနေ့)
⏰ Time — ည 7:00 မှ 9:30 PM (Myanmar Time)
💻 Online Event — Zoom Live Sessions

🔔READERS & COLLECTIVE READING TOPICS🔔

🔮 The Inner Light Intuitive by Thiri Zun — Career Message

🔮 Tarot for All — Financial Message

🔮 Golden Aura Healing — Identifying the Things That Hold You Back

🔮 Kwiler Pont — Soul Purpose Guidance

🔮 MMOB Tarot — Love & Relationships

🔮 HSuu Veronica — Message for Your Soul

🔮 Lily Chariot (1 on 1 Reading Only)

🔮 Whiskers & Whispers Arcana (1 on 1 Reading Only)

ဒီနေ့မှာ Reader ၈ ဦး ပါဝင်ပြီး Collective Reading များအပြင် မိမိသိလိုတဲ့ မေးခွန်းတစ်ခုအတွက် 1 on 1 Reading များကိုလည်း Breakout Room များမှတစ်ဆင့် ရယူနိုင်မှာ ဖြစ်ပါတယ်ရှင်။

Tarot & Oracle Reading ကို စိတ်ဝင်စားသူများ၊ မိမိအတွက် လိုအပ်နေတဲ့ Higher Guidance & Message များကို ရယူလိုသူများအားလုံး ပါဝင်တက်ရောက်ပေးကြဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်ရှင်။

ဒီ Festival လေးနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ ခံစားချက်လေးတွေကိုလည်း Comment မှာ မျှဝေပေးလို့ရပါတယ်ရှင်

🧿Zoom Link ကို Comment မှာ မန့်ပေးထားပါတယ်။🧿
1 on 1 Reading တယောက်ချင်းစီ မေးခွင့်ရှိသူများကို နံပါတ်စဉ်ဖြင့်မှတ်သားပြီး ရွေးချယ်မှာမို့ နောက်မကျဘဲ ရောက်လာပေးပါနော်


26/10/2026

🙂

မြန်မာ့Time Zone ၂၇ရက်‌အဂ်ါနေ့ ည ၇:၃၀PM မှာ ဒီ Group Training စမှာပါနော်။ Register လုပ်ထားပေးတဲ့ Soul Connections တွေ Te...
26/10/2026

မြန်မာ့Time Zone ၂၇ရက်‌အဂ်ါနေ့ ည ၇:၃၀PM မှာ ဒီ Group Training စမှာပါနော်။ Register လုပ်ထားပေးတဲ့ Soul Connections တွေ Telegram group Invite မရသေးရင် Vinayak Healing Page , Osiris & Starseed Healing - Page မှာ Gp Invite လာယူပေးပါဗျ။
ကျေးဇူးတင်ပါတယ်နာ်။ ✨🦚🌾🙏

