Akasha Yoga Myanmar

Akasha Yoga Myanmar 🕉️ကျန်းမာ တဲ့ ခန္ဓာ လှပတဲ့ ရူပကာ ငြိမ်းချမ်း တဲ့ ဘဝရဲ့ ပျော်ရွှင်မှု တွေ ခံစားရရှိနိုင်ကြပါစေ🙏☯️

17/05/2026

အသက် (၂၀) အရွယ် မဟုတ်တော့တဲ့
40+ အရွယ် သင်တန်းသူ မမရဲ့
ကြိုးစားအားထုတ်မှုတွေ… 🌿

ခန္ဓာကိုယ်က နာကျင်မှုတွေရှိပေမယ့်
မလျော့တဲ့ စိတ်ဓာတ်…
တဖြည်းဖြည်း တိုးလာတဲ့ Strength တွေ…
Balance ထိန်းနိုင်လာတဲ့ confidence တွေ…
မဖြစ်နိုင်ပါ ဘူးလို့ ထင်ခဲ့တဲ့ poses တွေကို
အချ်န် တစ်ခု မှာ အကောင်းဆုံး ကျော်ဖြတ်လာနိုင်တာတွေ… ✨

Yoga ဆိုတာ
အသက်ငယ်မှ လုပ်နိုင်တာ မဟုတ်ပါဘူး ..

နေ့တိုင်း နည်းနည်းစီ ကြိုးစားနေဖို့က ပိုအရေးကြီးတာပါ…

တကယ်လှတဲ့ strength ဆိုတာ
အပြင်ပန်း body ထက်
“မလျော့တဲ့ စိတ်” ထဲမှာ ရှိနေပါ တယ် 🥺✨

နေပူတော့ — “အရမ်းပူလို့ မလာတော့ဘူး ဆရာမ” ☀️မိုးရွာတော့ — “မိုးတွေရွာနေလို့” 🌧️အေးတော့ — “စောင်ခြုံပြီး အိပ်ယာမထချင်တော့ဘ...
15/05/2026

နေပူတော့ — “အရမ်းပူလို့ မလာတော့ဘူး ဆရာမ” ☀️
မိုးရွာတော့ — “မိုးတွေရွာနေလို့” 🌧️
အေးတော့ — “စောင်ခြုံပြီး အိပ်ယာမထချင်တော့ဘူး” ❄️😂

တခါတလေ…
မီးပျက်ပြီး အိပ်ရေးမဝလို့ မလာတာ ကလဲ ရှိသေး 🥹

အတန်းချိန်နားကပ်ပြီး ထမင်းစားများသွားလို့ မလာဘူး 🍚😂
“ဒီနေ့တော့ နားလိုက်မယ်” ဆိုပြီး မလာဘူး…

ကျွန်မ အမြဲ ကြားနေရတဲ့ Excuse တော်တော် များများလေးတွေပါ 🤭☺️

ဒါပေမယ့်…
Body pain တွေ
Stress တွေ
Shoulder tight ဖြစ်တာတွေ
Back pain တွေကတော့
ရာသီမရွေး ရောက်လာတတ်တယ်နော် 😅 😂

တစ်ခါတစ်လေ
ကိုယ့်ခန္ဓာက တကယ်ဘာလိုအပ်နေလဲဆိုတာ
သေချာနားထောင်ဖို့ လိုနေတယ်… 🥺

Movement လိုအပ်နေတာလား…
Stretching လိုအပ်နေတာလား…
Breathing & Healing လိုအပ်နေတာလား…

Yoga ဆိုတာ
Mood ကောင်းတဲ့နေ့မှ လုပ်ရတာမဟုတ်ဘူး 💚
ပင်ပန်းနေတဲ့နေ့တွေမှာတောင်
ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်ပေးဖို့ လိုအပ်တဲ့ practice လေးပါ ✨

Listen Your BOdy & MinD
Akasha Yoga Myanmar
Keinnayi Kyaw
+95943098518

Flying Pose 🌻 Eka Pada Koundinyasana II Advanced level  ရှိတဲ့ သင်တန်းသူ လေးတွေရဲ့ I believe, I can Fly 🪰 🤭😘ဟန်ချက်ညီခြင...
11/05/2026

