Academy Hospital Myanmar

Call Directions Website Contact the practice

Academy Hospital Myanmar ACADEMY HOSPITAL FOR YOUR HEALTH !!

📢 Vacancy Announcement!!Academy Hospital is now hiring for the following positions:📢 Staff Nurse (Full Time)Bachelor’s d...
16/09/2026

📢 Vacancy Announcement!!

Academy Hospital is now hiring for the following positions:

📢 Staff Nurse (Full Time)

Bachelor’s degree in B.N.Sc (or) Diploma in Nursing
Valid Nursing License Holder
Good patient care and nursing skills
Able to work under pressure and maintain confidentiality
Able to work day and night shifts
Good interpersonal and communication skills
Salary: Negotiable

💁🏻‍♀️ Please send your application to:
📧 Email: [email protected]
💟Viber: 09 943 212 888

🏥Location : No.335, Lower Kyeemyindine Road, Ahlone Township, Yangon.( Near Sin Min Zay Bus Stop)

Only shortlisted candidates will be contacted for an interview.📢



#အကယ်ဒမီဆေးရုံ

🌍 World Su***de Prevention Day💛💛 ယနေ့ စက်တင်ဘာလ (၁၀)ရက်နေ့သည် “World Su***de Prevention Day” ဖြစ်ပါတယ်ရှင့်။ ယခုနှစ်ရဲ့ဆ...
10/09/2026

🌍 World Su***de Prevention Day💛

💛 ယနေ့ စက်တင်ဘာလ (၁၀)ရက်နေ့သည် “World Su***de Prevention Day” ဖြစ်ပါတယ်ရှင့်။ ယခုနှစ်ရဲ့ဆောင်ပုဒ်ကတော့ “Changing the Narrative on Su***de”ဖြစ်ပြီး သေကြောင်းကြံစည်မှုအပေါ် အမြင်များကို ပြောင်းလဲကြစေရန်ရည်ရွယ်ပါတယ်။
💬တစ်ခါတလေ လူတစ်ယောက်ရဲ့ အပြုံးနောက်ကွယ်မှာ မျှဝေမပြောပြနိုင်သေးတဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေ ရှိနေနိုင်ပါတယ်။
🤝Su***de Prevention ဆိုတာ အသက်အန္တရာယ်ရှိတဲ့အချိန်မှသာ ကူညီပေးခြင်းမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း စကားပြောခြင်း၊ နားထောင်ပေးခြင်းနဲ့ နားလည်ပေးခြင်းကနေ စတင်ပါတယ်။
🫂တစ်စုံတစ်ယောက်က စိတ်ဖိစီးမှု၊ မျှော်လင့်ချက်မဲ့မှု ဒါမှမဟုတ် မိမိကိုယ်ကို ထိခိုက်စေလိုတဲ့အကြောင်း ပြောလာခဲ့ရင် အလေးအနက်ထား နားထောင်ပေးပါ။ အပြစ်မတင်ဘဲ နားလည်ပေးပြီး လိုအပ်ပါက ကျန်းမာရေးပညာရှင်ထံ အချိန်မီ အကူအညီရယူပေးပါ။
💛 စကားတစ်ခွန်းက စိတ်တစ်ခုကို ပြောင်းလဲစေနိုင်ပါတယ်။
💛စကားစပြောကြရအောင်။ နားထောင်ပေးကြရအောင်။💛
✨စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်နေရသူတိုင်း အားပေးနားလည်ပေးမည့်သူများနှင့် တွေ့ဆုံနိုင်ပြီး၊ လိုအပ်သည့် အကူအညီများကို အချိန်မီ ရရှိကာ မျှော်လင့်ချက်များနှင့်အတူ ဘဝကို ဆက်လက်ရှင်သန်နိုင်ကြပါစေကြောင်း “အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 💛🕊️

***dePreventionDay2026

✨ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများကို ပေးအပ်နေတဲ့ အကယ်ဒမီဆေးရုံမှ ကြိ...
07/09/2026

✨ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများကို ပေးအပ်နေတဲ့ အကယ်ဒမီဆေးရုံမှ ကြိုဆိုပါတယ်ရှင်... 🏥

🩵ဆေးရုံတက်ရောက်ကုသမှု ခံယူရမယ့် လူနာများအတွက် စိတ်လည်းချမ်းသာ လူနာလည်းသက်သာစွာနဲ့ အနားယူကုသနိုင်ဖို့အတွက် ခေတ်မီပြီး သက်တောင့်သက်သာရှိတဲ့ အခန်းအမျိုးအစားစုံလင်စွာကို အောက်ပါအတိုင်း စီစဉ်ပေးထားပါတယ်ရှင့်……