‎Divine Spirits, Divine Beings, Angels, Gods & Deities, Ancestors များရဲ့ Love & Blessings များကို Body Mind Spirit ပိုင်ဆိုင်ထားကြသောကျနော်နှင့်အတူ ရွှေမျိူးများ၊ ရွှေမျိုးဖြစ်လာကြတော့မယ့်သူများ လက်ခံရရှိပါတယ်ဗျ။
‎🙏🏼🙏🏼🙏🏼
‎ Shamanic Reiki Healers (Elementary Level)
‎Group Training ဒုတိယအကြိမ်လုပ်ပေးဖို့
Vinayak Healing Healing page နှင့် Osiris & Starseed Healing ~Divinations Page တို့မှ တီချယ်ခိုင်မွန် Khai Mon နှင့်ကျနော်တို့ ဆရာ၂ဦးကစီစဉ်ဆောင်ရွက်ထားပါတယ်ဗျ။
‎
🦚Shamanism ဆိုတာ Spirituality နာမ်ဝိညာဉ်ရေးရာ ယုံကြည်ကိုးကွယ်မှုတွေရဲ့ မူလအစဖြစ်ပြီး လူသားမျိုးနွယ် အပါအဝင် အခြားသက်ရှိသတ္တဝါများနှင့် နာမ်ဝိညာဉ်ရေးရာဆက်နွယ်မှုများ၊ နာမ်ဝိညာဉ်ရေးရာ ကုသမှုများ၊ လက်တွေ့ဘဝလောက နှင့် နာမ်ဝိညာဉ်လောက တို့အတွက် ညီမျှအောင် ကျင့်သုံးနေထိုင်ခြင်းနှင့် လောကကိုပြန်လည်အကျိုးပြုပေးရတဲ့အလုပ်တာဝန်တွေ၊ ကျေးဇူးတရားကို အသိမှတ်ပြုခြင်း‌တွေ၊ လောကသဘာဝအလှတရားတွေကို နည်းလမ်း‌ပေါင်းစုံ၊ပညာပေါင်းစုံဖြင့် အနာဂတ်နာမ်ဝိညာဥ်‌‌ဘဝတွေ နှင့် လက်တွေ့ဘဝ‌တွေမှာ ပိုမိုကောင်းမွန်လာအောင် ပြန်လည်‌လေ့ကျင့် ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ရိုးရာ အလေ့အထများပဲ ဖြစ်ပါတယ်။
🦚‎Shamanic Cosmology မှာ လူသားတမျိုးထဲကိုပဲ အဓိက အခြေခံဗဟိုထားပြီး တည်ဆောက်ထားတာမဟုတ်ပါဘူး။ Shamanic Cosmology က နာမ်ဝိညာဥ်‌လောကမှာရှိသော လူမျိုးနွယ် အပါအဝင် အခြားသက်ရှိမျိုးနွယ်တွေ အားလုံး သူ့နေရာနှင့်သူ အဖက်ဖက်က‌နေ ချိတ်ဆက်ပြီး ဖြစ်တည်မှုတွေ အပြန်အလှန် မှီခိုရှင်သန်နေထိုင်စား‌သောက်နိုင်ဖို့ လုပ်ပေးထားတဲ့ ကွန်ရက်ကြီး‌တွေဖြစ်ပါတယ်။
‎
‎Group Training တွေမှာ ဘာတွေ ‌ဝေမျှလေ့ကျင်ပေးသွားမလဲ ဆိုတာတွေကတော့
‎‌တီချယ် ဝေမျှပေးမယ့် ပညာရပ်နှင့် စွမ်းအင်ကုထုံးတွေထဲက
‎🧿Shamanic Reiki ဆိုတာဘာလဲ
‎🧿ရိုးရာ Reiki နှင့် Shamanic Reiki တို့ ဘာတွေကွာခြားသလဲ
‎🧿စွမ်းအင်ခန္ဓာကိုယ် (Energy Body)အကြောင်း၊ ချက္ကရများ (Chakras)၊ ရောင်ဝါ (Aura) များနှင့် သဘာဝတရားနှင့် ကမ္ဘာမြေမှ စွမ်းအားစုများကို ချိတ်ဆက်ခြင်း
‎🧿Spiritual Healer များ၏ ကျင့်ဝတ်နှင့် စွမ်းအင်ဆိုင်ရာ တာဝန်ယူမှုများ
‎🧿လနှင့်သက်ဆိုင်သော Rituals အစီအစဉ်များ (Moon rituals)
‎🧿အရှေ့တိုင်း ရှာမန်နစ်ပညာများ (Eastern Shamanic Cosmology) အကြောင်း
‎🧿စိတ်တည်ငြိမ်မှုနှင့် စွမ်းအင်ကာကွယ်ခြင်း (Grounding & Energy Protection)
‎🧿မိမိကိုယ်ကိုနှင့် သူတစ်ပါးကို Shamanic Reiki ဖြင့် ကုသခြင်း
‎🧿စွမ်းအင်နိုးကြားစေရန် Shamanic နည်းလမ်းဖြင့် အသက်ရှူလေ့ကျင့်ခြင်း
‎🧿Power Animals (မိမိကို စောင့်ရှောက်သော တိရစ္ဆာန်ဝိညာဉ်) နှင့် စတင်မိတ်ဆက်ခြင်း တရားထိုင်နည်းများ
‎🧿Distance Healing ကို Shamanic Journeying ရှာမန်အစွမ်းတွေဖြင့် နာမ်ဝိညာဉ်ခရီးစဉ်မှတစ်ဆင့် ပြုလုပ်ပေးခြင်း
‎🧿Shamanic Reiki Elementary Level Attunement စွမ်းအင်ကူးပြောင်းပေးခြင်း ‎စတာတွေ ပါဝင်ပါတယ်။