Flying Pose 🌻 Eka Pada Koundinyasana II

Advanced level ရှိတဲ့ သင်တန်းသူ လေးတွေရဲ့ I believe, I can Fly 🪰 🤭😘

ဟန်ချက်ညီခြင်းဆိုတာ လဲမကျအောင် ထိန်းထားခြင်းတင်မဟုတ်ဘဲ၊ လဲကျသွားတဲ့အခါမှာလည်း ပြန်ထနိုင်တဲ့ ခွန်အားရှိခြင်းကို ဆိုလိုတာပါ။ 💪✨
ခန္ဓာကိုယ်ရဲ့ တည်ငြိမ်မှုနဲ့ စိတ်ရဲ့ အာရုံစူးစိုက်မှုကို စိန်ခေါ်ပြီး ကိုယ့်ရဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်ကြည့်လိုက်ပါ။ ယောဂကျင့်စဉ်ကတစ်ဆင့် ရရှိလာမယ့် ခွန်အားနဲ့ ငြိမ်းချမ်းမှုကို အတူတူ ဖော်ဆောင်ကြစို့။ 🧘‍♀️✨

Keinnayi Kyaw

📍 ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်:

🏠 တည်နေရာ: အမှတ်-၁၅၈၈၊(၄) လွှာ ၊ ဇင်္ဂမလမ်းနှင့် ထူပါရုံလမ်းထောင့်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

📞 Phone: 0943098518

Akasha Yoga Myanmar

01/05/2026

တစ်ခါတစ်ရံ…
အသက်ကြီးလာတာနဲ့အမျှ
ကျွန်မတို့ အတွင်းက Inner Child 🚼
“ကလေးလေး” ကို မေ့ထားလိုက်ကြတယ်… 🤍

ဒီတခေါက် Yoga Activity မှာတော့
Yoga Asana (body practice) တွေထက် ပိုအရေးကြီးတဲ့အရာတစ်ခုဆီ
သင်တန်းသူလေးတွေကို ခေါ်သွားချင်ခဲ့တယ်—

“ကိုယ့်အတွင်းက ကလေးလေးနဲ့ ပြန်တွေ့ခြင်း” ✨

Mindfulness Painting လေးတစ်ခုအဖြစ်
သူတို့ရဲ့ inner child ထဲက memory တစ်ခုကို
စာရွက်အဖြူပေါ်မှာ လွတ်လပ်စွာ ပန်ချီးဖော်ပြခိုင်းလိုက်တဲ့အခါ…

ပုံတစ်ပုံတည်း မဟုတ်ဘဲ—
သူတို့ရဲ့ ခံစားချက်တွေ
မေ့နေခဲ့တဲ့ အမှတ်တရတွေ
တိတ်တဆိတ် သိမ်းထားတဲ့ စိတ်ဒဏ်ရာတွေတောင်
တစ်စိတ်တစ်ပိုင်းအဖြစ် ထွက်ပေါ်လာခဲ့တယ်… 🎨

တချို့က ပြုံးခဲ့ကြတယ်
တချို့က မျက်ရည်ကျခဲ့ကြတယ်

ဒါပေမယ့် အားလုံးတူညီတာက— “သူတို့ကိုယ်သူတို့ နားလည်လာတဲ့ အချိန်လေး” ပါပဲ 🫶

Healing ဆိုတာ
အမြဲတမ်း တိတ်တိတ်လေး ဖြစ်ပေါ်နေတတ်တယ်…

အဲ့ဒီနေ့မှာတော့
သူတို့ရဲ့ နှလုံးသားထဲမှာ
တိတ်တိတ်လေး
ပန်းတစ်ပွင့် ပြန်ဖူးပွင့်လာခဲ့တယ် 🌸
#သာကေတယောဂ

