Mingalar Hospitals

Call Directions Website Contact the practice

Mingalar Hospitals "𝙷𝚎𝚊𝚕𝚒𝚗𝚐 𝙷𝚊𝚗𝚍𝚜, 𝙲𝚊𝚛𝚒𝚗𝚐 𝙷𝚎𝚊𝚛𝚝𝚜"

ကြင်နာနှလုံးသား ကမ်းလက်များနှင့် ကျန်းမာစေမှာ "မင်္ဂလာ"

မင်္ဂလာဆေးရုံသည် မဟာရဲမွန်ကုမ္ပဏီ၏ လက်အောက်တွင်ရှိသော မင်္ဂလာဆေးရုံလုပ်ငန်းစု၏ အဓိက ဆေးရုံကြီးဖြစ်ပါသည်။ ကုတင် (၁၅၀) ဆန့် အထွေထွေရောဂါအထူးကုဆေးရုံကြီးဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ နိုင်ငံတကာအဆင့်မှီရောဂါရှာဖွေကုသရေး စက်ပစ္စည်းများနှင့် နွေးထွေးသောဝန်ဆောင်မှုများကို ပြည်သူလူထုထံပေးအပ်ရန် ရည်ရွယ်ထားရှိပါသည်။ လူနာများ၏ဘေးကင်းလုံခြုံမှုသည် မင်္ဂလာဆေးရုံကြီး၏ ပထမဦးစားပေးဖြစ်သည့်အားလျော်စွာ အမျိုးမျိုးသော နိုင်ငံတကာအဆင့်မှီ မီးဘေးကာကွယ်ရေးစနစ်များနှင့် ပြင်းထန်သောငလျင်ဒဏ်ခံနိုင်မည့် အဆောက်အဦးအဖြစ် တွက်ချက်ထည့်သွင်းတည်ဆောက်ခဲ့သော ပထမဆုံးသော ဆေးရုံကြီးဖြစ်ပါသည်။

⭐World Pharmacist Day 2026⭐(ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့)၂၀၂၆ခုနှစ် စက်တင်ဘာ ၂၅ရက်နေ့တွင် ကျရောက်သော World Pharmacist Day ...
25/09/2026

⭐World Pharmacist Day 2026⭐
(ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့)

၂၀၂၆ခုနှစ် စက်တင်ဘာ ၂၅ရက်နေ့တွင် ကျရောက်သော World Pharmacist Day (ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့)၏ ဆောင်ပုဒ်မှာ “Empowering pharmacists for healthier futures” ဖြစ်ပါသည်။

💊 ဆေးဝါးပညာရှင်များကို လုပ်ပိုင်ခွင့်ပေးခြင်းဆိုသည်မှာ ပြောင်းလဲနေသော ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် လိုအပ်သော အရည်အချင်းများ၊ အသိအမှတ်ပြုမှုများနှင့် အလုပ်ခွင်ပတ်ဝန်းကျင်ကောင်းများဖြင့် ဆေးဝါးပညာရှင်များအား ပံပိုးပေးခြင်းကို ဆိုလိုပါသည်။

💊 ဆေးဝါးဆိုင်ရာအကြံပြုချက်များမှသည် ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများအထိ၊ ဆေးဝါးပညာရှင်များ၏ကျွမ်းကျင်များသည် ကျနော်တို့အားလုံး၏ကျန်းမာရေးအတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

💊 ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့တွင် မင်္ဂလာဆေးရုံရှိ ဆရာကြီးပါမောက္ခဦးဒေါက်တာရန်လင်းမြင့်မှ ဂုဏ်ပြုအမှာစကားချီးမြှင့်ခဲ့ပါသည်။

💊 ၂၀၂၆ခုနှစ် World Pharmacist Day (ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့)တွင် မင်္ဂလာဆေးရုံမှ ဆေးဝါးပညာရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းပေးခြင်း၊ အမှတ်တရကိတ်ခွဲခြင်း နှင့် Group Photo ရိုက်ကူးခြင်းပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်ရှင့်..