⭐ Single Room (တစ်ယောက်ခန်း - သီးသန့်အနားယူလိုသူများအတွက်)
⭐ Special Room (အထူးခန်း - ပိုမိုပြည့်စုံတဲ့ ဝန်ဆောင်မှုများပါဝင်သော အမျိုးအစား)
⭐ Double Room (နှစ်ယောက်ခန်း - လူနာစောင့်အဖော်နှင့်အတူ သက်တောင့်သက်သာရှိမည့်အခန်း)
⭐ Compound Room (တွဲဖက်ခန်း - ဈေးနှုန်းသင့်တင့်စွာဖြင့် ဆေးရုံတက်လိုသူများအတွက်)
⭐ ICU Room (အဆင့်မြင့်စက်ပစ္စည်းများနှင့်အနီးကပ်စောင့်ရှောက်ပေးမည့် အထူးကြပ်မတ်ကုသဆောင်အခန်း)

💁🏻‍♀️လူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အခန်းအမျိုးအစားတွေအပြင် ကုန်ကျစရိတ် အသေးစိတ်ကို သိရှိလိုပါက Page Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန် နံနက်(၉:၀၀)နာရီမှ ညနေ(၄:၀၀)နာရီ အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

📞 ဆက်သွယ်ရန်ဖုန်းနံပါတ်များ:
01- 8212 886, 8212 887, 8212 889, 8212 890

📍လိပ်စာ:
အမှတ် (၃၃၅)၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ (ဆင်မင်းဈေးမှတ်တိုင်အနီး)။





#အကယ်ဒမီဆေးရုံ

Hello🙋‍♀️We warmly welcome job application CV forms for the following vacant position. Your interest in joining our heal...
02/09/2026

Hello🙋‍♀️
We warmly welcome job application CV forms for the following vacant position. Your interest in joining our healthcare organization is greatly appreciated. We look forward to reviewing your qualifications and potentially working together.

📢 Medical Officer
- Bachelor’s degree in M.B.,B.S with valid SAMA
- Good Communication skill & willing to learn
- working hour - 240hr/month (24 hr duty)
- Can handle pressure & confidential information
- Flexible personality

💵Salary negotiate depending on experience and job performance
🌟Monthly salary, performance bonus system, yearly salary increments, insurance coverage and providing medical cover with discount rate for employee and their nuclear family at Academy Hospital.

အထက်ဖော်ပြပါ "ရာထူး" နှင့် ပတ်သတ်၍ အသေးစိတ်စုံစမ်းသိရှိလိုပါက Academy Hospital Myanmar Page Messenger (သို့) 01-8212890 ကို ရုံးချိန် (မနက် ၈ ခွဲ မှ ညနေ ၄ နာရီ) အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
လျှောက်ထားလိုပါက - academyhospital.hrcom / Viber - 09 943 212 888သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ (သို့) "Academy Hospital သို့လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။



#အကယ်ဒမီဆေးရုံ

🌧️ မိုးရာသီမှာ အရေပြားကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းမလဲ?မိုးရာသီရောက်လာတဲ့အခါ အေးမြစိုစွတ်တဲ့ရာသီဥတုကြောင့် ကျွန်ုပ်တို့...
01/09/2026