✨‎Shamanism မှာ လည်း Shamans လမ်းစဉ်တွေ အများကြီးရှိကြတာမို့ ကျနော်တို့ ၂ဦးရဲ့ Ancestors' Lineages အချိတ်အဆက်တွေ မတူညီမှုလေးတွေရှိလို့
💐‎တီချယ်က Eastern Shamanic Beliefs တွေ နှင့် တွဲပြီး Energies Works စွမ်းအင်တွေ နှင့်အချိတ်အဆက်လုပ်နည်းတွေ‌ဝေမျှလေ့ကျင် ပေးသွားမှာပါဗျ။
‎
🦚ကျနော် ဝေမျှပေးမယ့်ပညာရပ်တွေက Western Shamanic Beliefs တွေနှင့် Spiritual Energies Healings အကြောင်းတွေဖြစ်ပါတယ်။
‎🦚Shamanic Reiki Spiritual Healings (Subconscious, Unconscious energies အတွင်းစိတ်ဓာတ်၊ မသိစိတ်ဓာတ်တွေကို ကုသပေးနည်း)
‎🦚Shamanic Beliefs တွေက Western Shamanic Cosmology က Spirits အစောင့်အရှောက်တွေ၊ Ancestors ဘိုး‌ဘေးတွေ၊ Deities နတ်ဘုရားတွေ၊ Guardian Spirits တွေ၊ Angels တွေ၊ Ascended Mastersတွေ Gurus တွေ Spiritual Animals စိတ်နာမ်ဝိညာဉ်ရေးရာနှင့်ဆိုင်‌သော အစောင့်အ‌ရှောက် တိရစ္ဆာန်များ နှင့် ထူးမြတ်‌သော ပုဂ္ဂိုလ်များ၊ အသိဉာဏ်ပညာထူးမြတ်သောသူများ၊ ဆရာသမားများ အကြောင်း
‎🦚သူတို့ရဲ့ ဖြစ်တည်ရာနေထိုင်ရာ ဘုံ‌နေရာအဆင့်တွေနဲ့ သူတို့ရဲ့ အစွမ်းတန်ခိုးများအကြောင်း
‎🦚Shamanic Reiki Healers တို့ပိုင်ဆိုင်ထားအပ်သည့်အသုံးအဆောင်ပစ္စည်းတွေနှင့် Shamanic Reiki Spiritual Healings, Shamanic Reiki Energy Healings, Shamanic drumming Journey, Meditations & Manifestation Practices များ၊ နာမ်ဝိညာဉ်ခရီးသွားပြီး မိမိ၏ နာမ်ဝိညာဉ်ဖြစ်တည်မှုအစစ်အမှန်နှင့်‌ နေထိုင်ရာ Spiritual World ကို ရှာ‌ဖွေခြင်း၊ Spiritual Messages များရယူခြင်း| လက်တွေ့ဘဝမှာ စတင်ကျင့်သုံးနေထိုင်ခြင်း| ပြန်လည်ဝေမျှခြင်း၊ မိမိနှင့် connections ရှိသော အရာများကိုရှာဖွေချိတ်ဆက်ခြင်း၊မိမိ၏အစောင့်အရှောက်များ၊ နတ်ဘုရားများ၊ဘိုးဘွားများ နှင့် ချိတ်ဆက်ခြင်း။
‎🦚 Energy Healing အတွက်Chakras တွေနှင့် Crystals တွေ| ရှာမန်အသုံးအဆောင်‌တွေကို အသုံးပြုပြီး Healing လုပ်ပေးခြင်း။
‎🦚 တတ်သင့်ထားအပ်သော ကြားခြင်း၊မြင်ခြင်း၊ သိခြင်း၊ ခံစားနားလည်ခြင်းစတဲ့ Spiritual အတတ်ပညာများလေ့ကျင်ပေးခြင်း။
‎🦚 နေရာဒေသအလိုက် မှီခိုပြီးနေထိုင်စား‌သောက်‌ရှင်သန်နေကြတဲ့ သက်ရှိများကို ကာကွယ်အစောင့်အရှောက်ပေးနေတဲ့ Celestial Bodies အာကာသဘုံဗိမာန်က Divine Spirits ရဲ့ Divine Guidance တွေ လက်ခံပြီး နှစ်တစ်နှစ်ရဲ့ 12 လ မှာ လစဉ် ရာသီအလိုက် မိမိ ရဲ့Collectiveအတွက်လုပ်ပေးဖို့လိုအပ်တဲ့Spiritual Healings တွေ၊ လက်‌တွေ့လောကနှင့် Spirits နာမ်ဝိညာဉ် လောက၂ မျိုး Bridge ပေါင်းကူးတံတားလုပ်ပေးခြင်း၊ Manifestations တွေ & Rituals အဓိဌာန်တွေ စုပေါင်း‌‌ဆောင်ရွက်ကြတဲ့ Ceremonies | Occasions တွေ စီစဉ်‌ဆောင်ရွက်ပေးခြင်းအကြောင်းများ။