💊 ယနေ့ ကျရောက်သော "World Pharmacists Day" တွင် မိမိတို့၏ အတွေ့အကြုံများ၊ အသိပညာ နှင့် ကျွမ်းကျင်မှုများကို အသုံးပြု၍ လူနာများ၏ ကျန်းမာရေးအတွက် တိကျသေချာသော ဆေးဝါးအသုံးပြုနည်းလမ်းများကို ညွှန်ကြားပြသပေးနေသော ဆေးဝါးကျွမ်းကျင်ပညာရှင်များအားလုံးကို “မင်္ဂလာဆေးရုံ” မှ အထူးကျေးဇူးတင် ဂုဏ်ပြုလိုက်ပါတယ်ရှင့်…..


🔰 Join Our Team!  🔰 ⚡⚡ မင်္ဂလာဆေးရုံတွင် အောက်ဖော်ပြပါရာထူးများအတွက် ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။ ⭐️ Audit Supervisor...
24/09/2026

🔰 Join Our Team! 🔰
⚡⚡ မင်္ဂလာဆေးရုံတွင် အောက်ဖော်ပြပါရာထူးများအတွက် ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။

⭐️ Audit Supervisor
⭐️ Customer Relationship Staff
⭐️ Jr Inventory Accountant
⭐️ Jr Inventory Controller
⭐️ Jr Register
⭐️ M&E Service
⭐️ Marketing Assistant
⭐️ Pharmacist
⭐️ Office Assistant
⭐️ Jr Graphic Designer
⭐️ Senior Auditor

💜 လျှောက်ထားလိုသူများသည် [email protected] သို့ Email ပေးပို့လျှောက်ထားနိုင်ပြီး၊ မင်္ဂလာဆေးရုံ၏ HR ဌာနသို့လည်း လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။
တခြား သိရှိလိုသောအကြောင်းအရာများ ရှိပါက အောက်ပါဖုန်းနံပါတ်သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

☎️ 09-791977008
အောက်ပါအချက်အလက်များကို ပူးတွဲ၍ တင်ပေးပါရန်။
(၁) ကိုယ်ရေးရာဇဝင် အကျဉ်း (CV) – (၁) စောင်
(၂) နှစ်လအတွင်း ရိုက်ကူးထားသော လိုင်စင်ဆိုဒ်ဓာတ်ပုံ - (၁)ပုံ
(၃) နိုင်ငံသားစီစစ်ရေးကဒ် မိတ္တူ - (၁) စောင်
(၄) အိမ်ထောင်စုဇယား မိတ္တူ - (၁) စောင်
(၅) ပညာအရည်အချင်း မိတ္တူ - (၁) စောင်

🏥 မင်္ဂလာဆေးရုံ 58 လမ်း၊ 42x43 ကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး။


⚕⚕⚕ သူနာပြုဆရာမများအတွက် Continuing Professional Development (CPD 2points) ရရှိမည့် CPD program အစီအစဉ်ကို Nursing Manag...
22/09/2026

⚕⚕⚕ သူနာပြုဆရာမများအတွက် Continuing Professional Development (CPD 2points) ရရှိမည့် CPD program အစီအစဉ်ကို Nursing Management of Stroke Care ခေါင်းစဉ်ဖြင့် မင်္ဂလာဆေးရုံတွင် ၂၆ စက်တင်ဘာ ၂၀၂၆ခုနှစ်( စနေနေ့) နေ့လည် ၂နာရီမှ ၄နာရီထိ ပြောကြားမည်ဖြစ်ပါသည်။

⭐⭐ တက်ရောက်လိုသော သူနာပြုသားဖွားဆရာမများအနေဖြင့်

Viber နံပါတ် (09444011391) သို့ အမည်၊ သူနာပြုသားဖွားလိုင်စင်နံပါတ်တို့အား ပေးပို့၍ ကြိုတင်စာရင်းပေးနိုင်ကြောင်း အကြောင်းကြားအပ်ပါသည်။

🎉“အဖြေမှန်ရွေးကာ မုန့်ဖိုး (၁၀,၀၀၀)ကျပ် ရယူပါ”🎉မေးခွန်းကိုဖြေတဲ့အခါမှာ အောက်ပါအချက်များကို လိုက်နာပေးရပါမယ်ရှင်။📌Mingala...
21/09/2026