🌧️ မိုးရာသီမှာ အရေပြားကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းမလဲ?
မိုးရာသီရောက်လာတဲ့အခါ အေးမြစိုစွတ်တဲ့ရာသီဥတုကြောင့် ကျွန်ုပ်တို့ရဲ့ အရေပြားမှာ ယားယံခြင်း၊ မှိုစွဲခြင်း၊ အဖုအပိမ့်များဖြစ်ခြင်းစတဲ့ ပြဿနာတွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် မိုးရေစိုခြင်း၊ ချွေးထွက်များခြင်းနဲ့ စိုစွတ်တဲ့အဝတ်အစားတွေကို အချိန်ကြာကြာဝတ်ဆင်ခြင်းတို့က အရေပြားပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါကြောင့် မိုးရာသီမှာ အရေပြားကျန်းမာရေးကို ဂရုစိုက်ဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။
🧼 ၁။ ခန္ဓာကိုယ်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ
မိုးရေစိုပြီးနောက် သို့မဟုတ် ချွေးထွက်များတဲ့အခါ ခန္ဓာကိုယ်ကို သန့်ရှင်းစွာဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ပေးသင့်ပါတယ်။ အထူးသဖြင့် ခြေချောင်းကြား၊ ချိုင်းကြား၊ ပေါင်ခြံနဲ့ အရေပြားခေါက်နေတဲ့နေရာတွေကို စိုစွတ်မနေအောင် ဂရုစိုက်ပါ။
👕 ၂။ စိုစွတ်နေတဲ့အဝတ်အစားတွေကို အမြန်လဲပါ
မိုးရေစိုထားတဲ့အဝတ်အစား၊ ချွေးစိုနေတဲ့အဝတ်အစားတွေကို အချိန်ကြာကြာဝတ်ထားခြင်းက မှိုနှင့် အခြားအရေပြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် သန့်ရှင်းပြီး ခြောက်သွေ့တဲ့အဝတ်အစားကို အမြန်လဲလှယ်ဝတ်ဆင်သင့်ပါတယ်။
🦶 ၃။ ခြေထောက်ကျန်းမာရေးကို အထူးဂရုစိုက်ပါ
မိုးရာသီမှာ ဖိနပ်စိုခြင်း၊ ခြေထောက်စိုစွတ်နေခြင်းတို့ကြောင့် ခြေချောင်းကြားယားယံခြင်းနှင့် မှိုစွဲခြင်းတွေ ဖြစ်နိုင်ပါတယ်။ မိုးရေစိုပြီးပါက ခြေထောက်ကို ဆေးကြောပြီး ခြေချောင်းကြားအထိ ခြောက်သွေ့အောင် သုတ်ပေးပါ။
🧴 ၄။ အရေပြားခြောက်သွေ့ခြင်းကိုလည်း မမေ့ပါနဲ့
မိုးရာသီမှာ စိုစွတ်နေပေမယ့် အချို့သူတွေမှာ အရေပြားခြောက်သွေ့ခြင်း၊ ယားယံခြင်းတွေ ဖြစ်နိုင်ပါတယ်။ အရေပြားခြောက်တတ်သူများအနေဖြင့် မိမိအရေပြားနှင့်သင့်တော်တဲ့ Moisturizer ကို အသုံးပြုနိုင်ပါတယ်။
🚫 ၅။ ယားယံတဲ့နေရာကို အလွန်အကျွံမကုတ်ပါနဲ့
အရေပြားယားယံတဲ့အခါ အလွန်အကျွံကုတ်ခြင်းက အရေပြားပေါက်ပြဲခြင်းနှင့် ပိုးဝင်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ယားယံခြင်းက ဆက်တိုက်ဖြစ်နေပါက သို့မဟုတ် အနီကွက်၊ အဖုအပိမ့်၊ အရည်ကြည်ဖုများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။
🧼 ၆။ ကိုယ်ပိုင်အသုံးအဆောင်တွေကို မျှဝေမသုံးပါနဲ့
မျက်နှာသုတ်ပဝါ၊ ကိုယ်သုတ်ပဝါ၊ အဝတ်အစားနဲ့ ဖိနပ်စတဲ့ ကိုယ်ပိုင်အသုံးအဆောင်တွေကို အခြားသူတွေနဲ့ မျှဝေသုံးစွဲတာက အချို့သော အရေပြားရောဂါများ ကူးစက်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
👩🏻‍⚕️မိုးရာသီမှာ အရေပြားကျန်းမာရေးကို ကာကွယ်ဖို့ “ခန္ဓာကိုယ်ကို သန့်ရှင်းစွာထားပါ၊ စိုစွတ်မနေပါစေနဲ့၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေရှိလာရင် အချိန်မဆွဲဘဲ ဆရာဝန်နှင့် တိုင်ပင်ပါ” လို့ အကြံပြုလိုပါတယ်။
အရေပြားပြဿနာသေးသေးလေးလို့ ထင်ပြီး မိမိဘာသာ ဆေးအမျိုးမျိုးလိမ်းခြင်းထက် မသက်သာဘဲ ဆက်လက်ဖြစ်ပွားနေပါက ကျွမ်းကျင်သော ဆရာဝန်နှင့် ပြသစစ်ဆေးခြင်းက ပိုမိုလုံခြုံပြီး သင့်တော်တဲ့ကုသမှုကို ရရှိစေမှာဖြစ်ပါတယ်။
🌧️ ဒီမိုးရာသီမှာ မိမိရဲ့အရေပြားကို သန့်ရှင်းခြောက်သွေ့အောင် ထိန်းသိမ်းပြီး ကျန်းမာလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။ ကျန်းမာပျော်ရွှင်တဲ့ မိုးရာသီလေးဖြစ်ပါစေ….
💚ကျွန်ုပ်တို့ “အကယ်ဒမီဆေးရုံ” မိသားစုမှ လူတိုင်း ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန် အတွက် ကျန်းမာရေးအသိပညာများကို အမြဲမျှဝေပေးလျက်ရှိပါတယ်ရှင့်….🌿🩵