Singapore Yoga Workshop (3) ရက်တာလေး ပြီးဆုံးသွားပါပြီ 🥰ဒီ Workshop လေးက ကျွန်မအတွက်တော့ စကားလုံးတွေနဲ့ ပြောမလောက်အောင် ...
14/04/2026

Singapore Yoga Workshop (3) ရက်တာလေး
ပြီးဆုံးသွားပါပြီ 🥰

ဒီ Workshop လေးက ကျွန်မအတွက်တော့ စကားလုံးတွေနဲ့ ပြောမလောက်အောင် နက်ရှိုင်းတဲ့ အတွေ့အကြုံတစ်ခုပါ။ လူအရေအတွက်ထက် နှလုံးသားချင်းချိတ်ဆက်မှုက ပိုတန်ဖိုးရှိကြောင်းကို တကယ်ခံစားခဲ့ရပါတယ်။

Yoga Asanas လေ့ကျင့်မှု တစ်ခုချင်းစီကို သတိထားပြီး လှုပ်ရှားနေတဲ့ အချိန်တွေ၊ အသက်ရှူသံနဲ့အတူ စိတ်ကို ပြန်လည်ချိတ်ဆက်နေတဲ့ Meditation မိနစ်တွေ၊ မေတ္တာဓာတ်တွေပြည့်နှက်နေတဲ့ Healing Moment တွေက တစ်ခုချင်းစီမဟုတ်ဘဲ အားလုံးပေါင်းပြီး နူးညံ့တဲ့ စွမ်းအင်တစ်ခုလို ဖန်တီးပေးခဲ့ပါတယ်။

အဲ့ဒီစွမ်းအင်အောက်မှာ လူတိုင်းရဲ့ မျက်နှာပေါ်မှာ အေးချမ်းမှု၊ ပေါ့ပါးမှုနဲ့ ပြန်လည်ပြည့်ဝလာတဲ့ အလင်းလေးတွေ မြင်ရတဲ့အခါ… ဆရာမတစ်ယောက်အနေနဲ့ ဒီလမ်းကို လျှောက်နေခြင်းက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို နှလုံးသားနဲ့ခံစားမိခဲ့ပါတယ်။

ယောဂဆိုတာ ခန္ဓာကိုယ်ကိုသာမက စိတ်နှလုံးကိုပါ နူးညံ့စွာ ထိတွေ့ကုစားပေးနိုင်တဲ့ အလင်းတစ်ခုပါ။ ဒီအလင်းကို အတူတူ မျှဝေခွင့်ရခဲ့တာဟာ ကျွန်မအတွက် အရမ်းကို ကျေနပ်ပီတိဖြစ်စေတဲ့ လက်ဆောင်တစ်ခုပါပဲ။

With much love 🧡
Tr.Keinnayi
Akasha Yoga Myanmar

မင်္ဂလာရှိသော မြန်မာ့ရိုးရာသင်္ကြန်အခါသမယမှာ သင်တန်းသား/သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည...
07/04/2026

မင်္ဂလာရှိသော မြန်မာ့ရိုးရာသင်္ကြန်အခါသမယမှာ
သင်တန်းသား/သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။ 🙏✨

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းမှာ သင်တန်းသား/သူများအနေနဲ့ မိသားစုနဲ့အတူ အပန်းဖြေနားနေနိုင်ရန်နှင့် ရိုးရာယဉ်ကျေးမှုပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် Yoga Classes များကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။

📅 ရက်စွဲ - ဧပြီလ (၈) ရက်နေ့မှ (၁၉) ရက်နေ့အထိ

🧘 သင်တန်းပြန်ဖွင့်မည့်ရက် - ဧပြီလ (၂၀) ရက်နေ့

ခေတ္တနားနေတဲ့ ကာလအတွင်းမှာလည်း ကျန်းမာရေးကို

ဂရုစိုက်ပြီး လန်းဆန်းတက်ကြွတဲ့ Body & Mind တို့ကို

ပိုင်ဆိုင်နိုင်ကြပါစေရှင်။

ဧပြီလ (၂၀) ရက်နေ့ သင်တန်းပြန်ဖွင့်တဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လည်ဆုံတွေ့ကြမယ်နော်။ 🥰💛