🎉“အဖြေမှန်ရွေးကာ မုန့်ဖိုး (၁၀,၀၀၀)ကျပ် ရယူပါ”🎉
မေးခွန်းကိုဖြေတဲ့အခါမှာ အောက်ပါအချက်များကို လိုက်နာပေးရပါမယ်ရှင်။
📌Mingalar Hospitals page ကို Like လုပ်ပေးပါ။
📌ယခု Post ကို Like လုပ်ပြီး Public နဲ့ Share ပေးပါ။
📌Share ပေးထားတဲ့ Screenshot ကို အဖြေမှန်နှင့်တကွ ကွန့်မန်မှာ ရေးပေးပါ။
(အဖြေများကို တနင်္ဂနွေနေ့ ညနေ ၅ နာရီထိ ဖြေလို့ရပါတယ်ရှင်)
စည်းကမ်းချက်နဲ့ညီတဲ့ အဖြေမှန်သူအားလုံးထဲမှ အဖြေမှန်သူအား မုန့်ဖိုး (၁၀,၀၀၀) ကျပ် လက်ဆောင်ပေးသွားမှာပါရှင်။
အဖြေမှန်ကိုလည်း လာမယ့်အပတ်တနင်္လာနေ့မှာ Comment မှာ ပြန်ဖြေပေးပါမယ်နော်...❤
📢အခုလို ကျန်းမာရေးဗဟုသုတ ဉာဏ်စမ်းအစီအစဥ်လေးကို အပတ်စဥ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် အဖြေမှန်ရွေးရင်း မုန့်ဖိုးယူကြပါအုံးနော်။
☎09 77100 5885, 099 5555 8888, 02 2848 231 ~ 238
🏥မင်္ဂလာဆေးရုံ - - -
၅၈လမ်း၊ ၄၂-၄၃ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

❤️❤️၂၀၂၆ခုနှစ် စက်တင်ဘာ ၂၉ရက်နေ့တွင်ကျရောက်မည့် World Heart Day (ကမ္ဘာ့နှလုံးကျန်းမာရေးနေ့) အထိမ်းအမှတ်အဖြစ် နှလုံးရောဂါ...
19/09/2026

❤️❤️၂၀၂၆ခုနှစ် စက်တင်ဘာ ၂၉ရက်နေ့တွင်ကျရောက်မည့် World Heart Day (ကမ္ဘာ့နှလုံးကျန်းမာရေးနေ့) အထိမ်းအမှတ်အဖြစ် နှလုံးရောဂါအကြောင်းသိကောင်းစရာများကို နှလုံးရောဂါဆေးပညာအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာကျော်စိုးဝင်း မှ မင်္ဂလာဆေးရုံတွင် ဟောပြောခဲ့ပါတယ် . .

💜ဟောပြောပွဲမှ ကျန်းမာရေးဗဟုသုတအချက်များကို အနှစ်ချုပ်တင်ပြပေးရင်းနဲ့ ဟောပြောပွဲမှ မှတ်တမ်းဓာတ်ပုံများကိုတင်ပြလိုက်ရပါတယ်ရှင့်....

💙 ယခုအစီအစဉ်ကို မင်္ဂလာဆေးရုံနှင့် Procard Myanmar (https://www.facebook.com/procardmyanmar) မှ ပူးပေါင်းစီစဉ်တင်ဆက်ပါတယ်ရှင့်...