#အရေပြားကျန်းမာရေး
#မိုးရာသီ
#ကျန်းမာရေးအသိပညာ

🩺ကျန်းမာရေးစစ်ဆေးမှုကို ဘာကြောင့် ပုံမှန်လုပ်သင့်သလဲ?လူအများစုက နေမကောင်းဖြစ်လာမှသာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်စစ်ဆေးလ...
26/08/2026

🩺ကျန်းမာရေးစစ်ဆေးမှုကို ဘာကြောင့် ပုံမှန်လုပ်သင့်သလဲ?
လူအများစုက နေမကောင်းဖြစ်လာမှသာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်စစ်ဆေးလေ့ရှိကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းနေချိန်မှာပင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) ပြုလုပ်ခြင်း ဟာ မိမိကျန်းမာရေးကို ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ဖို့ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။
🔍ရောဂါလက္ခဏာမပြခင် ကြိုတင်သိရှိနိုင်ခြင်း
သွေးပေါင်ချိန်မြင့်ခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်ခြင်း၊ ကိုလက်စထရောမြင့်ခြင်းနှင့် အချို့သောရောဂါများဟာ အစပိုင်းမှာ သိသာတဲ့လက္ခဏာမပြဘဲ ဖြစ်ပေါ်နေနိုင်ပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် ထိုကဲ့သို့သော ပြဿနာများကို စောစီးစွာ သိရှိနိုင်ပြီး လိုအပ်သောကုသမှုများကို အချိန်မီခံယူနိုင်ပါတယ်။
💡 ရောဂါကို စောစီးစွာတွေ့ရှိခြင်းက ကုသမှုအတွက် အရေးကြီးပါတယ်
ရောဂါအချို့ကို စောစီးစွာတွေ့ရှိနိုင်ပါက ကုသမှုကို ပိုမိုလွယ်ကူစေပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
❤️ မိမိကျန်းမာရေးအခြေအနေကို ပိုမိုနားလည်နိုင်ခြင်း
ကျန်းမာရေးစစ်ဆေးမှုမှတစ်ဆင့် မိမိ၏ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရောနှင့် အခြားလိုအပ်သော ကျန်းမာရေးအချက်အလက်များကို သိရှိနိုင်ပါတယ်။ စစ်ဆေးမှုရလဒ်များအပေါ် မူတည်ပြီး အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုနှင့် နေထိုင်မှုပုံစံများကိုလည်း ပိုမိုသင့်လျော်အောင် ပြုပြင်နိုင်ပါတယ်။
👨‍⚕️ “မနာမကျင်လို့ ကျန်းမာနေတယ်” လို့ အမြဲမဆိုလိုပါဘူး
အချို့သော ကျန်းမာရေးပြဿနာများဟာ ရောဂါလက္ခဏာ မပေါ်မချင်း မိမိကိုယ်တိုင် သတိမပြုမိနိုင်ပါဘူး။ ဒါကြောင့် နေကောင်းနေတယ်ဆိုရင်တောင် မိမိအသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် လိုအပ်ချက်များအလိုက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
🏥 ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်
မိမိနှင့် မိသားစုဝင်များ၏ ကျန်းမာရေးကို ပိုမိုဂရုစိုက်လိုပါက အကယ်ဒမီဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်ပါတယ်။ မိမိ၏ အသက်အရွယ်နှင့် ကျန်းမာရေးလိုအပ်ချက်များအပေါ် မူတည်၍ သင့်လျော်သော စစ်ဆေးမှုများကို ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
✨ ကျန်းမာရေးကောင်းမွန်ဖို့ဆိုတာ နေမကောင်းမှ ကုသခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ ရောဂါမဖြစ်ခင် ကြိုတင်စစ်ဆေးခြင်း၊ စောစီးစွာသိရှိခြင်းနှင့် မိမိကျန်းမာရေးကို ပုံမှန်ဂရုစိုက်ခြင်းကလည်း အရေးကြီးပါတယ်။
🩺 မိမိနှင့် မိသားစု၏ ကျန်းမာရေးအတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီး ကျန်းမာပျော်ရွှင်သောဘဝကို စတင်လိုက်ပါ။
ကျွန်ုပ်တို့ “အကယ်ဒမီဆေးရုံ” မိသားစုမှ လူတိုင်း ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန် အတွက် ကျန်းမာရေးအသိပညာများကို အမြဲမျှဝေပေးလျက်ရှိပါတယ်ရှင့်….🌿🩵