‎🦚Shamanic Reiki Healers တစ်ဦးအဖြစ် ခံယူနေထိုင်ကျင့်သုံးရသော တန်ဖိုးအနှစ်သာရများ။
‎
‎🦚Shamanic Reiki Elementary Level အတွက် Soul Retrieval Process & Shamanic Lifestyle Energy ဝေမျှပေးခြင်းတို့ကို လုပ်ပေးသွားမှာပါ။
‎⚡Calling ရလို့ ထပ်ဝေမျှပေးဖို့ လိုအပ်တာပေါ်လာရင်လည်း တခါထဲ လက်တွေ့လေ့ကျင်ပေးသွားဖို့ရှိတာလည်း ကြိုပြီး အသိပေးထားပါရစေနော်။
‎
‎💌Shamanism နဲ့ Reiki ပညာရပ်တွေကို မည်သူမဆို ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ်လေ့လာသင်ကြားလို့ရပါတယ်။ နိမိတ်ဗေဒင်ဟော|မဂ်လာအခါဝောာ်ပေးဆရာ|ဆရာမတွေလည်း ဒီပညာဘာသာရပ်တွေကို လိုအပ်သည်ဖြစ်စေ၊ စိတ်ဝင်စားသည်ဖြစ်‌စေ၊ အသုံးပြုရန်ဖြစ်စေ ပါဝင်လေ့လာသင်ကြားလို့ရပါတယ်။ ရှာမန်အသုံးအ‌ဆောင်ပစ္စည်းတွေ ပိုင်ဆိုင်ပြီးအသုံးပြုနေသူတွေလည်း ထိုနည်း၎င်းပါပဲခင်ဗျ။
‎
‎🏺တီချယ်က Shamanic Reiki မတိုင်ခင် Reiki အခြေခံကိုပါ ပြန်လည်သင်ကြားပေးပြီး Energy ချိတ်ဆက်ပေးမှာမို့ Reiki နှင့် Shamanism ကို ယခုမှ စလေ့လာချင်သူများလည်း တက်လို့လည်းရပါတယ်။
‎
‎✨ကျ‌နော့်အနေနဲ့ Shamanic Reiki Healer ဖြစ်ရတဲ့ အနှစ်အသာရတခု‌ ဝေမျှရရင် ပျော်ဖို့အရမ်းကောင်းပါတယ်။
‎
‎📜 Group Training စမည့်ကာလOctober 27th, 2026 (Tuesday), 7:30PM (Myanmar's Local Timezone)
‎🎒 Trainingကာလအများဆုံး ၁လ ခွဲမှ 2လ အထိကြာနိုင်ပါတယ်။
‎🗓️အပတ်စဉ် သင်ကြားပေးမယ့် Schedules များ Sunday, Tuesday, Thursday, ည ၇:၃၀ (မြန်မာအချိန်)
‎🌾Group Membership Fees = ၁၃၁၃၁၃ MMK
‎👐Shamanic Reiki Attunement ရသည်အထိ ကျင့်ကြံအားထုတ်နိုင်သူများကို Certificate အပ်နှံပေးသွားပါမယ်နော်။
‎
‎📝 ဒီ Group Training လေးမှာ ပါဝင်ဖို့အတွက် Vinayak Healing page မှာ အမည်စာရင်း ပေးထားလို့ရပါပြီဗျ။
‎
‎🤲Free Membership giveaways ရရှိလိုသူများအတွက်လည်း
‎100% Free Membership ၃ဦး
‎50% Free Membership ၃ဦး ပေးအပ်ဖို့စီစဥ်‌ပေးထားပါတယ်ဗျ။
‎
‎ Membership Fees Givaway အတွက် Register လုပ်ရင် ဒီ Post ကို 👍🏼Like & Share လုပ်ပေးထားတဲ့ ပုံ‌လေး နဲ့အတူလျောက်ထားသူရဲ့ နာမ်မည် နှင့် ရွေးချယ်ထားတဲ့ 100% | 50% Scholarship ကို ဖော်ပြပြီး ဒီပညာရပ်တွေကို ဘယ်လိုကိစ္စကဏ္ဍ‌နေရာတွေမှာ ကျင့်သုံးဖို့ ရည်ရွယ်ထားပါတယ်ဆိုတာရေးပို့ပေးထားပါဗျ။
Shamanic Reiki Healers (Elementary Level ) Training Group membership Fees 100%, 50% Free ရရှိသူတွေကို October လ 18 မှာ ရရှိကြောင်း အသိပေးပါမယ်ဗျ။
🙏🏼🙏🏼🙏🏼