⭐ ယခုနှစ်ဆောင်ပုဒ်ကတော့ "နှလုံးသားကို အသုံးချပြီး လက်တွေ့လုပ်ဆောင်ကြပါ"
(Use Heart for Action) နှင့် "နှလုံးခုန်သံ တစ်ချက်မှ မလွတ်စေနဲ့" (Don't Miss a Beat)
ဖြစ်ပါတယ်၊ အဓိပ္ပါယ်တွေကတော့

🔹 နှလုံးရောဂါအကြောင်းကို သိရုံတင် မဟုတ်တော့ဘဲ မိမိကိုယ်တိုင်၊ မိမိမိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ နှလုံးကျန်းမာရေးအတွက် လက်တွေ့ကျကျ စတင်ပြောင်းလဲ လှုပ်ရှားကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။
🔹 မိမိတို့ နှလုံးရဲ့ ခုန်နှုန်း၊ နှလုံးရဲ့ အချက်ပြလက္ခဏာတွေကို လျစ်လျူမရှုမိဖို့ ပြောချင်တာ ဖြစ်ပါတယ်။

⭐ နှလုံးရောဂါ ဖြစ်ပွားစေသည့် အဓိက အကြောင်းရင်းများနှင့် အန္တရာယ်များ

🔹 မကျန်းမာသော စားသောက်မှုပုံစံ - အဆီအစိမ့် အစားများခြင်း၊ ဆား (သို့မဟုတ်) ငံပြာရည် အလွန်အကျွံ စားသုံးခြင်း၊ သကြားနှင့် အချိုရည်များ အသောက်များခြင်း
🔹 ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း - တစ်နေ့တာလုံး ထိုင်ပြီး အလုပ်လုပ်ရသူများ၊ လေ့ကျင့်ခန်း လုံးဝမလုပ်ခြင်း
🔹 ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်း - ဆေးလိပ်သောက်ခြင်း သို့မဟုတ် ကွမ်းယာစားခြင်း (ဆေးရွက်ကြီးပါသော) တို့ဟာ နှလုံးသွေးကြောတွေကို ကျဉ်းစေပြီး သွေးခဲမှုကို မြန်ဆန်စေကာ နှလုံးရုတ်တရက် ရပ်ဆိုင်းခြင်း (Heart Attack) ကို တိုက်ရိုက်ဖြစ်စေပါတယ်။
🔹 နာတာရှည်ရောဂါများ စနစ်တကျ မကုသခြင်း - သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ ရှိနေသူတွေဟာ ဆေးကို စနစ်တကျ မသောက်ဘဲ ထားမယ်ဆိုရင် နှလုံးကို အချိန်တိုအတွင်း ပျက်စီးစေပါတယ်။
🔹 စိတ်ဖိစီးမှုနှင့် အိပ်ရေးပျက်ခြင်း - လူမှုရေး၊ စီးပွားရေး စိတ်ဖိစီးမှုတွေ အလွန်များပြီး အိပ်ရေးမဝတဲ့အခါ သွေးတိုးနှုန်း မြင့်တက်လာပြီး နှလုံးကို ဝန်ပိစေပါတယ်။

⭐ နှလုံးရောဂါနဲ့ပတ်သတ်ပြီး မြန်မာ့လူနေမှုပုံစံ အမှားများတွေကတော့....

၁။ အငန်နှင့် ဆီဦးစားပေး မြန်မာ့အစားအစာ
၂။ ကွမ်းယာက ဆေးလိပ်မဟုတ်ပါဘူး ဆိုတဲ့ အယူအဆအမှား
၃။ နေကောင်းရင် သွေးတိုးဆေး ဖြတ်လိုက်တယ်
၄။ လေထိုးတာပါ ဆိုပြီး အချိန်ဆွဲခြင်း