#ကျန်းမာရေးအသိပညာ

မင်္ဂလာပါရှင်~~🙋🏻‍♀️🏥ကျွန်ုပ်တို့ အကယ်ဒမီဆေးရုံ၏ Pharmacy Department(ဆေးအရောင်းဌာန)သည် FDA အသိအမှတ်ပြုသော နိုင်ငံခြားဖြစ...
20/08/2026

မင်္ဂလာပါရှင်~~🙋🏻‍♀️

🏥ကျွန်ုပ်တို့ အကယ်ဒမီဆေးရုံ၏ Pharmacy Department(ဆေးအရောင်းဌာန)သည် FDA အသိအမှတ်ပြုသော နိုင်ငံခြားဖြစ်ဆေးဝါးများကို ကျွမ်းကျင်သော Pharmacist(ဆေးဝါးကျွမ်းကျင်)များမှ (၂၄)နာရီ / ပိတ်ရက်မရှိ ရောင်းချပေးသည့်အတွက်ကြောင့် ယုံကြည်စိတ်ချစွာဖြင့် အချိန်မရွေးအလွယ်တကူ ဝယ်ယူနိုင်ပါတယ်ရှင့်။

❗️စပ်ဆေးများလုံးဝမရောင်းပါ❗️




#အကယ်ဒမီဆေးရုံ

မင်္ဂလာပါရှင့်✨💁🏻‍♀️ဒီနေ့မှာတော့ နံနက်စာမစားခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို မျှဝေပေးချင်ပါတယ်ရှင့်…..🍳 နံနက်စာမစားခြင်းရ...
16/08/2026