Happy Thingyan & Happy Myanmar New Year! 💦🌼

Head Standing တစ်ခါတလေ… လောကကြီးကို မတူတဲ့ angle နဲ့ ကြည့်ဖို့လိုတယ် 🤍Headstand = Mindset change ✨Upside down ဖြစ်နေလည်း...
06/04/2026

Head Standing

တစ်ခါတလေ… လောကကြီးကို မတူတဲ့ angle နဲ့ ကြည့်ဖို့လိုတယ် 🤍
Headstand = Mindset change ✨

Upside down ဖြစ်နေလည်း… ကိုယ့် balance မပျောက်အောင် ထိန်းနိုင်မှ ရမယ် ..🧘‍♀️🔥
Strong body, calm mind 💫
+95943098518
Akasha Yoga Myanmar

Chest Opening Day … Open your chest, open your heart 💚Akasha Yoga Myanmar📱 0943098518
28/03/2026

Chest Opening Day …

Open your chest, open your heart 💚
Akasha Yoga Myanmar
📱 0943098518

19/03/2026

𝐒𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠 𝐍𝐄𝐖 𝐢𝐬 𝐜𝐨𝐦𝐢𝐧𝐠 𝐭𝐨 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞! 🇸🇬🧘‍♀️

စင်ကာပူမှာရှိတဲ့ Yoga Lover တပည့်များအတွက်... Tr.Keinnayi ရဲ့ (၃) ကြိမ်မြောက် Singapore Workshop က လာမယ့် ဧပြီလမှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ Online ကနေ မဟုတ်ဘဲ အပြင်မှာ လူကိုယ်တိုင်တွေ့ဆုံပြီး မိမိရဲ့ Practice ကို နောက်တစ်ဆင့် (Next Level) တက်လှမ်းနိုင်ဖို့ ၃ ရက်တာ အနီးကပ် လေ့ကျင့်ပေးသွားမှာပါ။

✨ Workshop တွင် ပါဝင်မည့်အချက်များ -

• Advanced Asana Techniques & Safe Progressions
• Intelligent Alignment & Hands-on Adjustment
• Breathwork & Healing Meditation (Yoga Nidra)

📅 Workshop Date: April 11, 12, 13 (2026)
⏰ Time: 10:00 AM - 5:00 PM ( Break -Time ရှိပါမယ်)
📍 Location: Dowell Dance Studio (Hong Lim Complex)

⚠️ နေရာအကန့်အသတ်: တစ်ဦးချင်းစီကို အနီးကပ်ဂရုစိုက်ပေးနိုင်ရန် (၁၃) ဦးသာ ကန့်သတ်လက်ခံသွားမှာဖြစ်လို့ အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ တိုက်တွန်းချင်ပါတယ်ရှင်။

📩 စာရင်းပေးသွင်းရန်နှင့် အသေးစိတ်မေးမြန်းရန် -

📲 WhatsApp/Viber: +95 94309851

Yoga page essenger - Akasha Yoga Myanmar

"မိမိကိုယ်ကို အနားပေးရင်း၊ စနစ်ကျတဲ့ ယောဂလေ့ကျင့်မှုတွေနဲ့အတူ စွမ်းအင်သစ်တွေ ပြန်လည်ဖြည့်တင်းကြရအောင်။"

10/03/2026

ကြောက်တတ်သူ/စိုးရိမ်တတ်သူ / အရီသန်တတ်သောသူ များ ဤ Video အား ဖွင်မကြည့်ဖို့ မှာလိုက်မယ်နော် 🤭

ဆရာ ပြု သမျှ နု ရသောသူ Thiri Khaing
#သာကေတယောဂ

Address

No. 1588, 4th Floor, Zingama Road, Thakaeta Tsp. , Near HtuparYone Bus Stop
Yangon

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+95943098518

Website

Alerts

Be the first to know and let us send you an email when Akasha Yoga Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Akasha Yoga Myanmar:

Share

Category