⭐⭐⭐ မိမိနှလုံးကို ကာကွယ်ရန် လက်တွေ့လုပ်ဆောင်ရမည့် အချက်များ

၁. ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ - ဟင်းချက်ရာတွင် ဆားနှင့် ဆီကို ချိန်ဆပါ
၂. လှုပ်ရှားမှု ပိုမိုလုပ်ပေးပါ - လမ်းလျှောက်ခြင်းကို ဆေးတစ်ခွက်လို သဘောထားပါ . ကျန်းမာစေကြောင်း ခြေလှမ်းတစ်သောင်း
၃. ဆေးလိပ်နှင့် ကွမ်းယာကို ပြတ်အောင်ဖြတ်ပါ
၄. ကျန်းမာရေး ပုံမှန်စစ်ဆေးပါ - အသက် ၄၀ ကျော်လာရင် မိမိမှာ ရောဂါလက္ခဏာ မရှိရင်တောင် သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်း အဆီဓာတ်နဲ့ သွေးချိုဓာတ် စစ်ဆေးခြင်းတို့ကို ပုံမှန်ပြုလုပ်သင့်ပါတယ်။
၅။ အရေးပေါ် လက္ခဏာများကို မှတ်သားပါ -
နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ၏ အရေးပေါ်လက္ခဏာများ
မိမိ သို့မဟုတ် မိသားစုဝင်တစ်ဦးဦးတွင် အောက်ပါလက္ခဏာများ ပြလာပါက
"လေထိုးသည်" ဟု မယူဆဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ မိနစ်ပိုင်းအတွင်း
ချက်ချင်း သွားရောက်ပါ။
🔹 ရင်ဘတ်အလယ်တည့်တည့်တွင် ကျောက်တုံးကြီးဖြင့် ဖိထားသလို ပြင်းထန်စွာ အောင့်ခြင်း၊ တင်းကြပ်ခြင်း။
🔹 ထိုအောင့်သည့်ဒဏ်က ဘယ်ဘက်လက်မောင်း၊ မေးရိုး သို့မဟုတ် ကျောဘက်သို့ ပျံ့သွားခြင်း။
🔹 ရင်ဘတ်အောင့်ခြင်းနှင့်အတူ ချွေးစေးများ ထွက်လာခြင်း၊ မူးဝေခြင်းနှင့် အသက်ရှူရခက်ခဲခြင်း။

☎ 09 77100 5885, 099 5555 8888, 02 2848 231 ~ 238
🏥 မင်္ဂလာဆေးရုံ - - -
၅၈လမ်း၊ ၄၂-၄၃ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

18/09/2026

🌟 ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုထိန်းသိမ်းမလဲ?

💚 လူတော်တော်များများက ဝလာပြီဆိုရင် အစားအစာတွေလျော့စားမယ်
အမြန်ပိန်ဖို့ အစာမစားဘဲနေမယ်ဆိုပြီး လုပ်ဖူးကြပါတယ်...တကယ်တော့ ကိုယ်အလေးချိန်ထိန်းတယ်ဆိုတာ အစာငတ်ခံပြီး ပိန်အောင်လုပ်တာ မဟုတ်ပါဘူး။

💙 အရေးကြီးတာက ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အာဟာရတွေရရှိအောင် မျှတစွာစားပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပြီး လိုချင်တဲ့ကိုယ်အလေးချိန်ကို ရရှိအောင် ကြိုးစားရမှာဖြစ်ပါတယ်။

❤️ ဒီဗီဒီယိုလေးမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ရရှိအောင် အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်း အစရှိတဲ့ အလေ့အကျင့်တွေကို ဘယ်လိုကျင့်ကြံပျိုးထောင်သင့်သလဲ ဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်...

💜 ကျမတို့ မင်္ဂလာဆေးရုံမှာ အဝလွန်ခြင်းနှင့်ပါတ်သက်ပြီး သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် အချိန်မရွေးလာရောက်ဆွေးနွေးနိုင်ပါတယ်ရှင့် …..

☎️ 09 77100 5885, 099 5555 8888, 02 2848 231 ~ 238
🏥 မင်္ဂလာဆေးရုံလိပ်စာ -
၅၈လမ်း၊ ၄၂-၄၃ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

❤️❤️၂၀၂၆ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်မည့် World Heart Day (ကမ္ဘာ့နှလုံးကျန်းမာရေးနေ့) အထိမ်းအမှတ်အဖြစ် ❤️❤️"DON...
12/09/2026

❤️❤️၂၀၂၆ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်မည့် World Heart Day (ကမ္ဘာ့နှလုံးကျန်းမာရေးနေ့) အထိမ်းအမှတ်အဖြစ် ❤️❤️

"DON’T MISS A BEAT"
“နှလုံးခုန်မရပ်ဖို့ ဂရုစိုက်စို့”