မင်္ဂလာပါရှင့်✨
💁🏻‍♀️ဒီနေ့မှာတော့ နံနက်စာမစားခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို မျှဝေပေးချင်ပါတယ်ရှင့်…..
🍳 နံနက်စာမစားခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ
“နံနက်စာမစားလည်း ဘာမှမဖြစ်ပါဘူး” လို့ တွေးမိနေပါသလား?
တကယ်တော့ နံနက်စာဟာ တစ်နေ့တာကို စတင်ဖို့အတွက် ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရတွေကို ဖြည့်တင်းပေးတဲ့ အရေးကြီးတဲ့ အစားအစာတစ်နပ် ဖြစ်ပါတယ်။
အထူးသဖြင့် မနက်အိပ်ရာထပြီးနောက် အချိန်ကြာကြာ အစာမစားဘဲနေခြင်းက အချို့သူတွေအတွက် နေ့စဉ်ဘဝမှာ မသက်မသာဖြစ်စေတဲ့ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။
🧠 ၁။ အာရုံစူးစိုက်မှုနဲ့ အလုပ်လုပ်နိုင်စွမ်း ကျဆင်းနိုင်ပါတယ်
မနက်စာမစားဘဲ အလုပ်သွားတာ၊ ကျောင်းသွားတာတွေကြောင့် ဗိုက်ဆာခြင်း၊ အားနည်းခြင်းနဲ့ အာရုံစူးစိုက်ရခက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ကျောင်းသားတွေ၊ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှုလိုအပ်တဲ့ အလုပ်လုပ်သူတွေအတွက် နံနက်စာက ပိုအရေးကြီးပါတယ်။
😵‍💫 ၂။ အားနည်းခြင်း၊ မူးဝေခြင်းတွေ ဖြစ်နိုင်ပါတယ်
အစာမစားဘဲ အချိန်ကြာလာတဲ့အခါ လူတချို့မှာ ဗိုက်ဆာခြင်း၊ တုန်ခြင်း၊ ခေါင်းမူးခြင်း၊ အားနည်းခြင်းလို လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေက အစာစားချိန်နဲ့ ဆေးသောက်ချိန်ကို သတိထားဖို့ ပိုအရေးကြီးပါတယ်။
🍱 ၃။ နောက်ပိုင်းမှာ အလွန်အကျွံစားမိနိုင်ပါတယ်
မနက်စာမစားထားတဲ့အတွက် နေ့လယ်ရောက်တဲ့အခါ အလွန်ဗိုက်ဆာပြီး တစ်ခါတည်း အစားများများစားမိနိုင်ပါတယ်။
အထူးသဖြင့် အချိုများတဲ့အစားအစာ၊ အဆီများတဲ့အစားအစာတွေကို ပိုမိုရွေးချယ်စားမိနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းချုပ်ရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။
⚖️ ၄။ ကိုယ်အလေးချိန်ထိန်းချုပ်မှုကို ထိခိုက်စေနိုင်ပါတယ်
နံနက်စာမစားခြင်းတစ်ခုတည်းကြောင့် ကိုယ်အလေးချိန်တက်မယ်လို့ တိတိကျကျ မဆိုနိုင်ပါဘူး။
ဒါပေမယ့် တစ်နေ့တာအတွင်း အစားအသောက်ရွေးချယ်မှု၊ စားသုံးတဲ့ပမာဏနဲ့ စားချိန်တွေ မမှန်ကန်ဘူးဆိုရင် ကိုယ်အလေးချိန်ထိန်းချုပ်ရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။
❤️ ၅။ အစားအသောက်ပုံစံမမှန်ခြင်းက ရေရှည်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်
နံနက်စာကို မကြာခဏကျော်ပြီး တစ်နေ့တာအတွင်း အာဟာရမညီမျှတဲ့ အစားအစာတွေကိုသာ စားသုံးနေမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ မပြည့်မီနိုင်ပါဘူး။
ဒါကြောင့် နံနက်စာစားမစားထက် တစ်နေ့တာလုံးမှာ အာဟာရမျှတပြီး သင့်တင့်တဲ့ ပမာဏနဲ့ စားသုံးနိုင်ဖို့ က ပိုအရေးကြီးပါတယ်။
🌿 ဒါဆို နံနက်စာကို ဘယ်လိုစားသင့်လဲ?
နံနက်စာဆိုတာ အများကြီးစားဖို့ မလိုအပ်ပါဘူး။ အာဟာရမျှတပြီး လွယ်ကူတဲ့ အစားအစာတွေကို ရွေးချယ်နိုင်ပါတယ်။
🥚 ကြက်ဥ🥛 နို့ / ဒိန်ချဉ်🍌 သစ်သီးဝလံ🌾 အုတ်ဂျုံ🍞 Whole-grain ပေါင်မုန့်🍚 ထမင်းနဲ့ အသား/ငါး/ပဲ စတဲ့ ပရိုတင်းများတဲ့ အစားအစာတွေကို သင့်တင့်မျှတစွာ စားသုံးနိုင်ပါတယ်။
🩺 နံနက်စာကို မစားဘဲ နေ့တိုင်းကျော်နေမယ့်အစား ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ အလုပ်လုပ်ပုံနဲ့ နေ့စဉ်စားသောက်မှုပုံစံကို ထည့်သွင်းစဉ်းစားပြီး အာဟာရပြည့်ဝတဲ့ အစားအစာတစ်နပ်ကို သင့်တင့်မျှတစွာ စားသုံးပေးပါ။
ကျန်းမာရေးကောင်းဖို့ဆိုတာ အစားအစာတစ်မျိုးတည်းနဲ့ မလုံလောက်ပါဘူး။
အစားအသောက်မျှတခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အိပ်ရေးဝခြင်းနဲ့ ကျန်းမာရေးစစ်ဆေးခြင်းတို့ကိုလည်း ပုံမှန်ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
💚 “မနက်စာကောင်းကောင်းစားပြီး ကျန်းမာတဲ့နေ့တစ်နေ့ကို စတင်လိုက်ပါ။”
✨ကျွန်ုပ်တို့ “အကယ်ဒမီဆေးရုံ” မိသားစုမှ လူတိုင်း ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန် အတွက် ကျန်းမာရေးအသိပညာများကို အမြဲမျှဝေပေးလျက်ရှိပါတယ်ရှင့်….🌿🩵

#နံနက်စာ
#ကျန်းမာရေးအသိပညာ

🩺ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ ဘာတွေ သတိထားသင့်လဲ?💁‍♀️အခုတလော ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေကြတာ တွေ့ရတဲ့အတွက်  သတ...
13/08/2026

