10/10/2026
𝐖𝐎𝐑𝐋𝐃 𝐌𝐄𝐍𝐓𝐀𝐋 𝐇𝐄𝐀𝐋𝐓𝐇 𝐃𝐀𝐘 𝟐𝟎𝟐𝟔 💚
ဒီနှစ်ရဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဆောင်ပုဒ်ကတော့ “𝐋𝐢𝐯𝐞𝐝 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞𝐬 𝐇𝐞𝐚𝐫𝐝: 𝐑𝐞𝐚𝐥 𝐕𝐨𝐢𝐜𝐞𝐬, 𝐑𝐞𝐚𝐥 𝐂𝐡𝐚𝐧𝐠𝐞” ဖြစ်ပါတယ်။
နေ့စဉ်ဘဝရဲ့ ဖိအားတွေ၊ သောကတွေကြားမှာ စိတ်ဒဏ်ရာ၊ စိတ်ဖိစီးမှုတွေကို ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရဖူးသူတွေရဲ့ "ရင်ဖွင့်သံ" တွေကို လေးလေးနက်နက် နားထောင်ပေးခြင်းကပဲ အကောင်းဆုံးသော ကုစားမှုနဲ့ စစ်မှန်တဲ့ ပြောင်းလဲမှုတွေကို စတင်ပေးနိုင်တာပါ။
လူတိုင်းက ခန္ဓာကိုယ် ဖျားနာရင် ပွင့်ပွင့်လင်းလင်း ပြောပြပြီး ဆေးကုသမှု ခံယူတတ်ကြပေမယ့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကိုတော့ ထုတ်မပြောဘဲ တိတ်တဆိတ်သာ နေတတ်ကြပါတယ်။
🌱 စိတ်ကျန်းမာရွှင်လန်းပြီး ပင်ပန်းမှုတွေသက်သာဖို့အတွက်ဆိုရင် -
💚 နားထောင်ပေးပါ။
မိသားစု၊ မိတ်ဆွေ၊ ချစ်ရသူတစ်ယောက်ယောက်က သူ့ရဲ့ စိတ်ဒဏ်ရာတွေ၊ ပင်ပန်းမှုတွေကို ရင်ဖွင့်လာတဲ့အခါ ဆုံးဖြတ်ချက်တွေ မဝေဖန်ဘဲ နားထောင်ပေးပါ။
💚 ထုတ်ဖော်ပြောပြပါ။
ကိုယ်တိုင်က စိတ်ဖိစီးလွန်းနေရင် ဒါမှမဟုတ် စိတ်ကျန်းမာရေးအတွက် ရုန်းကန်နေရတယ်ဆိုရင် ယုံကြည်ရသူတွေထံ ပြောပြပြီး အကူအညီတောင်းခံပါ။
💚 နားလည်ပေးပါ။
စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲဆိုတာ လူတိုင်းကြုံတွေ့နိုင်တဲ့ သာမန်ဖြစ်စဉ်တစ်ခုသာ ဖြစ်ကြောင်း နားလည်ပေးပါ။
တိတ်ဆိတ်ပြီး ကြိတ်ခံစားနေရမယ့် စိတ်ဒဏ်ရာတွေထက်စာရင် ထုတ်ပြောပြလိုက်တဲ့ "အသံ" တစ်ခုချင်းစီတိုင်းမှာ ပတ်ဝန်းကျင်ကို ပိုမိုနွေးထွေးစေမယ့် ပြောင်းလဲမှုတွေ ရှိနေပါတယ်ရှင်။
ဒါကြောင့် ကျန်းမာအေးချမ်းတဲ့ စိတ်နှလုံးနဲ့ ဘဝခရီးကို လှပစွာ လျှောက်လှမ်းနိုင်ကြစေဖို့မျှော်လင့်ရင်း အပြောင်းအလဲတွေအတွက် ကိုယ်တိုင်က စတင် ကြိုးစားဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ် ။ 🤍
“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”
“မန္တလာဆေးရုံ”
☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641
🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။
#မန္တလာဆေးရုံ #ကမ္ဘာ့စိတ်ကျန်းမာရေးနေ့