ခေါင်းစဉ်ဖြင့် နှလုံးရောဂါအကြောင်းသိကောင်းစရာများကို နှလုံးရောဂါဆေးပညာအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာကျော်စိုးဝင်းမှ မင်္ဂလာဆေးရုံတွင် အောက်ပါအစီအစဉ်အတိုင်း ဟောပြောပေးမည်ဖြစ်ပါသည်။

📅 ၁၉ စက်တင်ဘာ, ၂၀၂၆ခုနှစ် (စနေနေ့)
⏱️ နေ့လည် ၁ နာရီ မှ ၃ နာရီထိ
📍 မင်္ဂလာဆေးရုံ ၉လွှာ အစည်းအဝေးခန်းမ

ဟောပြောပွဲသို့ တက်ရောက်လိုသူများအနေဖြင့် QR code မှတဆင့် (သို့မဟုတ်) အောက်ဖော်ပြပါဖုန်းနံပါတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်စာရင်းပေးနိုင်ပါသည်။

☎️ 09774835776, 09969934230 (ဟောပြောပွဲစာရင်းပေးရန်အတွက်သာ)

☎️ 09 77100 5885, 099 5555 8888, 02 2848 231 ~ 238 (မင်္ဂလာဆေးရုံသို့ဆက်သွယ်ရန်)
🏥 မင်္ဂလာဆေးရုံလိပ်စာ -
၅၈လမ်း၊ ၄၂-၄၃ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

'tMissABeat

🌟 ယနေ့ စက်တင်ဘာ ၈ ရက်နေ့သည် “ကမ္ဘာ့အကြောအဆစ်ဆိုင်ရာ ပြန်လည်သန်စွမ်းရေးနေ့” (World Physiotherapy Day) ဖြစ်ပါသည်။💚၂၀၂၆ခုနှ...
08/09/2026

🌟 ယနေ့ စက်တင်ဘာ ၈ ရက်နေ့သည် “ကမ္ဘာ့အကြောအဆစ်ဆိုင်ရာ ပြန်လည်သန်စွမ်းရေးနေ့” (World Physiotherapy Day) ဖြစ်ပါသည်။

💚၂၀၂၆ခုနှစ်အတွက် Theme ကတော့ “The role of physiotherapy and physical activity in the prevention, management, and rehabilitation of cardiovascular disease and stroke” ပဲဖြစ်ပါတယ်။

💙 အဓိပ္ပါယ်မှာ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတွင် အကြောအဆစ်ဆိုင်ရာ ပြန်လည်သန်စွမ်းရေးပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း ဖော်ပြထားခြင်းဖြစ်ပါသည်။

❤️ မင်္ဂလာဆေးရုံမှ အကြောအဆစ်ဆိုင်ရာ ပြန်လည်သန်စွမ်းရေးပညာရှင်များအတွက်‌ ပြုလုပ်ပေးသော နေ့လည်စာကျွေးမွေးခြင်း၊ အမှတ်တရလက်ဆောင်ပေးအပ်ခြင်းနှင့် အမှတ်တရကိတ်ခွဲခြင်းပုံရိပ်များကို မျှဝေလိုက်ရပါတယ်ရှင့်..

💜 ပြည်သူလူထုအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသော ကမ္ဘာတစ်ဝန်းရှိ အကြောအဆစ်ဆိုင်ရာ ပြန်လည်သန်စွမ်းရေးပညာရှင်များအား ကျွန်တော်တို့ “မင်္ဂလာဆေးရုံ” မှကျေးဇူးတင်ဂုဏ်ပြုလိုက်ပါတယ်ရှင် . . .

ကြင်နာနှလုံးသား ကမ်းလက်များနှင့် ကျန်းမာစေမှာ "မင်္ဂလာ"

☎️ 09 77100 5885, 099 5555 8888, 02 2848 231 ~ 238

🏥 မင်္ဂလာဆေးရုံ - - -

📌 ၅၈လမ်း၊ ၄၂-၄၃ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။




Address

58th Street, Between 42nd Street & 43rd Street, Mahar Aung Myae Township
Mandalay

Alerts

Be the first to know and let us send you an email when Mingalar Hospitals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mingalar Hospitals:

Shortcuts

Share

Category