🩺ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ ဘာတွေ သတိထားသင့်လဲ?
💁‍♀️အခုတလော ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေကြတာ တွေ့ရတဲ့အတွက် သတိပြုစရာလေးတွေကို ဝေမျှပေးချင်ပါတယ်ရှင့်။ အခုလို ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့လူတွေ များလာတဲ့အချိန်မှာ “ဝမ်းသွားတာပဲ၊ ခဏနေရင်ကောင်းသွားမှာပါ” ဆိုပြီး ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။
👩🏻‍⚕️ဝမ်းပျက်ဝမ်းလျောဖြစ်စေတဲ့ အကြောင်းအရင်းတွေက‌တော့ မသန့်ရှင်းတဲ့အစားအစာများ - ယင်နားစာများ၊ အမှည့်လွန်သော သစ်သီးများ စားသုံးမိခြင်း၊ ဝမ်းပျက်လွယ်သော အစားအစာများစားသုံးမိခြင်း၊ မသန့်ရှင်းသော ရေ (ရောဂါပိုးပါသောရေ) ကိုသောက်သုံးမိခြင်း၊ အစာ မစားမှီနှင့် အိမ်သာမှဆင်းလျှင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ မဆေးကြောခြင်း၊ သန့်ရှင်းမှုအားနည်းခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ပါတယ်။
💧အထူးသဖြင့် ဝမ်းသွားတာများလာတဲ့အခါ ခန္ဓာကိုယ်ထဲက ရေနဲ့ ဓာတ်ဆားတွေ အမြန်ဆုံးရှုံးနိုင်ပြီး ရေဓာတ်ခမ်းခြောက်မှု ဖြစ်လာနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အရေးကြီးဆုံးက ရေဓာတ်နဲ့ ဆားဓာတ် မဆုံးရှုံးအောင် ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။
👉 ဝမ်းလျှောရင် အရင်ဆုံး ဘာလုပ်မလဲ?
💧ဝမ်းသွားတိုင်း ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်တွေကို ပြန်ဖြည့်ပေးဖို့ ORS(ဓာတ်ဆားမှုန့်)ကို ညွှန်ကြားချက်အတိုင်း ဖျော်ပြီး သောက်ပေးပါ။ (အန်နေရင်လည်း တစ်ခါတည်းအများကြီး မသောက်ဘဲ နည်းနည်းစီ မကြာခဏ သောက်ပေးနိုင်ပါတယ်။)
🚰သောက်ရေကိုလည်း သန့်ရှင်းပြီးစိတ်ချရတဲ့ရေကိုသာ သောက်သုံးပါ။ အစားအစာတွေကို သေချာချက်ပြုတ်ပြီး လတ်လတ်ဆတ်ဆတ် စားပါ။
🍚 “ဝမ်းလျှောလို့ အစာမစားတော့ဘူး” ဆိုတာလည်း မလုပ်သင့်ပါဘူး။
(စားနိုင်သလောက် ပုံမှန်အစားအစာကို ဆက်စားပါ။ ဆန်ပြုတ်၊ ထမင်း၊ ဟင်းချိုလို အစာကြေလွယ်တဲ့အစားအစာတွေ စားနိုင်ပါတယ်။)
🧼 နောက်တစ်ခုက ပိုးမပြန့်အောင် ကာကွယ်ဖို့ပါ။
(အိမ်သာသုံးပြီးတိုင်း၊ အစားမစားခင်နဲ့ အစားအစာမပြင်ဆင်ခင် လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။)
⚠️အန်တာများပြီး ရေတောင် မသောက်နိုင်ခြင်း၊ အရမ်းရေငတ်ပြီးပါးစပ်ခြောက်လာခြင်း၊ ဆီးသွားတာ သိသိသာသာနည်းလာခြင်း၊ မူးဝေပြီးအားနည်းလာခြင်း၊ မျက်လုံးချိုင့်လာခြင်း၊ ဝမ်းထဲသွေးပါလာခြင်း စတဲ့ လက္ခဏာတွေရှိရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်စစ်ဆေးကုသမှုခံယူပါ။
နောက်ထပ် အရေးကြီးတာတစ်ခုကတော့-
📌ဝမ်းလျှောတိုင်း ကာလဝမ်းရောဂါလို့ မဆိုနိုင်ပါဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ရောဂါအမည်တပ်ပြီး ဆေးတွေကို မိမိသဘောနဲ့ မသောက်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက်သုံးဖို့ လိုအပ်ပါတယ်။
🤝မိမိကိုယ်တိုင်သာမက မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကိုလည်း သိထားနိုင်အောင် ဒီအချက်လေးတွေကို မျှဝေပေးကြပါနော်။ 🤍
✨ကျွန်ုပ်တို့ “အကယ်ဒမီဆေးရုံ” မိသားစုမှ လူတိုင်း ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန် အတွက် ကျန်းမာရေးအသိပညာများကို အမြဲမျှဝေပေးလျက်ရှိပါတယ်ရှင့်….🌿🩵