Shaman မျိုးနွယ် အဆက်ရှိသူများရရှိပါစေ။
‎
‎🫴100% Free Memeberships Fees | 50% Free Memberships ရရှိသူတွေအတွက် 100%,50% membership fees giveaways ကုသိုလ်မှာပါဝင်လိုသူတွေကိုလည်း ဖိတ်ခေါ်ပါတယ်ဗျ၊
‎
‎💒အရင်က သင်တန်းပေးခဲ့‌ဖူးတဲ့ Shamanic Reiki Activation Training Group မှာ ပါဝင်လေ့လာသင်ကြားခဲ့ဖူးတဲ့ ရွှေမျိုးတွေက Reseat လုပ်မယ်ဆိုရင် ကျနော်နှင့် တီချယ်ခိုင်မွန်တို့ Facebook acc Pages | Telegram acc တို့ကို Invitation Link တိုက်ရိုက်လာယူပေးပါနော်။
‎
‎သေချာ အချိန်ပေးပြီး လေ့လာဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျ။
‎
အမြဲ‎ဆုတောင်းမေတ္တာပို့သပါတယ်။🙏🏼🙏🏼🙏🏼
‎
‎Zin Minn Htet

Address

Yangon

Alerts

Be the first to know and let us send you an email when Osiris & Starseed Healing Divinations posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Osiris & Starseed Healing Divinations:

Shortcuts

Share