#ဝမ်းပျက်ဝမ်းလျှော
#ကျန်းမာရေးအသိပညာ

မင်္ဂလာပါရှင့်💁🏻‍♀️🚨 ဒီနေ့မှာတော့ လူအများစု မသိသေးတဲ့ ကျန်းမာရေးအမှား (၇) ခုကိုမျှဝေပေးချင်ပါတယ်ရှင့်…..✨ 👩‍⚕️"ကျန်းမာတယ...
08/08/2026

မင်္ဂလာပါရှင့်💁🏻‍♀️
🚨 ဒီနေ့မှာတော့ လူအများစု မသိသေးတဲ့ ကျန်းမာရေးအမှား (၇) ခုကိုမျှဝေပေးချင်ပါတယ်ရှင့်…..✨
👩‍⚕️"ကျန်းမာတယ်" လို့ ထင်နေပေမယ့် နေ့စဉ်လုပ်နေတဲ့ အလေ့အကျင့်တချို့က ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်စေနိုင်ပါတယ်။
❌ ၁။ ရေမဆာရင် ရေမသောက်ခြင်း ရေငတ်တဲ့အချိန်ဟာ ခန္ဓာကိုယ်က ရေလိုအပ်နေပြီဆိုတဲ့ အချက်ပြမှု ဖြစ်ပါတယ်။
❌ ၂။ Antibiotics များကို ကိုယ့်သဘောနဲ့ သောက်သုံးခြင်း၊ မလိုအပ်ဘဲ သောက်သုံးခြင်းက ဆေးယဉ်ပါးမှုပြဿနာကို ဖြစ်စေနိုင်ပါတယ်။
❌ ၃။ အိပ်ရေးမဝဘဲ နေထိုင်ခြင်း အိပ်ရေးပျက်ခြင်းက ကိုယ်ခံအားကျဆင်းစေပြီး နှလုံးရောဂါ၊ ဆီးချိုရောဂါတို့၏ အန္တရာယ်ကို တိုးစေပါတယ်။
❌ ၄။ နံနက်စာကို မကြာခဏ ကျော်ခြင်း အာရုံစူးစိုက်နိုင်စွမ်း လျော့ကျစေပြီး ခန္ဓာကိုယ်စွမ်းအင်ကို ထိခိုက်စေပါတယ်။
❌ ၅။ နာကျင်မှသာ ဆေးရုံသွားခြင်း သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါများက အစောပိုင်းတွင် လက္ခဏာမပြတတ်ပါ။
❌ ၆။ ဆေးဝါးများကို အခြားသူနှင့် မျှဝေသောက်သုံးခြင်း တစ်ဦးနှင့်တစ်ဦး ရောဂါအခြေအနေနှင့် ကိုက်ညီမှု မတူညီနိုင်ပါ။
❌ ၇။ ဖုန်းအသုံးပြုရင်း အိပ်ရာဝင်ခြင်း အပြာရောင်အလင်း (Blue Light) များက အိပ်စက်မှုအရည်အသွေးကို ထိခိုက်စေပြီး အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
👉🏻သင့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ အလေ့အကျင့်များကို ဒီနေ့ကစပြီး မွေးမြူလိုက်ပါ။
✨ကျွန်ုပ်တို့ “အကယ်ဒမီဆေးရုံ” မိသားစုမှ လူတိုင်း ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန် အတွက် ကျန်းမာရေးအသိပညာများကို အမြဲမျှဝေပေးလျက်ရှိပါတယ်ရှင့်….🌿🩵

#ကျန်းမာရေးဗဟုသုတ

Address

No. 335 , Lower Kyeemyindaing Road
Yangon
11121.

Alerts

Be the first to know and let us send you an email when Academy Hospital Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Academy Hospital Myanmar:

Shortcuts

Share

Category